International World Cup

အာဂျင်တီးနားရဲ့ ကစားပုံကို ဝေဖန်ခဲ့ပေမယ့် မက်ဆီကို ဖလားရစေချင်တဲ့ ဒိုကြီး

ဘရာဇီးလ်ရဲ့ ဂန္ထဝင်ကစားသမားနဲ့ ရော်နယ်လ်ဒိုဆိုတာ တစ်ယောက်တည်းပဲ ရှိတယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မုန်းတီးသူတွေရဲ့ ချီးပခြင်းကို ခံရတဲ့ ရော်နယ်လ်ဒို နာဇာရီယို ဒီလီမာ R9 က လက်ရှိ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားတို့ရဲ့ ကစားပုံက အသင်းကြီးတစ်သင်းအတွက် ဆိုးရွားလွန်းတယ်လို့ ဝေဖန်လိုက်ပေမယ့် လီယွန်နယ် မက်ဆီ ဖလားရရင်တော့ ပျော်ရွှင်နေမယ်လို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ကျော်ကြားခဲ့ပြီး ဘရာဇီးလ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုက နည်းပြ လီယွန်နယ် စကာလိုနီရဲ့ ကစားကွက်နဲ့ ကစားဟန်ကို အားမရဘဲဖြစ်နေပြီး အာဂျင်တီးနားတို့အနေနဲ့ မက်ဆီကြောင့်သာ ဒီလောက်အထိ ရောက်လာတာလို့ ထင်မြင်နေတာပါ။

“ကျွန်တော့်အနေနဲ့ မက်ဆီ ကမ္ဘာ့ဖလားကို ကိုင်မြှောက်တာ တွေ့ရမယ်ဆိုရင် ပျော်ရွှင်နေမှာပါ။ ဒါပေမယ့်ဗျာ… ဘရာဇီးလ်သားတစ်ယောက်အနေနဲ့တော့ ဘယ်ပျော်နိုင်မှာလဲ။ တကယ်တော့ ကျွန်တော့်တို့အသင်းကလည်း ဆုဖလားနဲ့ ထိုက်တန်ခဲ့တာပါ”လို့ မက်ဆီဘက်က ရှိနေကြောင်းကို ပြောကြားလိုက်ပေမယ့် ကွာတားဖိုင်နယ်ထွက် သူ့အသင်းအတွက်တော့ ဝမ်းနည်းနေကြောင်း ဒိုကြီးက ဆိုခဲ့တာဖြစ်ပါတယ်။

“ဘောလုံးဆိုတာ ကစားပြီး အနိုင်ရဖို့ပါပဲ။ ဘယ်သူကမှ မရှုံးချင်ကြသလို လက်လျှော့ဖို့လည်း ဆန္ဒမရှိကြပါဘူး။ သမိုင်းတွေ ရာဇဝင်တွေကြောင့် မဟုတ်ဘဲ ကစားပြီဆိုတာနဲ့ မရှုံးချင်ကြလို့ အနိုင်ရဖို့ လုပ်ကြတာဖြစ်ပါတယ်။ မက်ဆီကတော့ ဖလားရဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး အကောင်းဆုံး ခြေစွမ်းပြနေတယ်လို့ ထင်ပါတယ်”

“ဒါပေမယ့် အာဂျင်တီးနားကတော့ ကစားပုံ မကောင်းဘူးဆိုတာ ပြောရလိမ့်မယ်။ သူတို့တွေအနေနဲ့ ဆန္ဒပြင်းပြမှုနဲ့အတူ တစ်သင်းလုံး စုစည်းကြိုးစားနေလို့သာ ဒီလောက်အထိ ရောက်လာနိုင်တာဖြစ်ပြီး မက်ဆီကတော့ အနိုင်ရခြင်းတွေရဲ့ အကြောင်းပေါ့ဗျာ။ သူ့ရဲ့ ဂိုးဧရိယာနားကို ချဉ်းကပ်ပုံက သိပ်ကို ဆုံးဖြတ်ချက်မှန်လွန်းပြီး တိကျလွန်းပါတယ်။ ကျွန်တော့်တစ်ယောက်တည်းအတွက် ပြောရရင် မက်ဆီ ဖလားရရင် ပျော်မှာပါ”လို့ ဆိုခဲ့တာပါ။

