Article International Match Preview World Cup

ကမ္ဘာ့ဖလားရပြီး အာဂျင်တီးနားကနေ မက်ဆီ စိတ်ဖြောင့်ဖြောင့်နဲ့ အနားယူနိုင်မှာလား

အာဂျင်တီးနားအသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ ခြေနှစ်လှမ်းအလိုကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဒီနေ့ညမှာ ခရိုအေးရှားအသင်းနဲ့ ဆီမီးဖိုင်နယ် ကစားရမှာဖြစ်သလို သူတို့ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ နောက်တစ်ဆင့်မှာ မော်ရိုကိုနဲ့ ပြင်သစ်တို့အတွဲက အနိုင်ရပြီး တက်လာမယ့်သူနဲ့ ဗိုလ်လုသွားရဖို့ ဖြစ်လာတော့မှာပါ။

ဘယ်လောက်မှ စုဖွဲ့မှု မကောင်းဘူးဆိုတာ ဆော်ဒီအာရေးဘီးယားရဲ့ သက်သေပြခြင်းကို ခံလိုက်ရတဲ့ အာဂျင်တီးနားအသင်းကို ဒီအဆင့်အထိ ရောက်လာအောင် ထမ်းတင်ပေးနေခဲ့တာကတော့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီပဲဖြစ်ပြီး နေရာတိုင်းမှာ တစ်ဆင့်နိမ့်နေပြီး B Class လောက်ပဲ သတ်မှတ်ရမယ့် သူ့လူတွေကို သူ့ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဖြည့်ဆည်းပေးထားတာလည်းဖြစ်ပါတယ်။

မက်ဆီအနေနဲ့ အသင်းခေါင်းဆောင်တာဝန်ကို ၂၀၁၁ ခုနှစ်မှာ စတင်ရယူခဲ့သူဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ကတည်းက တာဝန်ကြီးတဲ့ လက်ပတ်ကို ထမ်းပိုးလာခဲ့သလို လက်ရွေးစင်ကနေ အနားယူပြီလို့ ဆိုခဲ့ဖူးပေမယ့် ပရိသတ်တွေနဲ့ နိုင်ငံသားတွေရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်လို့ တစ်လအကြာမှာ ပြန်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ရဖူးတာပါ။

လက်ရှိ အာဂျင်တီးနားမြေမှာ ဒီယေဂို မာရာဒိုနာရဲ့ ခြေရာကို နင်းနိုင်သူအဖြစ် သမက်တော်ခဲ့တဲ့ ဆာဂျီယို အဂွေရိုကို ကျော်ဖြတ်ပြီး အသိအမှတ် ပြုခံခဲ့ရတဲ့ မက်ဆီဟာ သူ့ရှေ့က ဂန္ထဝင်ကြီးနဲ့ နေရာတိုင်းနီးပါးမှာ ထပ်တူညီရင်ညီ၊ မညီရင် သာလွန်နေခဲ့ချိန်မှာ တစ်ခုတည်းသော လစ်ဟာနေမှုနဲ့ နိမ့်ကျနေမှုဖြစ်တဲ့ ကမ္ဘာ့ဖလားတစ်လုံးကိုတော့ ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ရဲ့ အနီးကပ် အနေအထားတွေမှာ ကြောင်ပျောက်ပြီး တစ်ဖက်တိုက်စစ်ရဲ့ ဂိုးသွင်းမှုကို ကျားကုတ်ကျားခဲ ကာကွယ်ရမယ့်အစား “ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ”ဆိုတဲ့ ပုံစံနဲ့ အလွယ်တကူ လက်လျှော့တတ်တာ၊ ရိုမဲရိုးနဲ့ အော့တာမန်ဒီတို့ရဲ့ လူကပ်ကစားပုံတွေ လစ်ဟာတတ်တာ၊ ကွင်းလယ်မှာ ဒီပေါလ်က ဘေးနဲ့ နောက်တွေချည်း ပေးနေတာ၊ တိုက်စစ်မှာ လော်တာရိုက ဖြုန်းလွန်းတာတွေ အားလုံးကို ဖာထေးဖို့ မက်ဆီတစ်ဦးတည်းက လုပ်နေရပြီး သူ ကျေနပ်နိုင်မယ့်သူဆိုလို့ ကွင်းလယ်မှာ နေရာစုံ လိုက်ကစားပေးနေတဲ့ အန်ဇို ဖာနန်ဒက်ဇ်တစ်ယောက်တည်း ရှိနေခဲ့တာပါ။

