International World Cup

ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ထွက်ပေါ်လာတဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ပြဿနာ

လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ဟာ တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ အာဂျင်တီးနားအသင်းကို ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားကို ရယူပေးပြီး ဘောလုံးသမိုင်းမှာ တသက်တာအကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာ ကမ္ဗည်းထိုးသွားချင်နေတာဖြစ်ပါတယ်။ အမ်ဘာပေကလည်း ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ရယူပြီး လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို အရယူသွားချင်နေတာဖြစ်ပါတယ်။

မက်ဆီနဲ့ အမ်ဘာပေတို့ဟာ ပီအက်စ်ဂျီအသင်းဖော်တွေ ဖြစ်ကြပြီး ၂ ဦးပေါင်း ပွဲ ၅၀ နီးပါး ကစားထားရာမှာ စုစုပေါင်း သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ရင်းနှီးတဲ့ မိတ်ဆွေတွေမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေဟာ လီယွန်နယ် မက်ဆီရဲ့ အသင်းက သြဇာအာဏာနဲ့ပတ်သက်ပြီး မကျေနပ်ချက်ရှိနေသူဖြစ်တယ်လို့ သိရပြီး စပိန်သတင်းစာ El Pais ရဲ့ ဖော်ပြချက်အရ ပြင်သစ်တိုက်စစ်မှူးဟာ ဟာကီမီနဲ့ သူငယ်ချင်းကောင်းဖြစ်ပေမယ့် မက်ဆီ၊ နေမာတို့နဲ့တော့ အလုပ်သဘောထက်ပိုတဲ့ဆက်ဆံရေးမရှိဘူးလို့ သိရပါတယ်။

နေမာနဲ့ အမ်ဘာပေတို့ရဲ့ ဆက်ဆံရေးဟာ ပျက်စီးခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အောက်တိုဘာလတုန်းက Marca က ပြင်သစ်တိုက်စစ်မှူးဟာ လီယွန်နယ် မက်ဆီနဲ့ ပြဿနာရှိနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေက ၎င်းရဲ့ အသင်းဖော်ဟာ ပီအက်စ်ဂျီလူစာရင်းထဲမှာ အလွန်သြဇာအာဏာရှိလွန်းနေတယ်လို့ ယုံကြည်နေပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ပဲရစ်ကို နောက်မှ ရောက်လာခဲ့ပေမယ့်လည်း ဘာစီလိုနာတုန်းကအတိုင်းပဲ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက်မှာ အသင်းတာဝန်ရှိသူတွေကို လီယွန်နယ် မက်ဆီရဲ့ သြဇာအာဏာကြီးထွားလာမှုကို လျှော့ချဖို့ အာဂျင်တီးနားသားတွေကို အသင်းမှာ မထားဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ အမ်ဘာပေဟာ မက်ဆီ၊ အီကာဒီ၊ ပါရေးဒက်စ်၊ ဟာရဲရား၊ ကေလာ နားဗက်စ်တို့လို ကစားသမားတွေကို အသင်းမှာ မရှိစေချင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်က ပဲရစ်မှာ ဆက်ရှိနေခဲ့ပေမယ့်လည်း နည်းပြ ပိုချက်တီနိုအပါအဝင် ကျန်တဲ့ကစားသမားတွေအားလုံးဟာ အဝေးကို လွင့်ခဲ့ရတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ နေမာ၊ မက်ဆီတို့နဲ့ တွဲကစားရတာကို မနှစ်သက်ဘဲ ပြင်သစ်လက်ရွေးစင်အသင်းမှာလို အိုလီဗီယေး ဂျီရူးလိုမျိုး အထောင်တိုက်စစ်မှူးစစ်စစ်နဲ့အတူ ပိုမို တွဲကစားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ အမ္ဘာေပတို႔ဟာ တနဂၤေႏြေန႔မွာ ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ အာဂ်င္တီးနားနဲ႔ ျပင္သစ္တို႔ ေတြ႕ဆုံယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ဟာ အာဂ်င္တီးနားအသင္းကို ၁၉၈၆ ကမာၻ႔ဖလားေနာက္ပိုင္း ပထမဆုံး ကမာၻ႔ဖလားကို ရယူေပးၿပီး ေဘာလုံးသမိုင္းမွာ တသက္တာအေကာင္းဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို အခိုင္အမာ ကမၺည္းထိုးသြားခ်င္ေနတာျဖစ္ပါတယ္။ အမ္ဘာေပကလည္း ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ႀကိမ္ဆက္တိုက္ ကမာၻ႔ခ်န္ပီယံဘြဲ႕ကို ရယူၿပီး လက္ရွိ ကမာၻေပၚက အေကာင္းဆုံးကစားသမားဆိုတဲ့ဂုဏ္ပုဒ္ကို အရယူသြားခ်င္ေနတာျဖစ္ပါတယ္။

