International World Cup

မက်ဆီကို ကမ္ဘာ့ဖလားရစေချင်သလို မရစေချင်သလိုပြောသွားခဲ့တဲ့ ရိုနယ်လ်ဒို

ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒို နာဇာရီယိုဟာ ကစားသမားဘဝကနေ အနားမယူခင်မှာ ကမ္ဘာ့ဖလားကို ရရှိဖို့ ထိုက်တန်တယ်ဆိုတဲ့ ယူဆချက်တွေ ကြီးထွားလာနေချိန်မှာ ၎င်းရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၀၂ ကမ္ဘာ့ချန်ပီယံဟောင်းက အာဂျင်တီးနားကြယ်ပွင့်က ကမ္ဘာ့ဖလားကို အနိုင်ရရှိသွားမယ်ဆိုရင် ပျော်ရွှင်မိလိမ့်မယ်လို့ ပြောရင် ကြောင်သူတော် လုပ်ရာကျမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လူအများက ထိုက်တန်တယ်လို့ ယူဆထားပေမယ့်လည်း လက်တွေ့မှာ ဖြစ်ချင်မှ ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ထပ်တစ်ကြိမ် ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်ပြသနေသူဖြစ်ပြီး အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပြီး ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးထားသူဖြစ်ပါတယ်။

အများစုက ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပြိုင်ဘက်တွေအားလုံးကို ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်နေတာသလို အချို့ကလည်း ဘောလုံးလောက က မက်ဆီကို ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး အကြွေးတင်နေတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုနယ်လ်ဒိုက ဘောလုံးသမားတိုင်းဟာ ဂုဏ်သိက္ခာအကြီးမားဆုံးနိုင်ငံတကာဆုဖလားကြီးဖြစ်တဲ့ ကမ္ဘာ့ဖလားကို ရရှိဖို့အတွက် ထိုက်တန်တယ်လို့ ငြင်းခုံခဲ့ပေမယ့် ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးက အာဂျင်တီးနားကြယ်ပွင့်ရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဘောလုံးနဲ့ဆိုရင် လူသတ်သမားလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ကမ္ဘာ့ဖလားရရှိဖို့ ထိုက်တန်လားလို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ရိုနယ်လ်ဒိုက “ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ အားလုံးလည်း အဲဒါနဲ့ ထိုက်တန်ပါတယ်။ ဘယ်သူကမှ ခင်ဗျားကို ဘာမှပေးမှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ဇာတ်လမ်းအတွက်တောင်မှပေါ့”

“အာဂျင်တီးနားက အရမ်းကောင်းကောင်း မကစားနိုင်ပေမယ့် သူတို့တွေ အတူတကွ ကစားနေတယ်။ သူတို့တွေက ခပ်ကြမ်းကြမ်းကစားနိုင်ပြီး ပင်နယ်တီဧရိယာနားမှာဆိုရင် အဆုံးအဖြတ်ပေးနိုင်တဲ့ မက်ဆီကလည်း ရှိနေပါတယ်။ သူက အရင်တုန်းကထက် ပြေးနှုန်းက လျော့နည်းနေပါပြီ”လို့ ပြောကြာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟောင်းက မက်ဆီအနေနဲ့ ကမ္ဘာ့ဖလားရရှိမယ်ဆိုရင် ပျော်ရွှင်မှာလားဆိုတဲ့ မေးခွန်းကို ရှင်းလင်းခဲ့ပြီး ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ကြားက ယှဉ်ပြိုင်မှုကြောင့် ပီအက်စ်ဂျီကြယ်ပွင့်ကို အားပေးလို့မရနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက ကမ္ဘာ့ဖလားရဖို့အပေါ်မှာ အရမ်းအာရုံစိုက်နေခဲ့ပါတယ်။ သူ့ရဲ့ ပုံစံနဲ့အတူ ကျွန်တော် မြင်ရပါတယ်။ သူတို့တွေ ဖလားရမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာဖြစ်ပေမယ့် ကျွန်တော်တို့မှာ အရမ်းကြီးမားတဲ့ ပြိုင်ဆိုင်မှုက ရှိနေပြီး ကျွန်တော် အာဂျင်တီးနားအတွက် ပျော်ရွှင်မိလိမ့်မယ်လို့ ပြောရင် နည်းနည်း ကြောင်သူတော်လုပ်သလို ဖြစ်ပါလိမ့်မယ်။ ဘောလုံးက ရိုမန်းတစ်ဆန်တယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်သူချန်ပီယံဖြစ်ဖြစ် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒို နာဇာရီယိုဟာ ကစားသမားဘဝကေန အနားမယူခင္မွာ ကမာၻ႔ဖလားကို ရရွိဖို႔ ထိုက္တန္တယ္ဆိုတဲ့ ယူဆခ်က္ေတြ ႀကီးထြားလာေနခ်ိန္မွာ ၎ရဲ႕ ထင္ျမင္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

