International World Cup

ပေါ်တူဂီပြိုင်ပွဲက ထွက်လို့ ငိုခဲ့တဲ့ ရော်နယ်လ်ဒိုကို တုံ့ပြန်ခဲ့တဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီနောက် အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒို ငိုကြွေးနေတာကို မြင်ရတာ အလွန်ဆိုးရွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို စနေနေ့က ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းက အဆုံးသတ်ပေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၁၆ သင်းရှုံးထွက်အဆင့်ကတည်းက အရန်ခုံမှာ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး မော်ရိုကိုအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက် နိုင်ငံတကာပွဲစဉ် ၁၉၆ ပွဲနဲ့ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါ်တူဂီအသင်းကို ချေပဂိုး သွင်းယူနိုင်အောင် မကူညီပေးနိုင်ခဲ့တာကြောင့် မော်ရိုကိုအသင်းက အန်နက်စရီရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မော်ရိုကိုနဲ့ပွဲစဉ်ဟာ ၎င်းရဲ့ ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်ဖြစ်ပြီး ကမ္ဘာ့ဖလားအိပ်မက်က အဆုံးသတ်သွားပြီဆိုတာကို သိရှိခဲ့ပြီးနောက် ဥမင်လျှောက်လမ်းထဲကို မျက်ရည်တွေနဲ့ ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဂန္တဝင်ကစားသမားအများအပြားကို ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဒေါသထွက်စေခဲ့ပေမယ့်လည်း ဂယ်ရီ နဗီးက အသင်းဖော်ဟောင်းရဲ့ နာကျင်မှုကို ကိုယ်ချင်းစာပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နာမည်ကို ထုတ်ဖော်မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥမင်လျှောက်လမ်းထဲမှာ သူငိုနေတဲ့ ဓာတ်ပုံကို ကျွန်တော် မြင်ခဲ့လို့ပါ။ ဒါက ကျွန်တော့်အတွက် အရမ်းကို ဆိုးရွားတဲ့ပုံပါ။ ဒါက သူ့ရဲ့ နိုင်ငံအတွက် ကမ္ဘာ့ဖလားအိပ်မက်က ပြီးဆုံးသွားခဲ့ပြီဆိုတာကို သိခဲ့ရတဲ့ အခိုက်အတန့်ပါ”

“ကျွန်တော်တို့အားလုံးလည်း ကစားသမားဘဝအဆုံးသတ်နဲ့ ကြုံခဲ့ဖူးပေမယ့် သူက တသက်တာအကောင်းဆုံးမဟုတ်ရင်တောင်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကို ဒီလိုမျိုး မြင်ရတာ ဆိုးရွားပါတယ်။ သူက ခက်ခဲတဲ့ လပေါင်းများစွာကို ဖြတ်သန်းခဲ့ရတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ေပၚတူဂီအသင္း ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီေနာက္ အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒို ငိုေႂကြးေနတာကို ျမင္ရတာ အလြန္ဆိုး႐ြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီအသင္းရဲ႕ ကမာၻ႔ဖလားအိပ္မက္ကို စေနေန႔က ကြာတားဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကိုအသင္းက အဆုံးသတ္ေပးခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္တဲ့ ပထမဆုံး အာဖရိကအသင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၁၆ သင္းရႈံးထြက္အဆင့္ကတည္းက အရန္ခုံမွာ ခ်န္လွပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ေမာ္႐ိုကိုအသင္းနဲ႔ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ႏိုင္ငံတကာပြဲစဥ္ ၁၉၆ ပြဲနဲ႔ ပြဲအမ်ားဆုံးပါဝင္ကစားေပးထားတဲ့ စံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေပၚတူဂီအသင္းကို ေခ်ပဂိုး သြင္းယူႏိုင္ေအာင္ မကူညီေပးႏိုင္ခဲ့တာေၾကာင့္ ေမာ္႐ိုကိုအသင္းက အန္နက္စရီရဲ႕ ပထမပိုင္းသြင္းဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေမာ္႐ိုကိုနဲ႔ပြဲစဥ္ဟာ ၎ရဲ႕ ကမာၻ႔ဖလားေနာက္ဆုံးပြဲစဥ္ျဖစ္ၿပီး ကမာၻ႔ဖလားအိပ္မက္က အဆုံးသတ္သြားၿပီဆိုတာကို သိရွိခဲ့ၿပီးေနာက္ ဥမင္ေလွ်ာက္လမ္းထဲကို မ်က္ရည္ေတြနဲ႔ ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဂႏၲဝင္ကစားသမားအမ်ားအျပားကို ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ေဒါသထြက္ေစခဲ့ေပမယ့္လည္း ဂယ္ရီ နဗီးက အသင္းေဖာ္ေဟာင္းရဲ႕ နာက်င္မႈကို ကိုယ္ခ်င္းစာေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ နာမည္ကို ထုတ္ေဖာ္မေျပာခ်င္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဥမင္ေလွ်ာက္လမ္းထဲမွာ သူငိုေနတဲ့ ဓာတ္ပုံကို ကြၽန္ေတာ္ ျမင္ခဲ့လို႔ပါ။ ဒါက ကြၽန္ေတာ့္အတြက္ အရမ္းကို ဆိုး႐ြားတဲ့ပုံပါ။ ဒါက သူ႔ရဲ႕ ႏိုင္ငံအတြက္ ကမာၻ႔ဖလားအိပ္မက္က ၿပီးဆုံးသြားခဲ့ၿပီဆိုတာကို သိခဲ့ရတဲ့ အခိုက္အတန႔္ပါ”

“ကြၽန္ေတာ္တို႔အားလုံးလည္း ကစားသမားဘဝအဆုံးသတ္နဲ႔ ႀကဳံခဲ့ဖူးေပမယ့္ သူက တသက္တာအေကာင္းဆုံးမဟုတ္ရင္ေတာင္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ။ သူ႔ကို ဒီလိုမ်ိဳး ျမင္ရတာ ဆိုး႐ြားပါတယ္။ သူက ခက္ခဲတဲ့ လေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့ရတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.