Analysis Article International Match Preview World Cup

အာဂျင်တီးနားနဲ့ ပြင်သစ်ပွဲမှာ အဓိက အဆုံးအဖြတ်ဖြစ်လာမယ့် တိုက်ပွဲသုံးပွဲ

အာဂျင်တီးနားတို့အနေနဲ့ လီယွန်နယ် မက်ဆီရဲ့ ဦးဆောင်မှုနဲ့ တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းမြင့်တက်လာပြီး ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ယုံကြည်မှု မြင့်မားနေသလို ပြင်သစ်တို့ကတော့ ရှုံးထွက်အဆင့်တွေမှာ ဒဏ်ရာတွေနဲ့အတူ ခြေစွမ်းအနည်းငယ် ကျဆင်းလာခဲ့တာကို မြင်နေရချိန်မှာ ပရိသတ်တွေရဲ့ ခန့်မှန်းမှုတွေကတော့ အရင်ကလောက် မသဲကွဲ မပြတ်သားတော့တာကို တွေ့နေရပါတယ်။

ကာတာနိုင်ငံမှာ ရေပြောင်းမြေပြောင်းနဲ့ ဆက်တိုက်ကစားနေရချိန်မှာ ဒဏ်ရာတွေနဲ့ ဖျားနာမှုတွေကလည်း အနည်းနဲ့ အများဆိုသလို ရှိနေချိန်မှာ နည်းပြနှစ်ဦးဖြစ်တဲ့ လီယွန်နယ် စကာလိုနဲ့ ဒီဒီယေး ဒေးရွှမ့်စ်တို့အတွက်တော့ ခေါင်းကိုက်စရာဖြစ်နေပြီး ဘယ်သူထက် ဘယ်သူက ပိုသာတယ်လို့ မပြောနိုင်ချိန်မှာ အရေးပါတဲ့ ပွဲတွင်း တွေ့ဆုံမှုတွေကပဲ အဆုံးအဖြတ်ပေးသွားကြဖို့ ရှိနေတာပါ။

အာဂျင်တီးနားတို့အနေနဲ့ ၁၉၈၆ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားကို ရယူရမှာဖြစ်ပြီး ပြင်သစ်တို့ကတော့ ချန်ပီယံကာကွယ်မှုကို ၁၉၆၂ က ဘရာဇီးလ်နောက်ပိုင်း လုပ်ပြရမယ့်အချိန်မှာ နှစ်သင်းစလုံးအနေနဲ့ တတိယမြောက်ဖလားနဲ့ အသင်းတံဆိပ်မှာ ကြယ်တစ်လုံးထပ်တိုးဖို့ အချိန်ကို ရောက်ရှိနေပြီး ဘယ်သူတွေနဲ့ ဘယ်သူတွေ တွေ့ဆုံမှုက အရေးပါမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ အန်ဇို ဖာနန်ဒက်ဇ် – ဂရစ်ဇ်မန်း
အာဂျင်တီးနားတို့ရဲ့ ကွင်းလယ်မှာ လီယန်ဒရို ပါရေးဒက်စ်ကို အရန်ခုံ ပို့နိုင်ခဲ့တဲ့ ဘောလုံးပညာ၊ ကစားပုံ ချောမွေ့မှုတွေနဲ့ အန်ဇို ဖာနန်ဒက်ဇ် အနေနဲ့ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး မက်ဆီတစ်ယောက် ယုံယုံကြည်ကြည် မျက်နှာလွှဲနိုင်သူလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကတော့ ပြင်သစ်အသင်းရဲ့ အဓိက ဖန်တီးသူအဖြစ် တိုက်စစ်မှူးတွေနောက်က လိုက်ပါကစားပြီး ကွင်းလယ်မှာ နံပါတ် ၁၀ ဆန်ဆန် ကစားနေချိန်မှာ တစ်ဖက်က အဖျက်ကစားသမားဖြစ်တဲ့ ဘင်ဖီကာလူငယ်နဲ့ တွေ့ဆုံရမှာပါ။