ဒီလိုမျိုး အားနည်းမှုတွေကို အာဂျင်တီးနားတို့ ပိုင်ဆိုင်ထားပေမယ့် မက်ဆီကတော့ သူတို့ရဲ့ အရာအားလုံးထဲက တစ်ခုတည်းသော အားသာချက် ဖြစ်နေသလို အသက် ၃၅ နှစ်အရွယ်မှာ မြန်နှုန်းမြင့် ကစားသမား မဟုတ်တာကလွဲရင် သူ့ရဲ့ ရွေ့လျားမှုနဲ့ ဉာဏ်ကြီးရှင် ကစားဟန်ကို တားဆီးဖို့ ခက်ပြီး ဒါကလည်း သူတို့ကို နိုင်ပွဲတွေ ရနေစေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ သူ့လိုပဲ နှစ်ချို့ဝိုင်တစ်ဦးဖြစ်တဲ့ လူကာ မိုဒရစ်ချ်က ကွင်းလယ်မှာ ဦးဆောင်လာမယ့် ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်နွှဲရမှာဖြစ်ပြီး လက်စွမ်းပြနေတဲ့ ဂိုးသမား ဒေါမနစ် လီဗာကိုဗစ်ချ်နဲ့ ဘရာဇီးလ်နဲ့ပွဲမှာ နေမာကို ဝိုင်းချုပ်ထားခဲ့တဲ့ မက်တီယို ကိုဗာချစ်ချ်၊ မာဆယ်လို ဘရိုဇိုဗစ်ချ်နဲ့ မိုဒရစ်ချ်တို့ သုံးဦးကို အဓိက ကျော်ဖြတ်နိုင်ဖို့ မက်ဆီတစ်ယောက် ကြိုးစားရမှာပါ။

သူတို့သုံးဦးနဲ့ ရင်ဆိုင်ရမယ့် မက်ဆီကို အန်ဇို ဖာနန်ဒက်ဇ်၊ ဒီပေါလ်၊ ဒီမာရီယာတို့တွေ ဘယ်လောက် ကူညီသွားနိုင်မလဲဆိုတာက ဒီနေ့ပွဲရဲ့ အဖြေဖြစ်ဖို့ ရှိနေပြီး အာဂျင်တိုင်းကပ္ပတိန်ကတော့ “မည်သူမဆို ကူညီသည်ဖြစ်စေ၊ မည်သူမဆို မကူညီဖြစ်စေ၊ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝအခြေအနေ…”ဆိုတဲ့ “လုလင်ငယ်သွေး”သီချင်းထဲကလိုပဲ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြဖို့ ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အာဂျင်တီးနားကစားသမားတွေရဲ့ စံချိန်မှန်သမျှကို တစ်ဦးတည်း လိုက်လံပိုင်ဆိုင်နိုင်ခဲ့တဲ့ မက်ဆီအနေနဲ့ လာမယ့်ပွဲမှာ ဂါဘရီယယ်လ် ဘာတစ္စတူတာရဲ့ သွင်းဂိုး ၁၀ ဂိုး စံချိန်နဲ့ တူညီနေမှုကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်သွားနိုင်မလားဆိုတာကိုလည်း သူ့ရဲ့ ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ရမှာဖြစ်ပြီး သူဂိုးသွင်းနိုင်မယ်လို့ အားလုံးကတော့ တစ်ညီတစ်ညွတ်တည်း မျှော်လင့်နေကြတာပါ။

ခရိုအေးရှားကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ သူတို့ကို ၂၀၁၈ တုန်းက အလဲထိုးခဲ့တဲ့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တွေ့ဆုံရဖို့ များနေပြီး ၂၀၁၄ ကလို မဟုတ်ဘဲ စုစည်းကစားပြီး အပြာရောင် ကြက်ဖအသင်းရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်တဲ့ ဂိုးသမား လိုရစ်ရဲ့ လျင်လျင်မြန်မြန် မလှုပ်ရှားနိုင်ဘဲ ထောင့်တွေကို ကာကွယ်နိုင်မှု နည်းတာကို ပရီးမီးယားလိဂ် ကစားသမားတွေလို ထိုးနှက်နိုင်ခဲ့မယ်ဆိုရင်တော့ အာဂျင်တီးနားတို့ အလုပ်ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ကနေ ခြေနှစ်လှမ်းနဲ့ နိုင်ပွဲနှစ်ပွဲသာ လိုအပ်တော့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ဖို့နဲ့ အာဂျင်တီးနားတို့ကို တတိယအကြိမ် ချန်ပီယံဆု ဆွတ်ခူးနိုင်တာ မြင်ရဖို့ကတော့ ပရိသတ်တော်တော်များများက တောင့်တနေတာဖြစ်ပြီး သမိုင်းပေးတာဝန်အရ ဝန်ထုပ်ဝန်ပိုးတွေကို မဖယ်ရှားနိုင်သေးဘဲ ဦးဆောင်နေရတဲ့ မက်ဆီအနေနဲ့ လက်ရွေးစင်ဘဝကို စိတ်ဖြောင့်ဖြောင့်နဲ့ စွန့်လွှတ်အနားယူနိုင်ဖို့ကိုလည်း ဆုတောင်းပေးနေကြတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ေျခႏွစ္လွမ္းအလိုကို ေရာက္ရွိေနခဲ့ၿပီျဖစ္ၿပီး ဒီေန႔ညမွာ ခ႐ိုေအးရွားအသင္းနဲ႔ ဆီမီးဖိုင္နယ္ ကစားရမွာျဖစ္သလို သူတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ေတာ့ ေနာက္တစ္ဆင့္မွာ ေမာ္႐ိုကိုနဲ႔ ျပင္သစ္တို႔အတြဲက အႏိုင္ရၿပီး တက္လာမယ့္သူနဲ႔ ဗိုလ္လုသြားရဖို႔ ျဖစ္လာေတာ့မွာပါ။

ဘယ္ေလာက္မွ စုဖြဲ႕မႈ မေကာင္းဘူးဆိုတာ ေဆာ္ဒီအာေရးဘီးယားရဲ႕ သက္ေသျပျခင္းကို ခံလိုက္ရတဲ့ အာဂ်င္တီးနားအသင္းကို ဒီအဆင့္အထိ ေရာက္လာေအာင္ ထမ္းတင္ေပးေနခဲ့တာကေတာ့ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီပဲျဖစ္ၿပီး ေနရာတိုင္းမွာ တစ္ဆင့္နိမ့္ေနၿပီး B Class ေလာက္ပဲ သတ္မွတ္ရမယ့္ သူ႔လူေတြကို သူ႔ရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ျဖည့္ဆည္းေပးထားတာလည္းျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ အသင္းေခါင္းေဆာင္တာဝန္ကို ၂၀၁၁ ခုႏွစ္မွာ စတင္ရယူခဲ့သူျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ကတည္းက တာဝန္ႀကီးတဲ့ လက္ပတ္ကို ထမ္းပိုးလာခဲ့သလို လက္ေ႐ြးစင္ကေန အနားယူၿပီလို႔ ဆိုခဲ့ဖူးေပမယ့္ ပရိသတ္ေတြနဲ႔ ႏိုင္ငံသားေတြရဲ႕ ေတာင္းဆိုမႈကို မလြန္ဆန္ႏိုင္လို႔ တစ္လအၾကာမွာ ျပန္ကစားေပးဖို႔ ဆုံးျဖတ္ခဲ့ရဖူးတာပါ။

လက္ရွိ အာဂ်င္တီးနားေျမမွာ ဒီေယဂို မာရာဒိုနာရဲ႕ ေျခရာကို နင္းႏိုင္သူအျဖစ္ သမက္ေတာ္ခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ိုကို ေက်ာ္ျဖတ္ၿပီး အသိအမွတ္ ျပဳခံခဲ့ရတဲ့ မက္ဆီဟာ သူ႔ေရွ႕က ဂႏၴဝင္ႀကီးနဲ႔ ေနရာတိုင္းနီးပါးမွာ ထပ္တူညီရင္ညီ၊ မညီရင္ သာလြန္ေနခဲ့ခ်ိန္မွာ တစ္ခုတည္းေသာ လစ္ဟာေနမႈနဲ႔ နိမ့္က်ေနမႈျဖစ္တဲ့ ကမာၻ႔ဖလားတစ္လုံးကိုေတာ့ ရယူႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

