Analysis Article International Match Preview World Cup

မက်ဆီရဲ့ အာဂျင်တီးနားတို့ပဲ အနိုင်ရဖို့ ရေပန်းစားနေတဲ့ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်

ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်အထိ စွမ်းစွမ်းတမံ ကစားလာခဲ့ကြပြီး ရှုံးထွက်အဆင့်တွေမှာ ခြေစွမ်းပိုကောင်းလာခဲ့ကြတဲ့ အသင်းနှစ်သင်းဖြစ်ကြတဲ့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို တောင်အမေရိကသားတွေကပဲ အနိုင်ရပြီး ဖြတ်ကျော်သွားလိမ့်မယ်လို့ ခန့်မှန်းသုံးသပ်သူ တော်တော်များများနဲ့ ပရိသတ်တွေက ယူဆနေကြပါတယ်။

အာဂျင်တီးနားဘက်က ဝါရင့် လီယွန်နယ် မက်ဆီက အကောင်းဆုံး ဦးဆောင်နေခဲ့သလို ခရိုအေးရှားဘက်ကလည်း သမ္ဘာရင့် လူကာ မိုဒရစ်ချ်က အသင်းကို မောင်းနှင်နေခဲ့ပြီး နှစ်သင်းစလုံးအတွက် တူညီနေတဲ့ ထူးခြားချက်ကတော့ ပင်နယ်တီတွေမှာ လက်စွမ်းပြတတ်တဲ့ ဂိုးသမားတွေဖြစ်ကြတဲ့ အီမီလီယာနို မာတီနက်ဇ်နဲ့ ဒေါမနစ် လီဗာကိုဗစ်ချ်တို့ကို ပိုင်ဆိုင်ထားကြတာပါ။

လာမယ့် အင်္ဂါနေ့ညမှာ ကစားကြမယ့် ပွဲစဉ်ကို အာဂျင်တီးနားတို့ဘက်က ဆီဗီလာအသင်းနောက်ခံလူတွေဖြစ်ကြတဲ့ ဂွန်ဇာလို မွန်တီယယ်လ်နဲ့ မားကို့စ် အကူညာတို့ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ကြဘဲ ၂၄ ဦးထဲကသာ လူထုတ်ကစားရမှာဖြစ်ပြီး ခရိုအေးရှားတို့ဘက်ကတော့ ကွာတားဖိုင်နယ်မှာ အဝါကတ်တွေကို ရှောင်လွှဲနိုင်ခဲ့တဲ့အတွက် ကစားသမား ၂၆ ဦးလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အာဂျင်တီးနားတို့အနေနဲ့ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ မိုလီနာနဲ့ တာဂလီယာဖီကိုတို့ကို 4 Back ပဲ ကစားလာဖို့ ရှိနေသလို ကွင်းလယ်မှာတော့ ဒဏ်ရာရှိနေလို့ ပြီးခဲ့တဲ့ပွဲမှာ စောစော အနားပေးထားတဲ့ ဒီပေါလ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မက္ကယ်လစ္စတာတို့ကိုပဲ ဆက်လက် ခင်းကျင်းလာနိုင်ပြီး တိုက်စစ်မှာတော့ မက်ဆီ၊ အယ်လ်ဗာရက်ဇ်နဲ့ ဒီမာရီယာတို့ကို ၄-၃-၃ ပုံစံ ပွဲထုတ်လာဖို့ များနေပါတယ်။

ခရိုအေးရှားတို့ကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ချ်နဲ့ ဆိုဆာတို့ကိုပဲ ကစားခိုင်းဖို့ ရှိနေပြီး ကွင်းလယ် သုံးယောက်ကိုလည်း တွဲကစားနေကျ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ကိုပဲ အထိုင်ချလာနိုင်ချိန်မှာ တိုက်စစ်မှာတော့ ကရာမာရစ်ချ်၊ ပါရီရှစ်ချ်နဲ့ ဘရာဇီးလ်ကို ချေပဂိုးသွင်းခဲ့တဲ့ ပက်ကိုဗစ်ချ်တို့ကို အသုံးပြုလာနိုင်တာပါ။

အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ်အထိ အဝါကတ် စုဆောင်းမိထားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ ကတ်တွေကို ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဂရုစိုက်စရာ မလိုတော့ဘဲ ကစားနိုင်ကြမှာဖြစ်သလို ဒီပွဲမှာ အဝါထိရုံနဲ့တော့ ရှေ့က ကတ်တွေနဲ့ ပေါင်းပြီး တစ်ပွဲပယ်တာမျိုး ရှိမှာ မဟုတ်တော့လို့ အင်ပြည့်အားပြည့် တိုက်ပွဲဝင်လာနိုင်ကြပြီး အနီကတ်ကသာ သူတို့ကို ဖိုင်နယ်မှာ မကစားရအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။