ဂရစ်ဇ်မန်းရဲ့ ဘောလုံးဖြန့်ဝေမှုတွေက ပြင်သစ်တို့ ဘောလုံးကိုင်ကိုင်၊ သူများပေးပေး တိုက်စစ်ကို ပြန်စဖို့ အသက်ဖြစ်နေပြီး ဒါကို ဖြတ်တောက်ဖို့ အာဂျင်တီးနားတို့ လုပ်ဆောင်လာရမှာဖြစ်သလို အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ဘောလုံးသယ်ဆောင်နိုင်မှုနဲ့ ထိန်းချုပ်မှုကိုလည်း တစ်ဖက်က အပြန်အလှန် ဖိအားပေးနိုင်မလား စောင့်ကြည့်ရမယ့်အချိန်မှာ ပါရေးဒက်စ်ကိုပါ ကူညီဖို့ ခင်းကျင်းလာနိုင်ပါတယ်။ တစ်ဖက်ဖက်က ပိုမိုသာလွန်တဲ့ ဗျူဟာကို ချမှတ်ပြီး ကွင်းလယ်ထိရောက်မှုကို အသာစီးရမလားတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

၂။ နာဟူးလ် မိုလီနာ – ခီလီယန် အမ်ဘာပေ
အမ်ဘာပေကတော့ ပြင်သစ်ရဲ့ ဘယ်တောင်ပံမှာ ပြိုင်ဘက်မရှိ ထူးချွန်တဲ့ ကစားသမားဖြစ်ပေမယ့် အင်္ဂလန်၊ မော်ရိုကိုတို့နဲ့ ပွဲစဉ်တွေမှာ တစ်ဦးချင်း ခြေစွမ်းပြမှု နည်းပါးခဲ့သလို တိုက်စစ်ကို သိပ်မလိုက်ဘဲ ဘောလုံးပိုင်ဆိုင်မှုကို သူများပေးထားတဲ့ အသင်းနဲ့သာ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ၁၆ သင်းအဆင့်ကစလို့ ဂိုးမသွင်းနိုင်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးအနေနဲ့ ဒီနေ့မှာလည်း အာဂျင်တီးနား ညာခြမ်းခံစစ်ကို အရမ်းကာရော ဒုက္ခပေးဖို့ထက် အသင်းလိုက် ဘောင်ထဲကနေပဲ အမေ့ခံပြီး ထိုးနှက်ဖို့ ကြိုးစားလာမှာပါ။

အာဂျင်တီးနားရဲ့ နောက်ခံအစွန်လူတွေကတော့ ခံစစ်မှာ အကောင်းကြီး မဟုတ်ဘဲ တိုက်စစ်သန်တဲ့ Wing Back မျိုးတွေ များလို့ ကွင်းလယ်က ဒီပေါလ်ကပါ ညာခြမ်းခံစစ်ကို ကူနေရတာဖြစ်ပါတယ်။ မိုလီနာအနေနဲ့ ဒီတွေ့ဆုံမှုမှာတော့ အမ်ဘာပေကို ခဲခဲယဉ်းယဉ်း ရင်ဆိုင်ရဖို့ များနေပြီး ဒီအတွဲရဲ့ တွေ့ဆုံမှုကြောင့် မက်ဆီကို ကူညီမယ့်သူ တစ်ယောက်လျော့သွားနိုင်သလို ပြင်သစ်တို့ကတော့ ဒီနေရာကနေ တိုက်စစ်ဆင်သွားဖို့ များနေပါတယ်။

၃။ လီယွန်နယ် မက်ဆီ – အူဟယ်လီယင် ချွာမင်နီ
တိုက်စစ်မှူးလို့ ဆိုပေမယ့် ကွင်းလယ်က နံပါတ် ၁၀ နဲ့ ညာခြမ်း Half Space တွေမှာ အနေများတဲ့ မက်ဆီအနေနဲ့ ပြင်သစ်ကွင်းလယ်အဖျက် ချွာမင်နီနဲ့ ရင်ဆိုင်ရမှာပါ။ ဒဏ်ရာရှိနေတယ်လို့ သတင်းထွက်နေတဲ့ နှစ်ဦးစလုံးအနေနဲ့ အသင်းမှာ မရှိရင် မဖြစ်တဲ့ ကစားသမားတွေမို့လို့ ဘာပဲဖြစ်ဖြစ် ဗိုလ်လုပွဲလို ပွဲကြီးမျိုးမှာ ပါဝင်လာဖို့တော့ သေချာနေသလို နည်းပြတွေရဲ့ လက်မလွှတ်နိုင်တဲ့ ကစားသမားမျိုးဖြစ်နေချိန်မှာ ဒီအတွဲရဲ့ တွေ့ဆုံမှုကလည်း ကြည့်ကောင်းမှာဖြစ်ပါတယ်။