အာဂ်င္တီးနားဂိုးသမား အီမီ မာတီနက္ဇ္ရဲ႕ အနီးကပ္ အေနအထားေတြမွာ ေၾကာင္ေပ်ာက္ၿပီး တစ္ဖက္တိုက္စစ္ရဲ႕ ဂိုးသြင္းမႈကို က်ားကုတ္က်ားခဲ ကာကြယ္ရမယ့္အစား “ငါလည္း ဘာမွ မတတ္ႏိုင္ဘူးေလ”ဆိုတဲ့ ပုံစံနဲ႔ အလြယ္တကူ လက္ေလွ်ာ့တတ္တာ၊ ႐ိုမဲ႐ိုးနဲ႔ ေအာ့တာမန္ဒီတို႔ရဲ႕ လူကပ္ကစားပုံေတြ လစ္ဟာတတ္တာ၊ ကြင္းလယ္မွာ ဒီေပါလ္က ေဘးနဲ႔ ေနာက္ေတြခ်ည္း ေပးေနတာ၊ တိုက္စစ္မွာ ေလာ္တာ႐ိုက ျဖဳန္းလြန္းတာေတြ အားလုံးကို ဖာေထးဖို႔ မက္ဆီတစ္ဦးတည္းက လုပ္ေနရၿပီး သူ ေက်နပ္ႏိုင္မယ့္သူဆိုလို႔ ကြင္းလယ္မွာ ေနရာစုံ လိုက္ကစားေပးေနတဲ့ အန္ဇို ဖာနန္ဒက္ဇ္တစ္ေယာက္တည္း ရွိေနခဲ့တာပါ။

ဒီလိုမ်ိဳး အားနည္းမႈေတြကို အာဂ်င္တီးနားတို႔ ပိုင္ဆိုင္ထားေပမယ့္ မက္ဆီကေတာ့ သူတို႔ရဲ႕ အရာအားလုံးထဲက တစ္ခုတည္းေသာ အားသာခ်က္ ျဖစ္ေနသလို အသက္ ၃၅ ႏွစ္အ႐ြယ္မွာ ျမန္ႏႈန္းျမင့္ ကစားသမား မဟုတ္တာကလြဲရင္ သူ႔ရဲ႕ ေ႐ြ႕လ်ားမႈနဲ႔ ဉာဏ္ႀကီးရွင္ ကစားဟန္ကို တားဆီးဖို႔ ခက္ၿပီး ဒါကလည္း သူတို႔ကို ႏိုင္ပြဲေတြ ရေနေစခဲ့တာျဖစ္ပါတယ္။

ဒီေန႔ညမွာေတာ့ သူ႔လိုပဲ ႏွစ္ခ်ိဳ႕ဝိုင္တစ္ဦးျဖစ္တဲ့ လူကာ မိုဒရစ္ခ်္က ကြင္းလယ္မွာ ဦးေဆာင္လာမယ့္ ခ႐ိုေအးရွားအသင္းနဲ႔ ရင္ဆိုင္ႏႊဲရမွာျဖစ္ၿပီး လက္စြမ္းျပေနတဲ့ ဂိုးသမား ေဒါမနစ္ လီဗာကိုဗစ္ခ်္နဲ႔ ဘရာဇီးလ္နဲ႔ပြဲမွာ ေနမာကို ဝိုင္းခ်ဳပ္ထားခဲ့တဲ့ မက္တီယို ကိုဗာခ်စ္ခ်္၊ မာဆယ္လို ဘ႐ိုဇိုဗစ္ခ်္နဲ႔ မိုဒရစ္ခ်္တို႔ သုံးဦးကို အဓိက ေက်ာ္ျဖတ္ႏိုင္ဖို႔ မက္ဆီတစ္ေယာက္ ႀကိဳးစားရမွာပါ။