ဒီပွဲမှာ မက်ဆီကပဲ အဖွင့်ဂိုးကို သွင်းယူလိမ့်ဦးမယ်လို့ ခန့်မှန်းမှုတွေ မြင့်တက်နေကြပြီး ပင်နယ်တီကောင်းတဲ့ ဂိုးသမား ရှိနေပေမယ့် ပွဲချိန်အတွင်းမှာပဲ အာဂျင်တီးနားတို့ အနိုင်ရပြီး သူတို့ရဲ့ GOAT အတွက် တကယ့် အဆင့်မြင့် GOAT ဖြစ်စေမယ့် ဆုဖလားကို ပြတ်ပြတ်သားသား ရယူဖို့ ဒီနေ့ပွဲကို ကျော်ဖြတ်သွားဖို့ ခန့်မှန်းနေကြသလို အလေးပေးမှုတွေမှာတော့ ၁၇ လေး ၂၀ လေးအထိ တစ်ဆမပြည့်ဘဲ မြင့်တက်နေခဲ့တာပါ။

ခရိုအေးရှားတို့ အနိုင်ရဖို့ကိုတော့ ၉ လေး ၂ လေးနဲ့ ခန့်မှန်းထားကြသလို ပွဲချိန်အတွင်း သရေကျဖို့ကိုတော့ ၁၂ လေး ၅ လေး ဖွင့်လှစ်ထားခဲ့ပြီး အာဂျင်တီးနားတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းသူတွေ အတော်များများက ရလဒ်အတွက် အဖြေထုတ်ထားကြချိန်မှာ အလောင်းအစား ပြုလုပ်ကြမယ့်သူတွေအတွက်လည်း တစ်ပေးမှုတွေ ပေါ်ထွက်နေပါတယ်။

ဒီပွဲမှာ အဓိက လောင်းကြေးထပ်ရမယ့် အရာတွေကတော့ ၁။ အာဂျင်တီးနားအနိုင် ၂။ နှစ်သင်းပေါင်းသွင်း ၂.၅ ဂိုးအထက် ၃။ အာဂျင်တီးနား အဖွင့်ဂိုးသွင်းဖို့ ၄။ မက်ဆီ ဂိုးသွင်းဖို့တွေဖြစ်ပြီး မက်ဆီရဲ့ အဖွင့်ဂိုးအတွက် ၃ လေး ၁ လေး သတ်မှတ်ထားသလို နှစ်သင်းစလုံး ဂိုးသွင်းဖို့အတွက်တော့ ၆ လေး ၅ လေး သတ်မှတ်ထားကြတာပါ။

လာမယ့် အင်္ဂါနေ့ညမှာ ခံစစ်နဲ့ ကွင်းလယ်ကစားပုံ ပိုကောင်းပေမယ့် တိုက်စစ်ပိုင်းမှာ ရုန်းကန်ရလေ့ရှိတဲ့ ခရိုအေးရှားတို့ကို နောက်တန်းနဲ့ ဂိုးသမားက ကြောင်ပျောက်တတ်တဲ့ အာဂျင်တီးနားတို့က မက်ဆီရဲ့ ရုန်းအားနဲ့ပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းထားကြပြီး ဘာစီလိုနာကစားသမားဟောင်း GOAT နဲ့ ရီးရဲလ်မက်ဒရစ်သက်တော်ရှည် မိုဒရစ်ချ်ရဲ့ El Clasico ကိုလည်း တွေ့မြင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ကြာတားဖိုင္နယ္အထိ စြမ္းစြမ္းတမံ ကစားလာခဲ့ၾကၿပီး ရႈံးထြက္အဆင့္ေတြမွာ ေျခစြမ္းပိုေကာင္းလာခဲ့ၾကတဲ့ အသင္းႏွစ္သင္းျဖစ္ၾကတဲ့ အာဂ်င္တီးနားနဲ႔ ခ႐ိုေအးရွားတို႔ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ေတာင္အေမရိကသားေတြကပဲ အႏိုင္ရၿပီး ျဖတ္ေက်ာ္သြားလိမ့္မယ္လို႔ ခန႔္မွန္းသုံးသပ္သူ ေတာ္ေတာ္မ်ားမ်ားနဲ႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။

