International World Cup

အသင်းဖော်ဟောင်းအကြောင်း ဂိုးသမားကို လက်ထောက်ချခဲ့တဲ့ မိုဒရစ်

ခရိုအေးရှားကြယ်ပွင့် လူကာ မိုဒရစ်ဟာ ဘရာဇီးလ်ကို အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ကာစီမီရိုရဲ့ ပင်နယ်တီအတွက် မှန်ကန်တဲ့ဘက်ကို လီဗာကိုဗစ် ခန့်မှန်းနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ ဘရာဇီးလ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို ၂ ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး နေမာဟာ အချိန်ပိုမှာ အရေးကြီးတဲ့ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အချိန်မှာ ဘရာဇီးလ်က အနိုင်ရရှိသွားတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရူနို ပတ်ကိုဗစ်က ၁၁၇ မိနစ်မှာ ဘရာဇီးလ်အသင်းရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်အထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အတွက် ပထမဆုံး ပင်နယ်တီကန်သွင်းမှုကို ရိုဒရီဂိုက လွဲချော်ခဲ့တာကြောင့် ခရိုအေးရှားအသင်းက အားသာချက် ရရှိသွားခဲ့တာ ဖြစ်ပြီး မာကင်ညို့စ်က ဂိုးတိုင်ထိအောင် မကန်သွင်းမီမှာ ခရိုအေးရှားက ၄ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်က လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကာစီမီရိုက ဘယ်နေရာကို ကန်သွင်းမလဲဆိုတာကို လီဗာကိုဗစ်ကို ပြောပြခဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ခရိုအေးရှားဂိုးသမားက မှန်ကန်တဲ့ဘက်ကို ဒိုင်ဗင်ပစ်ခဲ့ပေမယ့်လည်း မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရိုဒရီဂိုရဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး လီဗာကိုဗစ်ကို အကူအညီပေးခဲ့လားဆိုရင် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကာစီမီရိုအကြောင်းတော့ ပြောခဲ့တယ်(ရယ်လျက်)။ သူ့ပင်နယ်တီကို ဘယ်ဘက်ကန်မလဲဆိုတာ ကျွန်တော် သိတယ်။ လီဗာကိုဗစ်က မှန်ကန်တဲ့ဘက်ကို ဒိုင်ဗစ်ပစ်ခဲ့ပေမယ့် ကာစီက အရမ်းကောင်းလွန်းခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နီကိုလာ ဗလာရှစ်ချ်၊ မေယာ၊ လူကာ မိုဒရစ်၊ အော်ရှစ်ချ်တို့အားလုံးက ခရိုအေးရှားအတွက် ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် ခရိုအေးရှားအသင်းဟာ လွတ်လပ်တဲ့ နိုင်ငံအဖြစ်နဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ႐ိုေအးရွားၾကယ္ပြင့္ လူကာ မိုဒရစ္ဟာ ဘရာဇီးလ္ကို အႏိုင္ရရွိခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္အတြင္း ကာစီမီ႐ိုရဲ႕ ပင္နယ္တီအတြက္ မွန္ကန္တဲ့ဘက္ကို လီဗာကိုဗစ္ ခန႔္မွန္းႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ဘရာဇီးလ္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္မွာ ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္ကို ၂ ႀကိမ္ဆက္တိုက္ တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ေနမာဟာ အခ်ိန္ပိုမွာ အေရးႀကီးတဲ့ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့အခ်ိန္မွာ ဘရာဇီးလ္က အႏိုင္ရရွိသြားေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘ႐ူႏို ပတ္ကိုဗစ္က ၁၁၇ မိနစ္မွာ ဘရာဇီးလ္အသင္းရဲ႕ ဦးေဆာင္ဂိုးကို ျပန္လည္ေခ်ပႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္အထိ ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရတာ ျဖစ္ပါတယ္။

ဘရာဇီးလ္အတြက္ ပထမဆုံး ပင္နယ္တီကန္သြင္းမႈကို ႐ိုဒရီဂိုက လြဲေခ်ာ္ခဲ့တာေၾကာင့္ ခ႐ိုေအးရွားအသင္းက အားသာခ်က္ ရရွိသြားခဲ့တာ ျဖစ္ၿပီး မာကင္ညိဳ႕စ္က ဂိုးတိုင္ထိေအာင္ မကန္သြင္းမီမွာ ခ႐ိုေအးရွားက ၄ ႀကိမ္စလုံးကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

မိုဒရစ္က လက္ရွိမွာ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ကာစီမီ႐ိုက ဘယ္ေနရာကို ကန္သြင္းမလဲဆိုတာကို လီဗာကိုဗစ္ကို ေျပာျပခဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ခ႐ိုေအးရွားဂိုးသမားက မွန္ကန္တဲ့ဘက္ကို ဒိုင္ဗင္ပစ္ခဲ့ေပမယ့္လည္း မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ႐ိုဒရီဂိုရဲ႕ ပင္နယ္တီနဲ႔ပတ္သက္ၿပီး လီဗာကိုဗစ္ကို အကူအညီေပးခဲ့လားဆိုရင္ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ကာစီမီ႐ိုအေၾကာင္းေတာ့ ေျပာခဲ့တယ္(ရယ္လ်က္)။ သူ႔ပင္နယ္တီကို ဘယ္ဘက္ကန္မလဲဆိုတာ ကြၽန္ေတာ္ သိတယ္။ လီဗာကိုဗစ္က မွန္ကန္တဲ့ဘက္ကို ဒိုင္ဗစ္ပစ္ခဲ့ေပမယ့္ ကာစီက အရမ္းေကာင္းလြန္းခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

နီကိုလာ ဗလာရွစ္ခ်္၊ ေမယာ၊ လူကာ မိုဒရစ္၊ ေအာ္ရွစ္ခ်္တို႔အားလုံးက ခ႐ိုေအးရွားအတြက္ ပင္နယ္တီကို ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာေၾကာင့္ ခ႐ိုေအးရွားအသင္းဟာ လြတ္လပ္တဲ့ ႏိုင္ငံအျဖစ္နဲ႔ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္ကို ၂ ႀကိမ္ဆက္တိုက္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.