အာဂျင်တီးနား GOAT အနေနဲ့ အသက်အရွယ်အားဖြင့် ၃၅ နှစ်ရှိနေပေမယ့် ဘယ်သူ့ကိုမဆို ဖြတ်ကျော်နိုင်ကြောင်း ခရိုအေးရှားနောက်ခံလူ ဂွါဒီယောလ်ကို ပုံစံပေးပြခဲ့သလို ချွာမင်နီကတော့ သူ့ကို အောက်စည်းကပဲ ရင်ဆိုင်သွားရမှာပါ။ တကယ်လို့ ဒဏ်ရာကြောင့် ချွာမင်နီ မပါနိုင်ခဲ့ရင်တော့ ပြင်သစ်တို့အနေနဲ့ ခြေစွမ်းတစ်ဆင့်နိမ့်တဲ့ ကွင်းလယ်လူတွေကို အသုံးပြုရမှာဖြစ်တာကြောင့် မက်ဆီကို ထိန်းချုပ်ဖို့ထက် ခံစစ်ဇုန်မှာ ပိုမိုပိတ်ကစားဖို့ပဲ ကြိုးစားရမှာဖြစ်ပြီး နည်းပြတွေရဲ့ ဗျူဟာတွေကိုလည်း စောင့်ကြည့်ရမှာပါ။

လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းကတော့ မက်ဆီအတွက် ပရိသတ်တော်တော်များများရဲ့ မေတ္တာနဲ့ ထောက်ခံမှုတွေကို ရရှိထားပြီး ပြင်သစ်တို့ကတော့ ချန်ပီယံကာကွယ်ပြီး စံချိန်တင်မှာဖြစ်လို့သာ လူတွေရဲ့ အာရုံစိုက်မှုကို ရရှိနေတာဖြစ်လို့ မတူညီတဲ့ အနေအထားနဲ့ အားပေးလာကြမယ့် ကမ္ဘာ့ဖလားဖိုင်နယ်မှာ တကယ်တမ်း ဘယ်လိုဖြစ်လာမလဲတော့ တနင်္ဂနွေနေ့ညမှာ အဖြေပေါ်မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားတို႔အေနနဲ႔ လီယြန္နယ္ မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႔ တစ္ပြဲၿပီးတစ္ပြဲ ေျခစြမ္းျမင့္တက္လာၿပီး ကမာၻ႔ဖလားကို ရယူႏိုင္ဖို႔ ယုံၾကည္မႈ ျမင့္မားေနသလို ျပင္သစ္တို႔ကေတာ့ ရႈံးထြက္အဆင့္ေတြမွာ ဒဏ္ရာေတြနဲ႔အတူ ေျခစြမ္းအနည္းငယ္ က်ဆင္းလာခဲ့တာကို ျမင္ေနရခ်ိန္မွာ ပရိသတ္ေတြရဲ႕ ခန႔္မွန္းမႈေတြကေတာ့ အရင္ကေလာက္ မသဲကြဲ မျပတ္သားေတာ့တာကို ေတြ႕ေနရပါတယ္။

ကာတာႏိုင္ငံမွာ ေရေျပာင္းေျမေျပာင္းနဲ႔ ဆက္တိုက္ကစားေနရခ်ိန္မွာ ဒဏ္ရာေတြနဲ႔ ဖ်ားနာမႈေတြကလည္း အနည္းနဲ႔ အမ်ားဆိုသလို ရွိေနခ်ိန္မွာ နည္းျပႏွစ္ဦးျဖစ္တဲ့ လီယြန္နယ္ စကာလိုနဲ႔ ဒီဒီေယး ေဒး႐ႊမ့္စ္တို႔အတြက္ေတာ့ ေခါင္းကိုက္စရာျဖစ္ေနၿပီး ဘယ္သူထက္ ဘယ္သူက ပိုသာတယ္လို႔ မေျပာႏိုင္ခ်ိန္မွာ အေရးပါတဲ့ ပြဲတြင္း ေတြ႕ဆုံမႈေတြကပဲ အဆုံးအျဖတ္ေပးသြားၾကဖို႔ ရွိေနတာပါ။

အာဂ်င္တီးနားတို႔အေနနဲ႔ ၁၉၈၆ ေနာက္ပိုင္း ပထမဆုံး ကမာၻ႔ဖလားကို ရယူရမွာျဖစ္ၿပီး ျပင္သစ္တို႔ကေတာ့ ခ်န္ပီယံကာကြယ္မႈကို ၁၉၆၂ က ဘရာဇီးလ္ေနာက္ပိုင္း လုပ္ျပရမယ့္အခ်ိန္မွာ ႏွစ္သင္းစလုံးအေနနဲ႔ တတိယေျမာက္ဖလားနဲ႔ အသင္းတံဆိပ္မွာ ၾကယ္တစ္လုံးထပ္တိုးဖို႔ အခ်ိန္ကို ေရာက္ရွိေနၿပီး ဘယ္သူေတြနဲ႔ ဘယ္သူေတြ ေတြ႕ဆုံမႈက အေရးပါမလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