မက်ဆီအနေနဲ့ သူ့ရဲ့ အာဂျင်တီးနားအသင်းကို ခေါင်းဆောင်တာဝန်ယူလာခဲ့အပြီးမှာ ဆုဖလားမရတဲ့ ကျိန်စာနဲ့ ကံကြမ္မာဆိုးတွေကနေ လွတ်မြောက်လာခဲ့ပြီလို့လည်း ယူဆရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလားကို ဘရာဇီးလ်မြေမှာ ကိုင်မြှောက်နိုင်ခဲ့မှုနဲ့အတူ အဲ့ဒီတုန်းက အသင်းကို အခြေခံထားတဲ့ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းကလည်း နောက်ထပ် အကြီးဆုံးဖလားကို ရယူဖို့ စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအတွက်တော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်မယ့် နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်နိုင်ပြီး လာမယ့်နှစ်တွေမှာတော့ အသက်အရွယ်အရ ဆက်ကစားပေးဖို့ ခက်ခဲနိုင်သလို ဒီကမ္ဘာ့ဖလားဟာ သူ့အတွက်တော့ ပေါ်တူဂီရဲ့ ရော်နယ်လ်ဒိုလိုပဲ နောက်တစ်ကြိမ် မရှိတော့တဲ့ ကြိုးစားခွင့်လည်းဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ရဲ႕ ဂႏၴဝင္ကစားသမားနဲ႔ ေရာ္နယ္လ္ဒိုဆိုတာ တစ္ေယာက္တည္းပဲ ရွိတယ္လို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မုန္းတီးသူေတြရဲ႕ ခ်ီးပျခင္းကို ခံရတဲ့ ေရာ္နယ္လ္ဒို နာဇာရီယို ဒီလီမာ R9 က လက္ရွိ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားတို႔ရဲ႕ ကစားပုံက အသင္းႀကီးတစ္သင္းအတြက္ ဆိုး႐ြားလြန္းတယ္လို႔ ေဝဖန္လိုက္ေပမယ့္ လီယြန္နယ္ မက္ဆီ ဖလားရရင္ေတာ့ ေပ်ာ္႐ႊင္ေနမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြမွာ ေက်ာ္ၾကားခဲ့ၿပီး ဘရာဇီးလ္အသင္းနဲ႔လည္း ကမာၻ႔ဖလားကို ရယူႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒိုက နည္းျပ လီယြန္နယ္ စကာလိုနီရဲ႕ ကစားကြက္နဲ႔ ကစားဟန္ကို အားမရဘဲျဖစ္ေနၿပီး အာဂ်င္တီးနားတို႔အေနနဲ႔ မက္ဆီေၾကာင့္သာ ဒီေလာက္အထိ ေရာက္လာတာလို႔ ထင္ျမင္ေနတာပါ။

“ကြၽန္ေတာ့္အေနနဲ႔ မက္ဆီ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္တာ ေတြ႕ရမယ္ဆိုရင္ ေပ်ာ္႐ႊင္ေနမွာပါ။ ဒါေပမယ့္ဗ်ာ… ဘရာဇီးလ္သားတစ္ေယာက္အေနနဲ႔ေတာ့ ဘယ္ေပ်ာ္ႏိုင္မွာလဲ။ တကယ္ေတာ့ ကြၽန္ေတာ့္တို႔အသင္းကလည္း ဆုဖလားနဲ႔ ထိုက္တန္ခဲ့တာပါ”လို႔ မက္ဆီဘက္က ရွိေနေၾကာင္းကို ေျပာၾကားလိုက္ေပမယ့္ ကြာတားဖိုင္နယ္ထြက္ သူ႔အသင္းအတြက္ေတာ့ ဝမ္းနည္းေနေၾကာင္း ဒိုႀကီးက ဆိုခဲ့တာျဖစ္ပါတယ္။