အာဂ်င္တီးနားဘက္က ဝါရင့္ လီယြန္နယ္ မက္ဆီက အေကာင္းဆုံး ဦးေဆာင္ေနခဲ့သလို ခ႐ိုေအးရွားဘက္ကလည္း သမာၻရင့္ လူကာ မိုဒရစ္ခ်္က အသင္းကို ေမာင္းႏွင္ေနခဲ့ၿပီး ႏွစ္သင္းစလုံးအတြက္ တူညီေနတဲ့ ထူးျခားခ်က္ကေတာ့ ပင္နယ္တီေတြမွာ လက္စြမ္းျပတတ္တဲ့ ဂိုးသမားေတြျဖစ္ၾကတဲ့ အီမီလီယာႏို မာတီနက္ဇ္နဲ႔ ေဒါမနစ္ လီဗာကိုဗစ္ခ်္တို႔ကို ပိုင္ဆိုင္ထားၾကတာပါ။

လာမယ့္ အဂၤါေန႔ညမွာ ကစားၾကမယ့္ ပြဲစဥ္ကို အာဂ်င္တီးနားတို႔ဘက္က ဆီဗီလာအသင္းေနာက္ခံလူေတြျဖစ္ၾကတဲ့ ဂြန္ဇာလို မြန္တီယယ္လ္နဲ႔ မားကို႔စ္ အကူညာတို႔ ပြဲပယ္ခံထားရလို႔ မပါဝင္ႏိုင္ၾကဘဲ ၂၄ ဦးထဲကသာ လူထုတ္ကစားရမွာျဖစ္ၿပီး ခ႐ိုေအးရွားတို႔ဘက္ကေတာ့ ကြာတားဖိုင္နယ္မွာ အဝါကတ္ေတြကို ေရွာင္လႊဲႏိုင္ခဲ့တဲ့အတြက္ ကစားသမား ၂၆ ဦးလုံးကို အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

အာဂ်င္တီးနားတို႔အေနနဲ႔ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ မိုလီနာနဲ႔ တာဂလီယာဖီကိုတို႔ကို 4 Back ပဲ ကစားလာဖို႔ ရွိေနသလို ကြင္းလယ္မွာေတာ့ ဒဏ္ရာရွိေနလို႔ ၿပီးခဲ့တဲ့ပြဲမွာ ေစာေစာ အနားေပးထားတဲ့ ဒီေပါလ္၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ မကၠယ္လစၥတာတို႔ကိုပဲ ဆက္လက္ ခင္းက်င္းလာႏိုင္ၿပီး တိုက္စစ္မွာေတာ့ မက္ဆီ၊ အယ္လ္ဗာရက္ဇ္နဲ႔ ဒီမာရီယာတို႔ကို ၄-၃-၃ ပုံစံ ပြဲထုတ္လာဖို႔ မ်ားေနပါတယ္။

ခ႐ိုေအးရွားတို႔ကေတာ့ ဂိုးသမား လီဗာကိုဗစ္ခ်္၊ ခံစစ္မွာ လိုဗရန္၊ ဂြါဒီေယာလ္၊ ယူရာႏိုဗစ္ခ်္နဲ႔ ဆိုဆာတို႔ကိုပဲ ကစားခိုင္းဖို႔ ရွိေနၿပီး ကြင္းလယ္ သုံးေယာက္ကိုလည္း တြဲကစားေနက် မိုဒရစ္ခ်္၊ ဘ႐ိုဇိုဗစ္ခ်္နဲ႔ ကိုဗာခ်စ္ခ်္တို႔ကိုပဲ အထိုင္ခ်လာႏိုင္ခ်ိန္မွာ တိုက္စစ္မွာေတာ့ ကရာမာရစ္ခ်္၊ ပါရီရွစ္ခ်္နဲ႔ ဘရာဇီးလ္ကို ေခ်ပဂိုးသြင္းခဲ့တဲ့ ပက္ကိုဗစ္ခ်္တို႔ကို အသုံးျပဳလာႏိုင္တာပါ။