၁။ အန္ဇို ဖာနန္ဒက္ဇ္ – ဂရစ္ဇ္မန္း
အာဂ်င္တီးနားတို႔ရဲ႕ ကြင္းလယ္မွာ လီယန္ဒ႐ို ပါေရးဒက္စ္ကို အရန္ခုံ ပို႔ႏိုင္ခဲ့တဲ့ ေဘာလုံးပညာ၊ ကစားပုံ ေခ်ာေမြ႕မႈေတြနဲ႔ အန္ဇို ဖာနန္ဒက္ဇ္ အေနနဲ႔ အသင္းရဲ႕ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး မက္ဆီတစ္ေယာက္ ယုံယုံၾကည္ၾကည္ မ်က္ႏွာလႊဲႏိုင္သူလည္း ျဖစ္ပါတယ္။ ဂရစ္ဇ္မန္းကေတာ့ ျပင္သစ္အသင္းရဲ႕ အဓိက ဖန္တီးသူအျဖစ္ တိုက္စစ္မႉးေတြေနာက္က လိုက္ပါကစားၿပီး ကြင္းလယ္မွာ နံပါတ္ ၁၀ ဆန္ဆန္ ကစားေနခ်ိန္မွာ တစ္ဖက္က အဖ်က္ကစားသမားျဖစ္တဲ့ ဘင္ဖီကာလူငယ္နဲ႔ ေတြ႕ဆုံရမွာပါ။

ဂရစ္ဇ္မန္းရဲ႕ ေဘာလုံးျဖန႔္ေဝမႈေတြက ျပင္သစ္တို႔ ေဘာလုံးကိုင္ကိုင္၊ သူမ်ားေပးေပး တိုက္စစ္ကို ျပန္စဖို႔ အသက္ျဖစ္ေနၿပီး ဒါကို ျဖတ္ေတာက္ဖို႔ အာဂ်င္တီးနားတို႔ လုပ္ေဆာင္လာရမွာျဖစ္သလို အန္ဇို ဖာနန္ဒက္ဇ္ရဲ႕ ေဘာလုံးသယ္ေဆာင္ႏိုင္မႈနဲ႔ ထိန္းခ်ဳပ္မႈကိုလည္း တစ္ဖက္က အျပန္အလွန္ ဖိအားေပးႏိုင္မလား ေစာင့္ၾကည့္ရမယ့္အခ်ိန္မွာ ပါေရးဒက္စ္ကိုပါ ကူညီဖို႔ ခင္းက်င္းလာႏိုင္ပါတယ္။ တစ္ဖက္ဖက္က ပိုမိုသာလြန္တဲ့ ဗ်ဴဟာကို ခ်မွတ္ၿပီး ကြင္းလယ္ထိေရာက္မႈကို အသာစီးရမလားေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

၂။ နာဟူးလ္ မိုလီနာ – ခီလီယန္ အမ္ဘာေပ
အမ္ဘာေပကေတာ့ ျပင္သစ္ရဲ႕ ဘယ္ေတာင္ပံမွာ ၿပိဳင္ဘက္မရွိ ထူးခြၽန္တဲ့ ကစားသမားျဖစ္ေပမယ့္ အဂၤလန္၊ ေမာ္႐ိုကိုတို႔နဲ႔ ပြဲစဥ္ေတြမွာ တစ္ဦးခ်င္း ေျခစြမ္းျပမႈ နည္းပါးခဲ့သလို တိုက္စစ္ကို သိပ္မလိုက္ဘဲ ေဘာလုံးပိုင္ဆိုင္မႈကို သူမ်ားေပးထားတဲ့ အသင္းနဲ႔သာ ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။ ၁၆ သင္းအဆင့္ကစလို႔ ဂိုးမသြင္းႏိုင္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးအေနနဲ႔ ဒီေန႔မွာလည္း အာဂ်င္တီးနား ညာျခမ္းခံစစ္ကို အရမ္းကာေရာ ဒုကၡေပးဖို႔ထက္ အသင္းလိုက္ ေဘာင္ထဲကေနပဲ အေမ့ခံၿပီး ထိုးႏွက္ဖို႔ ႀကိဳးစားလာမွာပါ။

