International World Cup

အာဂျင်တီးနားနဲ့ပွဲမတိုင်ခင် အဓိကကစားသမား ၂ ဦးကို ထပ်ဆုံးရှုံးခဲ့ရတဲ့ ပြင်သစ်

ပြင်သစ်နောက်ခံကစားသမား ရာဖေးလ် ဗာရွမ်းနဲ့ ကိုနာတီတို့ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် နာမကျန်းဖြစ်နေတဲ့ နောက်ဆုံးကစားသမား ၂ ဦးဖြစ်လာပြီလို့ သိရပါတယ်။

ဒေးရွှမ့်စ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ အသင်းစခန်းအတွင်း ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကြောင့် အူပါမီကာနို၊ ရာဗျိုတို့ ၂ ဦးစလုံး နာမကျန်းဖြစ်ခဲ့ပြီး မော်ရိုကိုနဲ့ပွဲစဉ်ကို ကစားသမား ၃ ဦးအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက ကင်းစလေ ကိုမန်းကလည်း ဖျားနာသလို ဝေဒနာခံစားခဲ့ရတာကြောင့် မော်ရိုကိုနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဗာရွမ်းဟာ ဖျားနာတဲ့ လဏ္ခဏာအနည်းငယ် ပြသနေပြီး ကိုနာတီကတော့ ပိုပြီးတော့ အခြေအနေဆိုးတယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

သတင်းကောင်းကတော့ အူပါမီကာနို၊ ကိုမန်းနဲ့ ရာဗျိုတို့ကတော့ တနင်္ဂနွေနေ့မှာ ကစားမယ့် ဗိုလ်လုပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်နေပြီလို့ ပြင်သစ်ဘောလုံးအထူးကျွမ်းကျင်သူ ယူလီယန် လိုဟန်စ်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဟင့်အင်း။ အဲဒီလောက် မဆိုးပါဘူး။ အူပါမီကာနိုက ပြန်ကောင်းလာပြီဖြစ်ပြီး သူတို့တွေ လေ့ကျင့်ရေး ပြန်ဆင်းနေပါတယ်။ ကင်းစလေ ကိုမန်းကလည်း လည်ချောင်းနည်းနည်းနာသလို ဖြစ်ခဲ့တဲ့သူဖြစ်ပေမယ့် ပိုကောင်းမွန်လာတယ်လို့ ခံစားနေရပါတယ်။ အဆင်ပြေပါတယ်”

“ရာဗျိုကတော့ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက ဗိုလ်လုပွဲအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါလိမ့်မယ်။ သူသာ ပြန်ကောင်းလာပြီး ပြန်ကစားနိုင်မယ်ဆိုရင် အဲဒါက ကြီးမားတဲ့ အားတက်စရာဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်စ်က အသင်းလေ့ကျင့်ရေးစခန်းမှာ နာမကျန်းဖြစ်မှုတွေ များပြားလာပြီး အရေးအကြီးဆုံးကစားသမားတွေကို ဆုံးရှုံးမှာကို စိုးရိမ်နေတဲ့အကြောင်း ကြာသတေးနေ့ကမှ ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

“ဒိုဟာမှာက အပူချိန်ကလည်း နည်းနည်း ကျဆင်းလာပြီး ခင်ဗျား တစ်ချိန်လုံး လေအေးပေးစက်နဲ့ နေနေရတယ်။ ကျွန်တော်တို့မှာ တုပ်ကွေးလက္ခဏာလိုမျိုး ဖျားနာမှုတွေ အနည်းငယ်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒါကို မပြန့်အောင် သတိထားဖို့ ကြိုးပမ်းနေပြီး ကစားသမားတွေကလည်း ကွင်းထဲမှာ ကြီးမားတဲ့ အားထုတ်မှုတွေ လုပ်ခဲ့တာကြောင့် သူတို့ရဲ့ ကိုယ်ခံအားစနစ်ကလည်း ကျဆင်းနေတာ သိသာပါတယ်။ အူပါမီကာနိုက အင်္ဂလန်နဲ့ပွဲပြီးပြီးချင်းပဲ နေမကောင်းသလို ခံစားခဲ့ရတယ်။ အဲဒါက ခင်ဗျား ဒီလို အားစိုက်ထုတ်မှုတွေ ပြုလုပ်တဲ့အချိန်မှာ ခင်ဗျားရဲ့ ကိုယ်ခန္ဓာက အားနည်းပြီး ဒီလို ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရဖို့ ပိုများလာတတ်ပါတယ်”

“ကျွန်တော်တို့ မဖြစ်မနေလိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေအားလုံး လုပ်နေပြီး အဲဒါကို မပြန့်သွားအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ဗိုင်းရပ်စ်က ကူးစက်တတ်တာ အမှန်ပဲဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်သွားရမှာပါ။ ကျွန်တော်တို့ သူ့ကို တခြားကစားသမားတွေနဲ့ သီးခြားစီ ခွဲထားပြီး အက်ဒရီယန်ကိုလည်း ခွဲထားပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ေနာက္ခံကစားသမား ရာေဖးလ္ ဗာ႐ြမ္းနဲ႔ ကိုနာတီတို႔ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမတိုင္ခင္ နာမက်န္းျဖစ္ေနတဲ့ ေနာက္ဆုံးကစားသမား ၂ ဦးျဖစ္လာၿပီလို႔ သိရပါတယ္။

