International World Cup

ဗိုလ်လုပွဲပြန်လာမယ့်သတင်းထွက်နေချိန်မှာ ထူးဆန်းတဲ့စာကို တင်ခဲ့တဲ့ ဘန်ဇီးမား

ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ကာတာကို ပြန်လာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားဖို့ ၂ ရက်အလိုမှာ ထူးဆန်းတဲ့စာကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း နည်းပြ ဒေးရွှမ့်စ်က လူစာရင်းထဲမှာ အစားထိုးခေါ်ယူမှုမပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လေ့ကျင့်ရေး အပြည့်ပြန်ဆင်းနိုင်နေပြီဖြစ်ပြီး သီအိုရီအရဆိုရင် တနင်္ဂနွေနေ့ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် ရွေးချယ်လို့ရနိုင်တဲ့ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။

ပြင်သစ်ပရိသတ်အချို့ကလည်း ဘလွန်ဒေါဆုရှင် ပါဝင်ကစားပေးမှာကို မြင်ချင်နေကြပြီး အထူးသဖြင့် မော်ရိုကိုနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အိုလီဗီယေး ဂျီရူးက အပိုင်အခွင့်အရေး ၂ ကြိမ်အထိ လွဲချော်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဒေးရွှမ့်စ်က ဘန်ဇီးမား ပြန်လည်ပါဝင်လာနိုင်ခြေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဗုဒ္ဓဟူးနေ့ည ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အဖြေပေးဖို့ ငြင်းပယ်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးကလည်း မက်ဒရစ်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို နောက်ထပ် ရှုပ်ထွေးသွားစေမယ့် အလှည့်အပြောင်းတစ်ခုကတည်းက သောကြာနေ့မှာ ပေါ်ထွက်လာခဲ့ပြီး စပိန်သတင်းဌာန Libertad Digital က ဘန်ဇီးမားဟာ ပထမဆုံး ဒဏ်ရာရရှိသွားချိန်မှာ ပြင်သစ်အသင်းက ၎င်းကို ကာတာကနေ လျင်လျင်မြန်မြန်ပဲ အိမ်ပြန်ပို့ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်လေ့ကျင့်ရေးစခန်းမှာ ကုသမှု ၃ ရက်သာခံယူဖို့ လိုအပ်ခဲ့ပြီး ဒဏ်ရာကနေ လွန်ခဲ့တဲ့အပတ်ကတည်းက ပြန်လည်သက်သာလာခဲ့တာကြောင့် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာကတည်းက ပါဝင်ကစားပေးနိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒေးရွှမ့်စ်နဲ့ ဘန်ဇီးမားတို့ဟာ အချိန်ကာလတစ်ခုအထိ ဆက်ဆံရေး မပြေလည်ခဲ့ကြဘဲ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ ကစားသမားဘဝ အကောင်းဆုံးကာလ ၆ နှစ်အထိ လက်ရွေးစင်လူစာရင်းနဲ့ ဝေးကွာခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကမှ ပြန်လည်သင့်မြတ်ခဲ့ကြပုံ ပေါ်ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က ဒဏ်ရာရ ကစားသမားအားလုံးကို ကာတာက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကြည့်ရှုပြီး အောင်ပွဲခံရာမှာ ပူးပေါင်းစေချင်ပေမယ့်လည်း ဘန်ဇီးမားက အဲဒီလို လုပ်ဖို့ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားဟာ ကောလာဟလအများအပြား ထွက်ပေါ်နေတာကို သတိပြုမိနေပုံရပြီး သောကြာနေ့ညမှာ အင်စတာဂရမ်ကနေ ဆယ်လ်ဖီပုံနဲ့အတူ ‘အဲဒါက ကျွန်တော့်ကို စိတ်ဝင်စားစေမှာမဟုတ်ဘူး’ဆိုတဲ့ စာကို ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ကြာသပတေးနေ့က လီဂါနက်စ်နဲ့ လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ပြီး ပွဲစဉ်တလျှောက်လုံး ဘာပြဿနာမှရှိခဲ့ပုံမပေါ်ဘဲ တိုနီ ခရူးစ်ရဲ့ သွင်းဂိုးနဲ့အတူ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက ကာတာကို ျပန္လာဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္ ကမာၻ႔ဖလားဗိုလ္လုပြဲကစားဖို႔ ၂ ရက္အလိုမွာ ထူးဆန္းတဲ့စာကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ျပင္သစ္အသင္းရဲ႕ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မတိုင္ခင္မွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္လည္း နည္းျပ ေဒး႐ႊမ့္စ္က လူစာရင္းထဲမွာ အစားထိုးေခၚယူမႈမျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဘန္ဇီးမားဟာ လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေလ့က်င့္ေရး အျပည့္ျပန္ဆင္းႏိုင္ေနၿပီျဖစ္ၿပီး သီအိုရီအရဆိုရင္ တနဂၤေႏြေန႔ အာဂ်င္တီးနားနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္အတြက္ ေ႐ြးခ်ယ္လို႔ရႏိုင္တဲ့ကစားသမားအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ျပင္သစ္ပရိသတ္အခ်ိဳ႕ကလည္း ဘလြန္ေဒါဆုရွင္ ပါဝင္ကစားေပးမွာကို ျမင္ခ်င္ေနၾကၿပီး အထူးသျဖင့္ ေမာ္႐ိုကိုနဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အိုလီဗီေယး ဂ်ီ႐ူးက အပိုင္အခြင့္အေရး ၂ ႀကိမ္အထိ လြဲေခ်ာ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း နည္းျပ ေဒး႐ႊမ့္စ္က ဘန္ဇီးမား ျပန္လည္ပါဝင္လာႏိုင္ေျခနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကို ဗုဒၶဟူးေန႔ည ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ အေျဖေပးဖို႔ ျငင္းပယ္ခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးကလည္း မက္ဒရစ္မွာပဲ ရွိေနဆဲ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကို ေနာက္ထပ္ ရႈပ္ေထြးသြားေစမယ့္ အလွည့္အေျပာင္းတစ္ခုကတည္းက ေသာၾကာေန႔မွာ ေပၚထြက္လာခဲ့ၿပီး စပိန္သတင္းဌာန Libertad Digital က ဘန္ဇီးမားဟာ ပထမဆုံး ဒဏ္ရာရရွိသြားခ်ိန္မွာ ျပင္သစ္အသင္းက ၎ကို ကာတာကေန လ်င္လ်င္ျမန္ျမန္ပဲ အိမ္ျပန္ပို႔ခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္ေလ့က်င့္ေရးစခန္းမွာ ကုသမႈ ၃ ရက္သာခံယူဖို႔ လိုအပ္ခဲ့ၿပီး ဒဏ္ရာကေန လြန္ခဲ့တဲ့အပတ္ကတည္းက ျပန္လည္သက္သာလာခဲ့တာေၾကာင့္ ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာကတည္းက ပါဝင္ကစားေပးႏိုင္ခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ေဒး႐ႊမ့္စ္နဲ႔ ဘန္ဇီးမားတို႔ဟာ အခ်ိန္ကာလတစ္ခုအထိ ဆက္ဆံေရး မေျပလည္ခဲ့ၾကဘဲ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာ ကစားသမားဘဝ အေကာင္းဆုံးကာလ ၆ ႏွစ္အထိ လက္ေ႐ြးစင္လူစာရင္းနဲ႔ ေဝးကြာခဲ့ရတာျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီကမွ ျပန္လည္သင့္ျမတ္ခဲ့ၾကပုံ ေပၚပါတယ္။ ျပင္သစ္သမၼတ မက္ခ႐ြန္က ဒဏ္ရာရ ကစားသမားအားလုံးကို ကာတာက ကမာၻ႔ဖလားဗိုလ္လုပြဲကို ၾကည့္ရႈၿပီး ေအာင္ပြဲခံရာမွာ ပူးေပါင္းေစခ်င္ေပမယ့္လည္း ဘန္ဇီးမားက အဲဒီလို လုပ္ဖို႔ကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားဟာ ေကာလာဟလအမ်ားအျပား ထြက္ေပၚေနတာကို သတိျပဳမိေနပုံရၿပီး ေသာၾကာေန႔ညမွာ အင္စတာဂရမ္ကေန ဆယ္လ္ဖီပုံနဲ႔အတူ ‘အဲဒါက ကြၽန္ေတာ့္ကို စိတ္ဝင္စားေစမွာမဟုတ္ဘူး’ဆိုတဲ့ စာကို ေရးသားၿပီး တင္ခဲ့တာျဖစ္ပါတယ္။ ဘန္ဇီးမားဟာ ၾကာသပေတးေန႔က လီဂါနက္စ္နဲ႔ ေလ့က်င့္ေရးကြင္းမွာ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ပါဝင္ကစားေပးခဲ့ၿပီး ပြဲစဥ္တေလွ်ာက္လုံး ဘာျပႆနာမွရွိခဲ့ပုံမေပၚဘဲ တိုနီ ခ႐ူးစ္ရဲ႕ သြင္းဂိုးနဲ႔အတူ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.