Article UCL&UEL

ပေါ်တိုကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားတက်ခဲ့တဲ့ပွဲက အာတီတာမှန်ကန်ခဲ့တဲ့အရာ ၃ ခု

အာဆင်နယ်ဟာ ကစားရခက်တဲ့ ပေါ်တိုကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ကျမှ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အမ်းမရိတ်စ်ကွင်းထဲမှာ ပတ်ဝန်းကျင်ဟာ မိုးကြိုးမုန်တိုင်းလို ပြင်းထန်ဆူညံပွက်နေခဲ့ပြီး ဂန်းနားတွေဟာ ပွဲစစချင်းမှာ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေခဲ့ပေမယ့် ကြာလာတာနဲ့အမျှ ထိန်းချုပ်နိုင်စွမ်းရလာခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ ကမ္ဘာ့အဆင့် ဖန်တီးမှုကို ထရော့ဆာ့ဒ်က အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ် ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးကို ဒိုင်လူကြီးက ပီပီရဲ့ရှပ်ကို ဟာဗတ်ဇ် ဆွဲထားခဲ့တယ်ဆိုပြီး ပယ်ဖျက်ခဲ့လို့ အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယ်။

ပေါ်တိုဟာ အဆက်အပြတ် ခြိမ်းခြောက်မှုတွေနဲ့ အိမ်ရှင်တွေကို ပြဿနာတက်စေခဲ့ပြီး အချိန်ပို မိနစ် ၃၀ မှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ရာယာရဲ့ သူရဲကောင်းဆန်တဲ့လက်စွမ်းပြမှုကြောင့် ၄-၂ နဲ့ အနိုင်ရခဲ့တာပါ။

အာတီတာဟာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ့် အလွန်ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ ကြိုတွက်ထားခဲ့မှာဖြစ်ပြီး ကြီးမားတဲ့နိုင်ပွဲမှာ အဓိကကျခဲ့တဲ့ ဆုံးဖြတ်ချက် ၃ ခု၊ တစ်နည်းဆိုရရင် အာတီတာရဲ့ မှန်ကန်ခဲ့တဲ့ ဆုံးဖြတ်ချက် ၃ ခုရှိခဲ့ပါတယ်။

ရမ်းစ်ဒေးလ်အစား ရာယာကို​ ပြန်သုံးခဲ့တဲ့ အာတီတာ

ကမ္ဘာတလွှားက အာဆင်နယ်ပရိသတ်တွေက ပြီးခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အကောင်းအဆိုးရောထွေးခဲ့တဲ့ ရမ်းစ်ဒေးလ်ကို မြင်တွေ့ခဲ့ရပြီးနောက် ရာယာကို ပေါ်တိုနဲ့ပွဲလူစာရင်းမှာပြန်မြင်လိုက်ရလို့ စိတ်အေးခဲ့ကြမှာပါ။ ပြီးခဲ့တဲ့နွေတုန်းကတော့ စပိန်ဂိုးသမားကို အာတီတာ ဘာလုပ်ဖို့ခေါ်တာလဲလို့ နားမလည်ဖြစ်ခဲ့ကြပေမယ့်လည်း ပွဲထွက်လူစာရင်းမှာ ခုဆိုရင် ရာယာနာမည်ပါလာရင် စိတ်သက်သာရာရနေကြတာက စပိန်လူမျိုးနည်းပြရဲ့ မယုံနိုင်လောက်စရာ အရည်အချင်းရှိတဲ့ကစားသမားရှာဖွေနိုင်စွမ်းကြောင့်ဆိုတာ အသိအမှတ်ပြုရမှာပါ။ ရာယာဟာ ပေါ်တိုနဲ့ပွဲမှာ အရေးကြီးတဲ့ ကာကွယ်မှုတွေ အများအပြားပြုုလပ်နိုင်ခဲ့ပြီး ၂၂ မိနစ်နဲ့ ၂၉ မိနစ်တို့မှာ ကြီးမားတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ထရော့ဆာ့ဒ်ကို ယုံကြည်မှုပေးခဲ့တဲ့ အာတီတာ

မာတီနယ်လီ မပါဝင်နိုင်မှုကြောင့် ဘယ်တောင်ပံမှာ ထရော့ဆာ့ဒ်ကို ထည့်သုံးရတာက အာတီတာအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ မကြာသေးမီကမှ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ဂျေးဇုက ဒီရာသီ ချန်ပီယံလိဂ်မှာ ထူးခြားတဲ့မှတ်တမ်းတွေ ပိုင်ဆိုင်ထားပြီး ၅ ပွဲပါဝင်ကစားပေးထားခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အတွက် အကောင်းဆုံး ထိုးဖောက်တိုက်စစ်ဆင်မှုတွေက ထရော့ဆာ့ဒ်ရဲ့ ဘယ်ခြမ်းကနေ ဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အော်ဒီဂွါဒ်ရဲ့ ရင်သပ်ရှုမောဖွယ်ပေးပို့မှုကနေ တိကျသေသပ်တဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူပေးခဲ့တာပါ။

