International World Cup

မော်ရိုကို,ကို အထင်မသေးဖို့ ပြောလိုက်တဲ့ ဗာရွန်းနဲ့ အဓိကလူနှစ်ဦး လွဲမယ့် ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ လာမယ့် မော်ရိုကိုအသင်းနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူတို့ရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုနဲ့ ကွင်းလယ်လူ အူဟယ်လီယင် ချွာမင်နီတို့ လွဲချော်မယ့် ပြဿနာနဲ့ ရင်ဆိုင်နေရပြီး နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်အတွက်တော့ ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်ခံစစ်ကို ဦးဆောင်ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် ယူရိုသန်း ၁၀၀ တန် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းဘက်ကို အရေးပါတဲ့ အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သူလည်းဖြစ်ပြီး အပြာရောင်တွေအတွက် လက်ရှိအချိန်အထိ ငါးပွဲဆက်တိုက် မပျက်မကွက် ပါဝင်ကစားထားပေးတဲ့ ကျောရိုးမဏ္ဍိုင်လည်း ဖြစ်နေခဲ့တာပါ။

သူသာ အချိန်မီ ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင်တော့ သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားကို အလွယ်တကူ ထည့်သွင်းလို့ မရသလို လက်ရှိ အနေအထားမှာတော့ တခြားခံစစ်ကို ကူညီနိုင်တဲ့သူဆိုလို့ ခြေစွမ်းသိပ်မကောင်းတဲ့ မိုနာကိုကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာ၊ ကစားပုံ ကြမ်းတမ်းပြီး ပါးနပ်မှုနည်းတဲ့ မာဆေးလ်ကစားသမား မက်တီယို ဂန်ဒူဇီတို့ နှစ်ဦးသာ ရှိနေပါတယ်။

တကယ်လို့ ချွာမင်နီရဲ့ နေရာမှာ ဂန်ဒူဇီကို အစားထိုး ကစားခိုင်းခဲ့မယ်ဆိုရင်တော့ မော်ရိုကိုလူမျိုး ဖခင်က မွေးဖွားခဲ့တဲ့ ဂန်ဒူဇီအနေနဲ့ သူ့ရဲ့ ဆွေမျိုးနိုင်ငံအသင်းကို ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာနိုင်ပြီး ကွင်းလယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်တတ်တဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားအနေနဲ့တော့ အဝါမကြာခဏ ထိတတ်တာကြောင့် နည်းပြ ဒေးရွှမ့်စ်အနေနဲ့ သုံးစွဲဖို့ စွန့်စားရမှာပါ။

ခံစစ်ပိုင်းမှာတော့ ပွဲထွက်နောက်ခံလူ အူပါမီကာနို ဒဏ်ရာရသွားပေမယ့် သူ့နေရာကို အစားဝင်နိုင်မယ့် အိတ်ဇယ်လ် ဒီဆာဆီ၊ ဝီလီယမ် ဆာလီဘာနဲ့ အီဘရာဟီမာ ကိုနာတေတို့ ရှိနေတာဖြစ်လို့ စိုးရိမ်စရာ သိပ်မရှိဘဲ ကွင်းလယ်အထိုင်ပြောင်းသွားရင် တူနီးရှားနဲ့ပွဲကလိုမျိုး ပုံပျက်သွားမလား ဆိုတာကိုတော့ ထိတ်လန့်စရာဖြစ်နေရပါတယ်။

တခြား ပွဲထွက်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရာဖေးလ် ဗာရွန်းကတော့ မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ရာမှာ စိတ်ကြီးဝင်ပြီး တစ်ဖက်အသင်းကို အထင် မသေးဖို့ လိုတယ်လို့ သတိပေးလိုက်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ မှားသွားရင် ခံသွားရနိုင်ကြောင်းကို ရှေ့က တူနီးရှားနဲ့ ရှုံးပွဲလိုမျိုးဖြစ်မလာအောင် ကြိုတင် သတိပေးထားခဲ့တာပါ။

“ဒါက ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်ပါ။ ခင်ဗျားတို့တွေအနေနဲ့ ဒီပွဲမျိုး ကစားခွင့်ရရင် ကိုယ့်မှာ ရှိသမျှ အစွမ်းကုန် ပေးဆပ်ဖို့ ကြိုးစားကြမှာပဲ မဟုတ်ဘူးလား။ သူတို့ မော်ရိုကိုအသင်းအနေနဲ့ သမိုင်းသစ်ကို ရေးထိုးနေတာဖြစ်သလို အသင်းလိုက် စုပေါင်းအားနဲ့ အကောင်းဆုံး ကစားနေကြပြီး ယုံကြည်မှုလည်း မြင့်မားကြသူတွေဖြစ်ပါတယ်”လို့ ပြိုင်ဘက်ကို အလစ်မပေး အထင်မသေးဖို့ ဗာရွန်းက ပြောကြားသွားခဲ့ပါတယ်။