သူတို႔သုံးဦးနဲ႔ ရင္ဆိုင္ရမယ့္ မက္ဆီကို အန္ဇို ဖာနန္ဒက္ဇ္၊ ဒီေပါလ္၊ ဒီမာရီယာတို႔ေတြ ဘယ္ေလာက္ ကူညီသြားႏိုင္မလဲဆိုတာက ဒီေန႔ပြဲရဲ႕ အေျဖျဖစ္ဖို႔ ရွိေနၿပီး အာဂ်င္တိုင္းကပၸတိန္ကေတာ့ “မည္သူမဆို ကူညီသည္ျဖစ္ေစ၊ မည္သူမဆို မကူညီျဖစ္ေစ၊ ကိုယ္ထူကိုယ္ထ ကိုယ့္ဘဝအေျခအေန…”ဆိုတဲ့ “လုလင္ငယ္ေသြး”သီခ်င္းထဲကလိုပဲ ကိုယ့္အလုပ္ကိုယ္ အေကာင္းဆုံးလုပ္ျပဖို႔ ရွိေနပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အာဂ်င္တီးနားကစားသမားေတြရဲ႕ စံခ်ိန္မွန္သမွ်ကို တစ္ဦးတည္း လိုက္လံပိုင္ဆိုင္ႏိုင္ခဲ့တဲ့ မက္ဆီအေနနဲ႔ လာမယ့္ပြဲမွာ ဂါဘရီယယ္လ္ ဘာတစၥတူတာရဲ႕ သြင္းဂိုး ၁၀ ဂိုး စံခ်ိန္နဲ႔ တူညီေနမႈကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္ တင္သြားႏိုင္မလားဆိုတာကိုလည္း သူ႔ရဲ႕ ပရိသတ္ေတြအေနနဲ႔ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး သူဂိုးသြင္းႏိုင္မယ္လို႔ အားလုံးကေတာ့ တစ္ညီတစ္ၫြတ္တည္း ေမွ်ာ္လင့္ေနၾကတာပါ။

ခ႐ိုေအးရွားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ေတာ့ သူတို႔ကို ၂၀၁၈ တုန္းက အလဲထိုးခဲ့တဲ့ လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႔ ေတြ႕ဆုံရဖို႔ မ်ားေနၿပီး ၂၀၁၄ ကလို မဟုတ္ဘဲ စုစည္းကစားၿပီး အျပာေရာင္ ၾကက္ဖအသင္းရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ျဖစ္တဲ့ ဂိုးသမား လိုရစ္ရဲ႕ လ်င္လ်င္ျမန္ျမန္ မလႈပ္ရွားႏိုင္ဘဲ ေထာင့္ေတြကို ကာကြယ္ႏိုင္မႈ နည္းတာကို ပရီးမီးယားလိဂ္ ကစားသမားေတြလို ထိုးႏွက္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အာဂ်င္တီးနားတို႔ အလုပ္ျဖစ္ႏိုင္ဖြယ္ ရွိေနပါတယ္။

ဆီမီးဖိုင္နယ္အဆင့္ကေန ေျခႏွစ္လွမ္းနဲ႔ ႏိုင္ပြဲႏွစ္ပြဲသာ လိုအပ္ေတာ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားကို သိမ္းပိုက္ႏိုင္ဖို႔နဲ႔ အာဂ်င္တီးနားတို႔ကို တတိယအႀကိမ္ ခ်န္ပီယံဆု ဆြတ္ခူးႏိုင္တာ ျမင္ရဖို႔ကေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေတာင့္တေနတာျဖစ္ၿပီး သမိုင္းေပးတာဝန္အရ ဝန္ထုပ္ဝန္ပိုးေတြကို မဖယ္ရွားႏိုင္ေသးဘဲ ဦးေဆာင္ေနရတဲ့ မက္ဆီအေနနဲ႔ လက္ေ႐ြးစင္ဘဝကို စိတ္ေျဖာင့္ေျဖာင့္နဲ႔ စြန႔္လႊတ္အနားယူႏိုင္ဖို႔ကိုလည္း ဆုေတာင္းေပးေနၾကတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.