ေဒး႐ႊမ့္စ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အပတ္မွာ အသင္းစခန္းအတြင္း ပ်ံ႕ႏွံ႔ေနတဲ့ ဗိုင္းရပ္စ္ေၾကာင့္ အူပါမီကာႏို၊ ရာဗ်ိဳတို႔ ၂ ဦးစလုံး နာမက်န္းျဖစ္ခဲ့ၿပီး ေမာ္႐ိုကိုနဲ႔ပြဲစဥ္ကို ကစားသမား ၃ ဦးအထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီက ကင္းစေလ ကိုမန္းကလည္း ဖ်ားနာသလို ေဝဒနာခံစားခဲ့ရတာေၾကာင့္ ေမာ္႐ိုကိုနဲ႔ပြဲမွာ ပါဝင္ကစားေပးႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဗာ႐ြမ္းဟာ ဖ်ားနာတဲ့ လဏၡဏာအနည္းငယ္ ျပသေနၿပီး ကိုနာတီကေတာ့ ပိုၿပီးေတာ့ အေျခအေနဆိုးတယ္လို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

သတင္းေကာင္းကေတာ့ အူပါမီကာႏို၊ ကိုမန္းနဲ႔ ရာဗ်ိဳတို႔ကေတာ့ တနဂၤေႏြေန႔မွာ ကစားမယ့္ ဗိုလ္လုပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ေနၿပီလို႔ ျပင္သစ္ေဘာလုံးအထူးကြၽမ္းက်င္သူ ယူလီယန္ လိုဟန္စ္က ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ဟင့္အင္း။ အဲဒီေလာက္ မဆိုးပါဘူး။ အူပါမီကာႏိုက ျပန္ေကာင္းလာၿပီျဖစ္ၿပီး သူတို႔ေတြ ေလ့က်င့္ေရး ျပန္ဆင္းေနပါတယ္။ ကင္းစေလ ကိုမန္းကလည္း လည္ေခ်ာင္းနည္းနည္းနာသလို ျဖစ္ခဲ့တဲ့သူျဖစ္ေပမယ့္ ပိုေကာင္းမြန္လာတယ္လို႔ ခံစားေနရပါတယ္။ အဆင္ေျပပါတယ္”

“ရာဗ်ိဳကေတာ့ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ဗိုလ္လုပြဲအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈ ျဖစ္ပါလိမ့္မယ္။ သူသာ ျပန္ေကာင္းလာၿပီး ျပန္ကစားႏိုင္မယ္ဆိုရင္ အဲဒါက ႀကီးမားတဲ့ အားတက္စရာျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္နည္းျပ ေဒး႐ႊမ့္စ္က အသင္းေလ့က်င့္ေရးစခန္းမွာ နာမက်န္းျဖစ္မႈေတြ မ်ားျပားလာၿပီး အေရးအႀကီးဆုံးကစားသမားေတြကို ဆုံးရႈံးမွာကို စိုးရိမ္ေနတဲ့အေၾကာင္း ၾကာသေတးေန႔ကမွ ေျပာဆိုထားခဲ့တာျဖစ္ပါတယ္။

“ဒိုဟာမွာက အပူခ်ိန္ကလည္း နည္းနည္း က်ဆင္းလာၿပီး ခင္ဗ်ား တစ္ခ်ိန္လုံး ေလေအးေပးစက္နဲ႔ ေနေနရတယ္။ ကြၽန္ေတာ္တို႔မွာ တုပ္ေကြးလကၡဏာလိုမ်ိဳး ဖ်ားနာမႈေတြ အနည္းငယ္ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို မျပန႔္ေအာင္ သတိထားဖို႔ ႀကိဳးပမ္းေနၿပီး ကစားသမားေတြကလည္း ကြင္းထဲမွာ ႀကီးမားတဲ့ အားထုတ္မႈေတြ လုပ္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ ကိုယ္ခံအားစနစ္ကလည္း က်ဆင္းေနတာ သိသာပါတယ္။ အူပါမီကာႏိုက အဂၤလန္နဲ႔ပြဲၿပီးၿပီးခ်င္းပဲ ေနမေကာင္းသလို ခံစားခဲ့ရတယ္။ အဲဒါက ခင္ဗ်ား ဒီလို အားစိုက္ထုတ္မႈေတြ ျပဳလုပ္တဲ့အခ်ိန္မွာ ခင္ဗ်ားရဲ႕ ကိုယ္ခႏၶာက အားနည္းၿပီး ဒီလို ဗိုင္းရပ္စ္ပိုးေတြ ကူးစက္ခံရဖို႔ ပိုမ်ားလာတတ္ပါတယ္”

“ကြၽန္ေတာ္တို႔ မျဖစ္မေနလိုအပ္တဲ့ ႀကိဳတင္ကာကြယ္မႈေတြအားလုံး လုပ္ေနၿပီး အဲဒါကို မျပန႔္သြားေအာင္လုပ္ဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္လည္း ဗိုင္းရပ္စ္က ကူးစက္တတ္တာ အမွန္ပဲျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒါကို ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္သြားရမွာပါ။ ကြၽန္ေတာ္တို႔ သူ႔ကို တျခားကစားသမားေတြနဲ႔ သီးျခားစီ ခြဲထားၿပီး အက္ဒရီယန္ကိုလည္း ခြဲထားပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.