အာဂ်င္တီးနားရဲ႕ ေနာက္ခံအစြန္လူေတြကေတာ့ ခံစစ္မွာ အေကာင္းႀကီး မဟုတ္ဘဲ တိုက္စစ္သန္တဲ့ Wing Back မ်ိဳးေတြ မ်ားလို႔ ကြင္းလယ္က ဒီေပါလ္ကပါ ညာျခမ္းခံစစ္ကို ကူေနရတာျဖစ္ပါတယ္။ မိုလီနာအေနနဲ႔ ဒီေတြ႕ဆုံမႈမွာေတာ့ အမ္ဘာေပကို ခဲခဲယဥ္းယဥ္း ရင္ဆိုင္ရဖို႔ မ်ားေနၿပီး ဒီအတြဲရဲ႕ ေတြ႕ဆုံမႈေၾကာင့္ မက္ဆီကို ကူညီမယ့္သူ တစ္ေယာက္ေလ်ာ့သြားႏိုင္သလို ျပင္သစ္တို႔ကေတာ့ ဒီေနရာကေန တိုက္စစ္ဆင္သြားဖို႔ မ်ားေနပါတယ္။

၃။ လီယြန္နယ္ မက္ဆီ – အူဟယ္လီယင္ ခြၽာမင္နီ
တိုက္စစ္မႉးလို႔ ဆိုေပမယ့္ ကြင္းလယ္က နံပါတ္ ၁၀ နဲ႔ ညာျခမ္း Half Space ေတြမွာ အေနမ်ားတဲ့ မက္ဆီအေနနဲ႔ ျပင္သစ္ကြင္းလယ္အဖ်က္ ခြၽာမင္နီနဲ႔ ရင္ဆိုင္ရမွာပါ။ ဒဏ္ရာရွိေနတယ္လို႔ သတင္းထြက္ေနတဲ့ ႏွစ္ဦးစလုံးအေနနဲ႔ အသင္းမွာ မရွိရင္ မျဖစ္တဲ့ ကစားသမားေတြမို႔လို႔ ဘာပဲျဖစ္ျဖစ္ ဗိုလ္လုပြဲလို ပြဲႀကီးမ်ိဳးမွာ ပါဝင္လာဖို႔ေတာ့ ေသခ်ာေနသလို နည္းျပေတြရဲ႕ လက္မလႊတ္ႏိုင္တဲ့ ကစားသမားမ်ိဳးျဖစ္ေနခ်ိန္မွာ ဒီအတြဲရဲ႕ ေတြ႕ဆုံမႈကလည္း ၾကည့္ေကာင္းမွာျဖစ္ပါတယ္။

အာဂ်င္တီးနား GOAT အေနနဲ႔ အသက္အ႐ြယ္အားျဖင့္ ၃၅ ႏွစ္ရွိေနေပမယ့္ ဘယ္သူ႔ကိုမဆို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း ခ႐ိုေအးရွားေနာက္ခံလူ ဂြါဒီေယာလ္ကို ပုံစံေပးျပခဲ့သလို ခြၽာမင္နီကေတာ့ သူ႔ကို ေအာက္စည္းကပဲ ရင္ဆိုင္သြားရမွာပါ။ တကယ္လို႔ ဒဏ္ရာေၾကာင့္ ခြၽာမင္နီ မပါႏိုင္ခဲ့ရင္ေတာ့ ျပင္သစ္တို႔အေနနဲ႔ ေျခစြမ္းတစ္ဆင့္နိမ့္တဲ့ ကြင္းလယ္လူေတြကို အသုံးျပဳရမွာျဖစ္တာေၾကာင့္ မက္ဆီကို ထိန္းခ်ဳပ္ဖို႔ထက္ ခံစစ္ဇုန္မွာ ပိုမိုပိတ္ကစားဖို႔ပဲ ႀကိဳးစားရမွာျဖစ္ၿပီး နည္းျပေတြရဲ႕ ဗ်ဴဟာေတြကိုလည္း ေစာင့္ၾကည့္ရမွာပါ။

လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားအသင္းကေတာ့ မက္ဆီအတြက္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ေမတၱာနဲ႔ ေထာက္ခံမႈေတြကို ရရွိထားၿပီး ျပင္သစ္တို႔ကေတာ့ ခ်န္ပီယံကာကြယ္ၿပီး စံခ်ိန္တင္မွာျဖစ္လို႔သာ လူေတြရဲ႕ အာ႐ုံစိုက္မႈကို ရရွိေနတာျဖစ္လို႔ မတူညီတဲ့ အေနအထားနဲ႔ အားေပးလာၾကမယ့္ ကမာၻ႔ဖလားဖိုင္နယ္မွာ တကယ္တမ္း ဘယ္လိုျဖစ္လာမလဲေတာ့ တနဂၤေႏြေန႔ညမွာ အေျဖေပၚမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.