အုပ္စုအဆင့္ကေန ကြာတားဖိုင္နယ္အထိ အဝါကတ္ စုေဆာင္းမိထားတဲ့သူေတြအေနနဲ႔ သူတို႔ရဲ႕ ကတ္ေတြကို ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ ဂ႐ုစိုက္စရာ မလိုေတာ့ဘဲ ကစားႏိုင္ၾကမွာျဖစ္သလို ဒီပြဲမွာ အဝါထိ႐ုံနဲ႔ေတာ့ ေရွ႕က ကတ္ေတြနဲ႔ ေပါင္းၿပီး တစ္ပြဲပယ္တာမ်ိဳး ရွိမွာ မဟုတ္ေတာ့လို႔ အင္ျပည့္အားျပည့္ တိုက္ပြဲဝင္လာႏိုင္ၾကၿပီး အနီကတ္ကသာ သူတို႔ကို ဖိုင္နယ္မွာ မကစားရေအာင္ တားဆီးႏိုင္မွာျဖစ္ပါတယ္။

ဒီပြဲမွာ မက္ဆီကပဲ အဖြင့္ဂိုးကို သြင္းယူလိမ့္ဦးမယ္လို႔ ခန႔္မွန္းမႈေတြ ျမင့္တက္ေနၾကၿပီး ပင္နယ္တီေကာင္းတဲ့ ဂိုးသမား ရွိေနေပမယ့္ ပြဲခ်ိန္အတြင္းမွာပဲ အာဂ်င္တီးနားတို႔ အႏိုင္ရၿပီး သူတို႔ရဲ႕ GOAT အတြက္ တကယ့္ အဆင့္ျမင့္ GOAT ျဖစ္ေစမယ့္ ဆုဖလားကို ျပတ္ျပတ္သားသား ရယူဖို႔ ဒီေန႔ပြဲကို ေက်ာ္ျဖတ္သြားဖို႔ ခန႔္မွန္းေနၾကသလို အေလးေပးမႈေတြမွာေတာ့ ၁၇ ေလး ၂၀ ေလးအထိ တစ္ဆမျပည့္ဘဲ ျမင့္တက္ေနခဲ့တာပါ။

ခ႐ိုေအးရွားတို႔ အႏိုင္ရဖို႔ကိုေတာ့ ၉ ေလး ၂ ေလးနဲ႔ ခန႔္မွန္းထားၾကသလို ပြဲခ်ိန္အတြင္း သေရက်ဖို႔ကိုေတာ့ ၁၂ ေလး ၅ ေလး ဖြင့္လွစ္ထားခဲ့ၿပီး အာဂ်င္တီးနားတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရမယ္လို႔ ခန႔္မွန္းသူေတြ အေတာ္မ်ားမ်ားက ရလဒ္အတြက္ အေျဖထုတ္ထားၾကခ်ိန္မွာ အေလာင္းအစား ျပဳလုပ္ၾကမယ့္သူေတြအတြက္လည္း တစ္ေပးမႈေတြ ေပၚထြက္ေနပါတယ္။

ဒီပြဲမွာ အဓိက ေလာင္းေၾကးထပ္ရမယ့္ အရာေတြကေတာ့ ၁။ အာဂ်င္တီးနားအႏိုင္ ၂။ ႏွစ္သင္းေပါင္းသြင္း ၂.၅ ဂိုးအထက္ ၃။ အာဂ်င္တီးနား အဖြင့္ဂိုးသြင္းဖို႔ ၄။ မက္ဆီ ဂိုးသြင္းဖို႔ေတြျဖစ္ၿပီး မက္ဆီရဲ႕ အဖြင့္ဂိုးအတြက္ ၃ ေလး ၁ ေလး သတ္မွတ္ထားသလို ႏွစ္သင္းစလုံး ဂိုးသြင္းဖို႔အတြက္ေတာ့ ၆ ေလး ၅ ေလး သတ္မွတ္ထားၾကတာပါ။

လာမယ့္ အဂၤါေန႔ညမွာ ခံစစ္နဲ႔ ကြင္းလယ္ကစားပုံ ပိုေကာင္းေပမယ့္ တိုက္စစ္ပိုင္းမွာ ႐ုန္းကန္ရေလ့ရွိတဲ့ ခ႐ိုေအးရွားတို႔ကို ေနာက္တန္းနဲ႔ ဂိုးသမားက ေၾကာင္ေပ်ာက္တတ္တဲ့ အာဂ်င္တီးနားတို႔က မက္ဆီရဲ႕ ႐ုန္းအားနဲ႔ပဲ အႏိုင္ရသြားမယ္လို႔ ခန႔္မွန္းထားၾကၿပီး ဘာစီလိုနာကစားသမားေဟာင္း GOAT နဲ႔ ရီးရဲလ္မက္ဒရစ္သက္ေတာ္ရွည္ မိုဒရစ္ခ်္ရဲ႕ El Clasico ကိုလည္း ေတြ႕ျမင္ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.