“ေဘာလုံးဆိုတာ ကစားၿပီး အႏိုင္ရဖို႔ပါပဲ။ ဘယ္သူကမွ မရႈံးခ်င္ၾကသလို လက္ေလွ်ာ့ဖို႔လည္း ဆႏၵမရွိၾကပါဘူး။ သမိုင္းေတြ ရာဇဝင္ေတြေၾကာင့္ မဟုတ္ဘဲ ကစားၿပီဆိုတာနဲ႔ မရႈံးခ်င္ၾကလို႔ အႏိုင္ရဖို႔ လုပ္ၾကတာျဖစ္ပါတယ္။ မက္ဆီကေတာ့ ဖလားရဖို႔ လမ္းေၾကာင္းေပၚမွာ ရွိေနၿပီး အေကာင္းဆုံး ေျခစြမ္းျပေနတယ္လို႔ ထင္ပါတယ္”

“ဒါေပမယ့္ အာဂ်င္တီးနားကေတာ့ ကစားပုံ မေကာင္းဘူးဆိုတာ ေျပာရလိမ့္မယ္။ သူတို႔ေတြအေနနဲ႔ ဆႏၵျပင္းျပမႈနဲ႔အတူ တစ္သင္းလုံး စုစည္းႀကိဳးစားေနလို႔သာ ဒီေလာက္အထိ ေရာက္လာႏိုင္တာျဖစ္ၿပီး မက္ဆီကေတာ့ အႏိုင္ရျခင္းေတြရဲ႕ အေၾကာင္းေပါ့ဗ်ာ။ သူ႔ရဲ႕ ဂိုးဧရိယာနားကို ခ်ဥ္းကပ္ပုံက သိပ္ကို ဆုံးျဖတ္ခ်က္မွန္လြန္းၿပီး တိက်လြန္းပါတယ္။ ကြၽန္ေတာ့္တစ္ေယာက္တည္းအတြက္ ေျပာရရင္ မက္ဆီ ဖလားရရင္ ေပ်ာ္မွာပါ”လို႔ ဆိုခဲ့တာပါ။

မက္ဆီအေနနဲ႔ သူ႔ရဲ႕ အာဂ်င္တီးနားအသင္းကို ေခါင္းေဆာင္တာဝန္ယူလာခဲ့အၿပီးမွာ ဆုဖလားမရတဲ့ က်ိန္စာနဲ႔ ကံၾကမၼာဆိုးေတြကေန လြတ္ေျမာက္လာခဲ့ၿပီလို႔လည္း ယူဆရၿပီး ၿပီးခဲ့တဲ့ ၂၀၂၁ ကိုပါအေမရိကဖလားကို ဘရာဇီးလ္ေျမမွာ ကိုင္ေျမႇာက္ႏိုင္ခဲ့မႈနဲ႔အတူ အဲ့ဒီတုန္းက အသင္းကို အေျခခံထားတဲ့ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္းကလည္း ေနာက္ထပ္ အႀကီးဆုံးဖလားကို ရယူဖို႔ စိတ္အားထက္သန္ေနၾကတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ေတာ့ ဒီကမာၻ႔ဖလားဟာ သူ႔ရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္မယ့္ ေနာက္ဆုံးၿပိဳင္ပြဲလည္း ျဖစ္ႏိုင္ၿပီး လာမယ့္ႏွစ္ေတြမွာေတာ့ အသက္အ႐ြယ္အရ ဆက္ကစားေပးဖို႔ ခက္ခဲႏိုင္သလို ဒီကမာၻ႔ဖလားဟာ သူ႔အတြက္ေတာ့ ေပၚတူဂီရဲ႕ ေရာ္နယ္လ္ဒိုလိုပဲ ေနာက္တစ္ႀကိမ္ မရွိေတာ့တဲ့ ႀကိဳးစားခြင့္လည္းျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.