မော်ရိုကိုအသင်းအနေနဲ့ ဒီအဆင့်အထိ တက်ရောက်လာခဲ့တာဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ အလုပ်ကို လုပ်ပြခဲ့တာဖြစ်ပြီး အသင်းကို နာမည်ကြီး နည်းပြ မဟုတ်တဲ့ ပြည်တွင်းနည်းပြ ဝါလစ် ရီဂရာဂွီနဲ့ မောင်းနှင်လာခဲ့သလို တစ်သင်းလုံးအနေနဲ့ အကောင်းဆုံးပေးဆပ်ပြီး စုစည်းမှုအပြည့်နဲ့ ကစားနေခဲ့လို့ ခုလိုမျိုး အအောင်မြင်ဆုံး အာဖရိကအသင်းသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။

ပြင်သစ်အသင်းနဲ့ မော်ရိုကိုအသင်းတို့ ကစားမယ့် ပွဲစဉ်ကိုတော့ မက္ကဆီကိုဒိုင်လူကြီး ဆီဆာ ရာမို့စ်က ကိုင်တွယ်သွားမှာဖြစ်ပြီး လူပြန်စုံလာမယ့် အက်တလတ်စ် တောင်ခြင်္သေ့တွေကို အပြာရောင်ကြက်ဖတွေက အလွယ်တကူနဲ့တော့ ကျော်ဖြတ်နိုင်ဖို့ မရှိဘဲ မော်ရိုကိုခံစစ်ကို ကျော်ဖြတ်ဖို့ သူ့ရဲ့ အသင်းဖော် အက်ရှ်ရက်ဖ် ဟာကီမီနဲ့ ရင်ဆိုင်ရမယ့် ခီလီယန် အမ်ဘာပေကရော လုပ်ပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္အသင္းအေနနဲ႔ လာမယ့္ ေမာ္႐ိုကိုအသင္းနဲ႔ ကမာၻ႔ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ သူတို႔ရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဒါယို အူပါမီကာႏိုနဲ႔ ကြင္းလယ္လူ အူဟယ္လီယင္ ခြၽာမင္နီတို႔ လြဲေခ်ာ္မယ့္ ျပႆနာနဲ႔ ရင္ဆိုင္ေနရၿပီး နည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္အတြက္ေတာ့ ေခါင္းခဲစရာ ျဖစ္လာခဲ့ပါတယ္။

အသင္းရဲ႕ ကြင္းလယ္ခံစစ္ကို ဦးေဆာင္ကစားေနတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ယူ႐ိုသန္း ၁၀၀ တန္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူဟာ ကြာတားဖိုင္နယ္မွာ အဂၤလန္အသင္းဘက္ကို အေရးပါတဲ့ အဖြင့္ဂိုးကို လွလွပပ သြင္းယူေပးခဲ့သူလည္းျဖစ္ၿပီး အျပာေရာင္ေတြအတြက္ လက္ရွိအခ်ိန္အထိ ငါးပြဲဆက္တိုက္ မပ်က္မကြက္ ပါဝင္ကစားထားေပးတဲ့ ေက်ာ႐ိုးမ႑ိဳင္လည္း ျဖစ္ေနခဲ့တာပါ။

သူသာ အခ်ိန္မီ ႀကံ့ခိုင္မႈ မျပည့္ဝဘူးဆိုရင္ေတာ့ သူ႔ေနရာကို အစားထိုးႏိုင္မယ့္ ကစားသမားကို အလြယ္တကူ ထည့္သြင္းလို႔ မရသလို လက္ရွိ အေနအထားမွာေတာ့ တျခားခံစစ္ကို ကူညီႏိုင္တဲ့သူဆိုလို႔ ေျခစြမ္းသိပ္မေကာင္းတဲ့ မိုနာကိုကြင္းလယ္လူ ယူဆြတ္ဖ္ ဖိုဖာနာ၊ ကစားပုံ ၾကမ္းတမ္းၿပီး ပါးနပ္မႈနည္းတဲ့ မာေဆးလ္ကစားသမား မက္တီယို ဂန္ဒူဇီတို႔ ႏွစ္ဦးသာ ရွိေနပါတယ္။

တကယ္လို႔ ခြၽာမင္နီရဲ႕ ေနရာမွာ ဂန္ဒူဇီကို အစားထိုး ကစားခိုင္းခဲ့မယ္ဆိုရင္ေတာ့ ေမာ္႐ိုကိုလူမ်ိဳး ဖခင္က ေမြးဖြားခဲ့တဲ့ ဂန္ဒူဇီအေနနဲ႔ သူ႔ရဲ႕ ေဆြမ်ိဳးႏိုင္ငံအသင္းကို ျပန္လည္ရင္ဆိုင္ရဖို႔ ျဖစ္လာႏိုင္ၿပီး ကြင္းလယ္မွာ ေဟာင္ဖြာေဟာင္ဖြာလုပ္တတ္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ေတာ့ အဝါမၾကာခဏ ထိတတ္တာေၾကာင့္ နည္းျပ ေဒး႐ႊမ့္စ္အေနနဲ႔ သုံးစြဲဖို႔ စြန႔္စားရမွာပါ။