မက္ဆီနဲ႔ အမ္ဘာေပတို႔ဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ေတြ ျဖစ္ၾကၿပီး ၂ ဦးေပါင္း ပြဲ ၅၀ နီးပါး ကစားထားရာမွာ စုစုေပါင္း သြင္းဂိုး ၂၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ေပမယ့္လည္း ရင္းႏွီးတဲ့ မိတ္ေဆြေတြမဟုတ္ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အမ္ဘာေပဟာ လီယြန္နယ္ မက္ဆီရဲ႕ အသင္းက ၾသဇာအာဏာနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ရွိေနသူျဖစ္တယ္လို႔ သိရၿပီး စပိန္သတင္းစာ El Pais ရဲ႕ ေဖာ္ျပခ်က္အရ ျပင္သစ္တိုက္စစ္မႉးဟာ ဟာကီမီနဲ႔ သူငယ္ခ်င္းေကာင္းျဖစ္ေပမယ့္ မက္ဆီ၊ ေနမာတို႔နဲ႔ေတာ့ အလုပ္သေဘာထက္ပိုတဲ့ဆက္ဆံေရးမရွိဘူးလို႔ သိရပါတယ္။

ေနမာနဲ႔ အမ္ဘာေပတို႔ရဲ႕ ဆက္ဆံေရးဟာ ပ်က္စီးခဲ့ၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေအာက္တိုဘာလတုန္းက Marca က ျပင္သစ္တိုက္စစ္မႉးဟာ လီယြန္နယ္ မက္ဆီနဲ႔ ျပႆနာရွိေနတယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပက ၎ရဲ႕ အသင္းေဖာ္ဟာ ပီအက္စ္ဂ်ီလူစာရင္းထဲမွာ အလြန္ၾသဇာအာဏာရွိလြန္းေနတယ္လို႔ ယုံၾကည္ေနၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပဲရစ္ကို ေနာက္မွ ေရာက္လာခဲ့ေပမယ့္လည္း ဘာစီလိုနာတုန္းကအတိုင္းပဲ အဝတ္လဲခန္းထဲမွာ ေခါင္းေဆာင္တစ္ဦး ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္မွာ အသင္းတာဝန္ရွိသူေတြကို လီယြန္နယ္ မက္ဆီရဲ႕ ၾသဇာအာဏာႀကီးထြားလာမႈကို ေလွ်ာ့ခ်ဖို႔ အာဂ်င္တီးနားသားေတြကို အသင္းမွာ မထားဖို႔ ၫႊန္ၾကားခဲ့တယ္လို႔ သိရပါတယ္။ အမ္ဘာေပဟာ မက္ဆီ၊ အီကာဒီ၊ ပါေရးဒက္စ္၊ ဟာရဲရား၊ ေကလာ နားဗက္စ္တို႔လို ကစားသမားေတြကို အသင္းမွာ မရွိေစခ်င္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္က ပဲရစ္မွာ ဆက္ရွိေနခဲ့ေပမယ့္လည္း နည္းျပ ပိုခ်က္တီႏိုအပါအဝင္ က်န္တဲ့ကစားသမားေတြအားလုံးဟာ အေဝးကို လြင့္ခဲ့ရတာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ေနမာ၊ မက္ဆီတို႔နဲ႔ တြဲကစားရတာကို မႏွစ္သက္ဘဲ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာလို အိုလီဗီေယး ဂ်ီ႐ူးလိုမ်ိဳး အေထာင္တိုက္စစ္မႉးစစ္စစ္နဲ႔အတူ ပိုမို တြဲကစားခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.