Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္ အျခားအသင္းမ်ားရဲ႕ သတင္းမ်ား စုစည္းမွဳ – ၁၆.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔ၾကားမွာ ျပန္လည္ေခၚယူခြင့္ ထည့္သြင္းလိုေနမွဳေၾကာင့္ ညႇိႏွဳိင္းမွဳ အဆင္မေျပေသးတဲ့ ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ကို ၾကားျဖတ္ေခၚယူဖို႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက Buy Back Clause ကို လက္ခံၿပီး ေခၚယူသြားမယ္လို႔ဆုိ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္တန္းမွာ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့ဖူးတဲ့ ဆားဘီးယားေနာက္ခံလူ ဘရန္နီစလပ္ဗ္ အီဗန္ႏိုဗစ္ခ်္ကို တန္းတက္ ဝက္စ္ဘရြန္းအသင္းက တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူ။

– ယူ႐ို ၂၅ သန္းနဲ႔ ေခၚယူဖို႔ ႐ိုးမားအသင္းနဲ႔ ေဆြးေႏြးေနခဲ့တဲ့ နာပိုလီတုိက္စစ္မွဴး အာေကးဒီးယပ္ရွ္ မီလစ္ခ္ကို ေခၚယူဖို႔ စပါးစ္နည္းျပ ေမာ္ရင္ညဳိက စိတ္ဝင္စားေနၿပီး ေျမာက္လန္ဒန္ဆီ ဆြဲေဆာင္ႏိုင္ဖို႔ တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္းနဲ႔ ကမ္းလွမ္းသြားဖို႔ရွိေန။

– အန္းဖီးလ္ဒ္ကေန ေရာင္းခ်သြားမယ့္ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေခၚယူဖို႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ခရစၥတယ္လ္ ပဲေလ့စ္အသင္းေတြက ခ်ိတ္ဆက္ေနၾကၿပီး မီးစိမ္းျပဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္ထဲက အေျခအေနကို ေစာင့္ၾကည့္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ ထြက္ေနခဲ့တဲ့ ေပါင္သန္း ၈၀ တန္ အဂၤလန္ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ျပင္ဆင္မွဳေကာင္းေတြ ျပဳလုပ္ေနတဲ့ အက္စတန္ဗီလာအသင္းက ငါးႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆုိသြားခဲ့။

– ဘာထရန္ ထရာအုိေရးကို ေခၚယူဖို႔အတြက္ ဒိန္းမတ္ႏုိင္ငံ ကိုပင္ေဟဂင္မွာ ေဆာင္ရြက္ခဲ့တဲ့ ေဆးစစ္မွဳက ေအာင္ျမင္သြားခဲ့ၿပီျဖစ္ၿပီး ဘာကီနာဖာဆိုသားအတြက္ အဂၤလန္ရဲ႕ အလုပ္လုပ္ခြင့္ပါမစ္ကို ေစာင့္ဆုိင္းဖို႔သာ က်န္ရွိေန။

– ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြဳိက္စ္က အလိုရွိေနတဲ့ ေနာက္ခံလူ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးကို ေရာင္းခ်သြားဖို႔ ဆႏၵမရွိေၾကာင္းနဲ႔ ဘန္ေလနည္းျပ ေရွာင္ဒိုက္ခ်္က ျငင္းဆန္ထားခဲ့သလို ေရာ့ဘ္ ဟိုးလ္ဒင္းကို ေခၚယူဖို႔ ႀကဳိးစားလာမွဳကိုလည္း အာဆင္နယ္နည္းျပ အာတီတာက ပယ္ခ်သြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကြားမှာ ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းလိုနေမှုကြောင့် ညှိနှိုင်းမှု အဆင်မပြေသေးတဲ့ နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ကို ကြားဖြတ်ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးစ်အသင်းက Buy Back Clause ကို လက်ခံပြီး ခေါ်ယူသွားမယ်လို့ဆို။

– ချဲလ်ဆီးအသင်းရဲ့ နောက်တန်းမှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဆားဘီးယားနောက်ခံလူ ဘရန်နီစလပ်ဗ် အီဗန်နိုဗစ်ချ်ကို တန်းတက် ဝက်စ်ဘရွန်းအသင်းက တစ်နှစ်စာချုပ်နဲ့ ခေါ်ယူ။

– ယူရို ၂၅ သန်းနဲ့ ခေါ်ယူဖို့ ရိုးမားအသင်းနဲ့ ဆွေးနွေးနေခဲ့တဲ့ နာပိုလီတိုက်စစ်မှူး အာကေးဒီးယပ်ရှ် မီလစ်ခ်ကို ခေါ်ယူဖို့ စပါးစ်နည်းပြ မော်ရင်ညိုက စိတ်ဝင်စားနေပြီး မြောက်လန်ဒန်ဆီ ဆွဲဆောင်နိုင်ဖို့ တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်းနဲ့ ကမ်းလှမ်းသွားဖို့ရှိနေ။

– အန်းဖီးလ်ဒ်ကနေ ရောင်းချသွားမယ့် လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ခေါ်ယူဖို့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်အသင်းတွေက ချိတ်ဆက်နေကြပြီး မီးစိမ်းပြဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲက အခြေအနေကို စောင့်ကြည့်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ ပေါင်သန်း ၈၀ တန် အင်္ဂလန်ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ပြင်ဆင်မှုကောင်းတွေ ပြုလုပ်နေတဲ့ အက်စတန်ဗီလာအသင်းက ငါးနှစ်စာချုပ်သစ် ချုပ်ဆိုသွားခဲ့။

– ဘာထရန် ထရာအိုရေးကို ခေါ်ယူဖို့အတွက် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာ ဆောင်ရွက်ခဲ့တဲ့ ဆေးစစ်မှုက အောင်မြင်သွားခဲ့ပြီဖြစ်ပြီး ဘာကီနာဖာဆိုသားအတွက် အင်္ဂလန်ရဲ့ အလုပ်လုပ်ခွင့်ပါမစ်ကို စောင့်ဆိုင်းဖို့သာ ကျန်ရှိနေ။

– ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က အလိုရှိနေတဲ့ နောက်ခံလူ ဂျိမ်းစ် တာကော့ဗ်စကီးကို ရောင်းချသွားဖို့ ဆန္ဒမရှိကြောင်းနဲ့ ဘန်လေနည်းပြ ရှောင်ဒိုက်ချ်က ငြင်းဆန်ထားခဲ့သလို ရော့ဘ် ဟိုးလ်ဒင်းကို ခေါ်ယူဖို့ ကြိုးစားလာမှုကိုလည်း အာဆင်နယ်နည်းပြ အာတီတာက ပယ်ချသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.