သင်ခန်းစာ ယူနိုင်ခဲ့တဲ့ အာဆင်နယ်

အဖွင့်ပွဲကစားချိန် မိနစ် ၃၀ မှာ အထနှေးနေခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ပြီးခဲ့တဲ့လ ပေါ်တိုက စိတ်ပျက်စရာညကနေ တန်ဖိုးရှိတဲ့သင်ခန်းစာကို သင်ယူနိုင်ခဲ့ပုံပေါ်ပါတယ်။ ဂန်းနားတွေဟာ ပထမအကျော့တုန်းကလို ပေါ်တိုဟာ ထိရောက်တဲ့ ရွေ့လျားမှုတွေ မပြုလုပ်နိုင်ခင်

တောင်ပံကစားသမားတွေဆီကို ဘောလုံး ပိုမြန်မြန်ပေးပို့ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ရာယာကလည်း ပုံမှန်ထက်ကို မကြာခဏ ပိုပြီး အဝေးဘောပေးပို့ ညွှန်ကြားချက်တွေ လက်ခံရရှိခဲ့တာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး ပထမအကျော့မှာ ဂန်းနားတွေအတွက် ရှေ့တက်ဖို့ အခက်တွေ့စေခဲ့တဲ့ ကွင်းလယ်မှာ ခပ်ကြမ်းကြမ်းပိတ်ဆို့ထားမှုကို ကျော်လွှားပြီး အသက်အရွယ်ရနေပြီဖြစ်တဲ့ ပေါ်တိုခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဟာ ကစားရခက္တဲ့ ေပၚတိုကို အိမ္ကြင္းအမ္းမရိတ္စ္မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ၂ ေက်ာ့ေပါင္းရလဒ္ ၁-၁ ျဖစ္ေနခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္က်မွ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

အမ္းမရိတ္စ္ကြင္းထဲမွာ ပတ္ဝန္းက်င္ဟာ မိုးႀကိဳးမုန္တိုင္းလို ျပင္းထန္ဆူညံပြက္ေနခဲ့ၿပီး ဂန္းနားေတြဟာ ပြဲစစခ်င္းမွာ ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္ေနခဲ့ေပမယ့္ ၾကာလာတာနဲ႔အမွ် ထိန္းခ်ဳပ္ႏိုင္စြမ္းရလာခဲ့ၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ကမာၻ႔အဆင့္ ဖန္တီးမႈကို ထေရာ့ဆာ့ဒ္က အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ဒုတိယပိုင္းမွာ ေနာက္ထပ္ ဦးေဆာင္ဂိုးရရွိခဲ့ေပမယ့္လည္း ေအာ္ဒီဂြါဒ္ရဲ႕ သြင္းဂိုးကို ဒိုင္လူႀကီးက ပီပီရဲ႕ရွပ္ကို ဟာဗတ္ဇ္ ဆြဲထားခဲ့တယ္ဆိုၿပီး ပယ္ဖ်က္ခဲ့လို႔ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရပါတယ္။

ေပၚတိုဟာ အဆက္အျပတ္ ၿခိမ္းေျခာက္မႈေတြနဲ႔ အိမ္ရွင္ေတြကို ျပႆနာတက္ေစခဲ့ၿပီး အခ်ိန္ပို မိနစ္ ၃၀ မွာလည္း ဂိုးမသြင္းႏိုင္ခဲ့ၾကလို႔ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရာမွာ ရာယာရဲ႕ သူရဲေကာင္းဆန္တဲ့လက္စြမ္းျပမႈေၾကာင့္ ၄-၂ နဲ႔ အႏိုင္ရခဲ့တာပါ။

အာတီတာဟာ ခက္ခဲတဲ့ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ရမယ့္ အလြန္ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္မယ္ဆိုတာ ႀကိဳတြက္ထားခဲ့မွာျဖစ္ၿပီး ႀကီးမားတဲ့ႏိုင္ပြဲမွာ အဓိကက်ခဲ့တဲ့ ဆုံးျဖတ္ခ်က္ ၃ ခု၊ တစ္နည္းဆိုရရင္ အာတီတာရဲ႕ မွန္ကန္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ ၃ ခုရွိခဲ့ပါတယ္။