ခံစစ္ပိုင္းမွာေတာ့ ပြဲထြက္ေနာက္ခံလူ အူပါမီကာႏို ဒဏ္ရာရသြားေပမယ့္ သူ႔ေနရာကို အစားဝင္ႏိုင္မယ့္ အိတ္ဇယ္လ္ ဒီဆာဆီ၊ ဝီလီယမ္ ဆာလီဘာနဲ႔ အီဘရာဟီမာ ကိုနာေတတို႔ ရွိေနတာျဖစ္လို႔ စိုးရိမ္စရာ သိပ္မရွိဘဲ ကြင္းလယ္အထိုင္ေျပာင္းသြားရင္ တူနီးရွားနဲ႔ပြဲကလိုမ်ိဳး ပုံပ်က္သြားမလား ဆိုတာကိုေတာ့ ထိတ္လန႔္စရာျဖစ္ေနရပါတယ္။

တျခား ပြဲထြက္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရာေဖးလ္ ဗာ႐ြန္းကေတာ့ ေမာ္႐ိုကိုအသင္းနဲ႔ ရင္ဆိုင္ရာမွာ စိတ္ႀကီးဝင္ၿပီး တစ္ဖက္အသင္းကို အထင္ မေသးဖို႔ လိုတယ္လို႔ သတိေပးလိုက္ၿပီး ဆီမီးဖိုင္နယ္အဆင့္မွာ မွားသြားရင္ ခံသြားရႏိုင္ေၾကာင္းကို ေရွ႕က တူနီးရွားနဲ႔ ရႈံးပြဲလိုမ်ိဳးျဖစ္မလာေအာင္ ႀကိဳတင္ သတိေပးထားခဲ့တာပါ။

“ဒါက ကမာၻ႔ဖလားရဲ႕ ဆီမီးဖိုင္နယ္ပါ။ ခင္ဗ်ားတို႔ေတြအေနနဲ႔ ဒီပြဲမ်ိဳး ကစားခြင့္ရရင္ ကိုယ့္မွာ ရွိသမွ် အစြမ္းကုန္ ေပးဆပ္ဖို႔ ႀကိဳးစားၾကမွာပဲ မဟုတ္ဘူးလား။ သူတို႔ ေမာ္႐ိုကိုအသင္းအေနနဲ႔ သမိုင္းသစ္ကို ေရးထိုးေနတာျဖစ္သလို အသင္းလိုက္ စုေပါင္းအားနဲ႔ အေကာင္းဆုံး ကစားေနၾကၿပီး ယုံၾကည္မႈလည္း ျမင့္မားၾကသူေတြျဖစ္ပါတယ္”လို႔ ၿပိဳင္ဘက္ကို အလစ္မေပး အထင္မေသးဖို႔ ဗာ႐ြန္းက ေျပာၾကားသြားခဲ့ပါတယ္။

ေမာ္႐ိုကိုအသင္းအေနနဲ႔ ဒီအဆင့္အထိ တက္ေရာက္လာခဲ့တာဟာ ဘယ္သူမွ ထင္မွတ္မထားတဲ့ အလုပ္ကို လုပ္ျပခဲ့တာျဖစ္ၿပီး အသင္းကို နာမည္ႀကီး နည္းျပ မဟုတ္တဲ့ ျပည္တြင္းနည္းျပ ဝါလစ္ ရီဂရာဂြီနဲ႔ ေမာင္းႏွင္လာခဲ့သလို တစ္သင္းလုံးအေနနဲ႔ အေကာင္းဆုံးေပးဆပ္ၿပီး စုစည္းမႈအျပည့္နဲ႔ ကစားေနခဲ့လို႔ ခုလိုမ်ိဳး အေအာင္ျမင္ဆုံး အာဖရိကအသင္းသစ္အျဖစ္ မွတ္တမ္းေရးထိုးႏိုင္ခဲ့တာပါ။

ျပင္သစ္အသင္းနဲ႔ ေမာ္႐ိုကိုအသင္းတို႔ ကစားမယ့္ ပြဲစဥ္ကိုေတာ့ မကၠဆီကိုဒိုင္လူႀကီး ဆီဆာ ရာမို႔စ္က ကိုင္တြယ္သြားမွာျဖစ္ၿပီး လူျပန္စုံလာမယ့္ အက္တလတ္စ္ ေတာင္ျခေသၤ့ေတြကို အျပာေရာင္ၾကက္ဖေတြက အလြယ္တကူနဲ႔ေတာ့ ေက်ာ္ျဖတ္ႏိုင္ဖို႔ မရွိဘဲ ေမာ္႐ိုကိုခံစစ္ကို ေက်ာ္ျဖတ္ဖို႔ သူ႔ရဲ႕ အသင္းေဖာ္ အက္ရွ္ရက္ဖ္ ဟာကီမီနဲ႔ ရင္ဆိုင္ရမယ့္ ခီလီယန္ အမ္ဘာေပကေရာ လုပ္ျပႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.