၂၀၀၂ ကမာၻ႔ခ်န္ပီယံေဟာင္းက အာဂ်င္တီးနားၾကယ္ပြင့္က ကမာၻ႔ဖလားကို အႏိုင္ရရွိသြားမယ္ဆိုရင္ ေပ်ာ္႐ႊင္မိလိမ့္မယ္လို႔ ေျပာရင္ ေၾကာင္သူေတာ္ လုပ္ရာက်မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး လူအမ်ားက ထိုက္တန္တယ္လို႔ ယူဆထားေပမယ့္လည္း လက္ေတြ႕မွာ ျဖစ္ခ်င္မွ ျဖစ္လာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ ရင္သပ္ရႈေမာဖြယ္စြမ္းေဆာင္ရည္ျပသေနသူျဖစ္ၿပီး အာဂ်င္တီးနားအသင္းအတြက္ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးထားၿပီး ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးထားသူျဖစ္ပါတယ္။

အမ်ားစုက ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၿပိဳင္ဘက္ေတြအားလုံးကို ေက်ာ္ျဖတ္ၿပီး အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားမွာ ေအာင္ျမင္မႈ ရရွိေအာင္ ဦးေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနတာသလို အခ်ိဳ႕ကလည္း ေဘာလုံးေလာက က မက္ဆီကို ကမာၻ႔ဖလားနဲ႔ပတ္သက္ၿပီး အေႂကြးတင္ေနတယ္လို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ိုနယ္လ္ဒိုက ေဘာလုံးသမားတိုင္းဟာ ဂုဏ္သိကၡာအႀကီးမားဆုံးႏိုင္ငံတကာဆုဖလားႀကီးျဖစ္တဲ့ ကမာၻ႔ဖလားကို ရရွိဖို႔အတြက္ ထိုက္တန္တယ္လို႔ ျငင္းခုံခဲ့ေပမယ့္ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးက အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ အဆုံးအျဖတ္ေပးႏိုင္တဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ေဘာလုံးနဲ႔ဆိုရင္ လူသတ္သမားလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ကမာၻ႔ဖလားရရွိဖို႔ ထိုက္တန္လားလို႔ ေမးျမန္းျခင္း ခံခဲ့ရခ်ိန္မွာ ႐ိုနယ္လ္ဒိုက “ကမာၻ႔ဖလားနဲ႔ ထိုက္တန္ဖို႔အတြက္ဆိုရင္ ကြၽန္ေတာ္တို႔ အားလုံးလည္း အဲဒါနဲ႔ ထိုက္တန္ပါတယ္။ ဘယ္သူကမွ ခင္ဗ်ားကို ဘာမွေပးမွာမဟုတ္ပါဘူး။ ခင္ဗ်ားရဲ႕ဇာတ္လမ္းအတြက္ေတာင္မွေပါ့”

“အာဂ်င္တီးနားက အရမ္းေကာင္းေကာင္း မကစားႏိုင္ေပမယ့္ သူတို႔ေတြ အတူတကြ ကစားေနတယ္။ သူတို႔ေတြက ခပ္ၾကမ္းၾကမ္းကစားႏိုင္ၿပီး ပင္နယ္တီဧရိယာနားမွာဆိုရင္ အဆုံးအျဖတ္ေပးႏိုင္တဲ့ မက္ဆီကလည္း ရွိေနပါတယ္။ သူက အရင္တုန္းကထက္ ေျပးႏႈန္းက ေလ်ာ့နည္းေနပါၿပီ”လို႔ ေျပာၾကာခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးေဟာင္းက မက္ဆီအေနနဲ႔ ကမာၻ႔ဖလားရရွိမယ္ဆိုရင္ ေပ်ာ္႐ႊင္မွာလားဆိုတဲ့ ေမးခြန္းကို ရွင္းလင္းခဲ့ၿပီး ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ၾကားက ယွဥ္ၿပိဳင္မႈေၾကာင့္ ပီအက္စ္ဂ်ီၾကယ္ပြင့္ကို အားေပးလို႔မရႏိုင္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက ကမာၻ႔ဖလားရဖို႔အေပၚမွာ အရမ္းအာ႐ုံစိုက္ေနခဲ့ပါတယ္။ သူ႔ရဲ႕ ပုံစံနဲ႔အတူ ကြၽန္ေတာ္ ျမင္ရပါတယ္။ သူတို႔ေတြ ဖလားရမယ္ဆိုရင္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔မွာ အရမ္းႀကီးမားတဲ့ ၿပိဳင္ဆိုင္မႈက ရွိေနၿပီး ကြၽန္ေတာ္ အာဂ်င္တီးနားအတြက္ ေပ်ာ္႐ႊင္မိလိမ့္မယ္လို႔ ေျပာရင္ နည္းနည္း ေၾကာင္သူေတာ္လုပ္သလို ျဖစ္ပါလိမ့္မယ္။ ေဘာလုံးက ႐ိုမန္းတစ္ဆန္တယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ ဘယ္သူခ်န္ပီယံျဖစ္ျဖစ္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.