ရမ္းစ္ေဒးလ္အစား ရာယာကို​ ျပန္သုံးခဲ့တဲ့ အာတီတာ

ကမာၻတလႊားက အာဆင္နယ္ပရိသတ္ေတြက ၿပီးခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ အေကာင္းအဆိုးေရာေထြးခဲ့တဲ့ ရမ္းစ္ေဒးလ္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ရာယာကို ေပၚတိုနဲ႔ပြဲလူစာရင္းမွာျပန္ျမင္လိုက္ရလို႔ စိတ္ေအးခဲ့ၾကမွာပါ။ ၿပီးခဲ့တဲ့ေႏြတုန္းကေတာ့ စပိန္ဂိုးသမားကို အာတီတာ ဘာလုပ္ဖို႔ေခၚတာလဲလို႔ နားမလည္ျဖစ္ခဲ့ၾကေပမယ့္လည္း ပြဲထြက္လူစာရင္းမွာ ခုဆိုရင္ ရာယာနာမည္ပါလာရင္ စိတ္သက္သာရာရေနၾကတာက စပိန္လူမ်ိဳးနည္းျပရဲ႕ မယုံႏိုင္ေလာက္စရာ အရည္အခ်င္းရွိတဲ့ကစားသမားရွာေဖြႏိုင္စြမ္းေၾကာင့္ဆိုတာ အသိအမွတ္ျပဳရမွာပါ။ ရာယာဟာ ေပၚတိုနဲ႔ပြဲမွာ အေရးႀကီးတဲ့ ကာကြယ္မႈေတြ အမ်ားအျပားျပဳုလပ္ႏိုင္ခဲ့ၿပီး ၂၂ မိနစ္နဲ႔ ၂၉ မိနစ္တို႔မွာ ႀကီးမားတဲ့ ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ထေရာ့ဆာ့ဒ္ကို ယုံၾကည္မႈေပးခဲ့တဲ့ အာတီတာ

မာတီနယ္လီ မပါဝင္ႏိုင္မႈေၾကာင့္ ဘယ္ေတာင္ပံမွာ ထေရာ့ဆာ့ဒ္ကို ထည့္သုံးရတာက အာတီတာအတြက္ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။ မၾကာေသးမီကမွ ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ေဂ်းဇုက ဒီရာသီ ခ်န္ပီယံလိဂ္မွာ ထူးျခားတဲ့မွတ္တမ္းေတြ ပိုင္ဆိုင္ထားၿပီး ၅ ပြဲပါဝင္ကစားေပးထားခဲ့ရာမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အတြက္ အေကာင္းဆုံး ထိုးေဖာက္တိုက္စစ္ဆင္မႈေတြက ထေရာ့ဆာ့ဒ္ရဲ႕ ဘယ္ျခမ္းကေန ျဖစ္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ေအာ္ဒီဂြါဒ္ရဲ႕ ရင္သပ္ရႈေမာဖြယ္ေပးပို႔မႈကေန တိက်ေသသပ္တဲ့ အဆုံးသတ္နဲ႔ ဂိုးသြင္းယူေပးခဲ့တာပါ။

သင္ခန္းစာ ယူႏိုင္ခဲ့တဲ့ အာဆင္နယ္

အဖြင့္ပြဲကစားခ်ိန္ မိနစ္ ၃၀ မွာ အထေႏွးေနခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ၿပီးခဲ့တဲ့လ ေပၚတိုက စိတ္ပ်က္စရာညကေန တန္ဖိုးရွိတဲ့သင္ခန္းစာကို သင္ယူႏိုင္ခဲ့ပုံေပၚပါတယ္။ ဂန္းနားေတြဟာ ပထမအေက်ာ့တုန္းကလို ေပၚတိုဟာ ထိေရာက္တဲ့ ေ႐ြ႕လ်ားမႈေတြ မျပဳလုပ္ႏိုင္ခင္

ေတာင္ပံကစားသမားေတြဆီကို ေဘာလုံး ပိုျမန္ျမန္ေပးပို႔ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ ရာယာကလည္း ပုံမွန္ထက္ကို မၾကာခဏ ပိုၿပီး အေဝးေဘာေပးပို႔ ၫႊန္ၾကားခ်က္ေတြ လက္ခံရရွိခဲ့တာ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရၿပီး ပထမအေက်ာ့မွာ ဂန္းနားေတြအတြက္ ေရွ႕တက္ဖို႔ အခက္ေတြ႕ေစခဲ့တဲ့ ကြင္းလယ္မွာ ခပ္ၾကမ္းၾကမ္းပိတ္ဆို႔ထားမႈကို ေက်ာ္လႊားၿပီး အသက္အ႐ြယ္ရေနၿပီျဖစ္တဲ့ ေပၚတိုခံစစ္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.