International World Cup

နယ်သာလန်နဲ့ပွဲအပြီး ပြောကြားခဲ့တဲ့ မက်ဆီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တဲ့ ဖီဖာ

မက်တဲအူ လားဟို့ဇ်ဟာ ကာတာကနေ အိမ်ပြန်သွားပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲက လက်ကျန်ပွဲစဉ်တွေထဲက ဘယ်ပွဲကိုမှ တာဝန်ယူကိုင်တွယ်တော့မှာမဟုတ်ဘူးလို့ COPE က ဖော်ပြခဲ့ပါတယ်။

လားဟို့ဇ်ရဲ့ နောက်ဆုံးပွဲစဉ်ဟာ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်ဖက်အသင်းကစားသမားတွေကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ပွဲစဉ်အတွင်း မယုံနိုင်စရာကောင်းလောက်အောင် အဝါကတ်ပြား ၁၅ ကတ်အထိ ပြသခဲ့တာဖြစ်ပါတယ်။

လားဟို့ဇ်ရဲ့ စွမ်းဆောင်ရည်ကို နှစ်သင်းစလုံးက မကျေနပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အာဂျင်တီးနားကစားသမားတွေကတော့ ၎င်းရဲ့ ပွဲကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဟော်လန်နဲ့ပွဲအပြီးမှာ လားဟို့ဇ်ကို ပြစ်တင်ဝေဖန်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ကစားသမားက “ဖီဖာက ဒီကိစ္စကို သေချာဂရုစိုက်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဒီလို ပြင်းထန်တဲ့ပွဲစဉ်မျိုး၊ အရေးကြီးတဲ့ ပွဲစဉ်မျိုးအတွက် ဒီလို ဒိုင်လူကြီးမျိုးကို တာဝန်ပေးလို့မရနိုင်ပါဘူး။ ဒိုင်လူကြီးက သူလုပ်ရမယ့်အလုပ်ကို မအောင်မမြင်ဖြစ်လို့ မရပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖီဖာဟာ လီယွန်နယ် မက်ဆီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီဖြစ်ပုံပေါ်ပြီး မက်တဲအူ လားဟို့ဇ်ကို ဆီမီးဖိုင်နယ် သို့မဟုတ် ဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ တာဝန်ယူကိုင်တွယ်ခွင့်ပြုတော့မှာမဟုတ်ဘဲ ကာတာကနေ အိမ်ကို ပြန်လည်သွားရောက်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကလည်း ကွင်းလယ်ဒိုင် လားဟို့ဇ်ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်ရာမှာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး “ဒိုင်လူကြီးက သူတို့အတွက် အရာအားလုံးကို ပေးခဲ့တာပါ။ သူက အကြောင်းအရင်းမရှိဘဲနဲ့ အချိန်ပို ၁၀ မိနစ်ပေးခဲ့တယ်”

“သူက သူတို့အတွက် ပင်နယ်တီဧရိယာအပြင်ဘက်မှာ အလွတ်တည်ကန်ဘော ၂ ကြိမ်၊ ၃ ကြိမ်လောက်ကို ပေးခဲ့တယ်။ သူက ဟော်လန်ကို ဂိုးသွင်းယူစေချင်ခဲ့တာတော့ သိသာပါတယ်။ အဲဒီတော့ ဒီလို ဒိုင်လူကြီးမျိုး မရှိတော့ဖို့ မျှော်လင့်မိပါတယ်။ သူက သုံးစားလို့ကို မရပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မက္တဲအူ လားဟို႔ဇ္ဟာ ကာတာကေန အိမ္ျပန္သြားၿပီျဖစ္တာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲက လက္က်န္ပြဲစဥ္ေတြထဲက ဘယ္ပြဲကိုမွ တာဝန္ယူကိုင္တြယ္ေတာ့မွာမဟုတ္ဘူးလို႔ COPE က ေဖာ္ျပခဲ့ပါတယ္။

လားဟို႔ဇ္ရဲ႕ ေနာက္ဆုံးပြဲစဥ္ဟာ အာဂ်င္တီးနားနဲ႔ နယ္သာလန္တို႔ ကစားခဲ့တဲ့ ပြဲစဥ္ျဖစ္ၿပီး ႏွစ္ဖက္အသင္းကစားသမားေတြၾကား ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ပြဲစဥ္အတြင္း မယုံႏိုင္စရာေကာင္းေလာက္ေအာင္ အဝါကတ္ျပား ၁၅ ကတ္အထိ ျပသခဲ့တာျဖစ္ပါတယ္။

လားဟို႔ဇ္ရဲ႕ စြမ္းေဆာင္ရည္ကို ႏွစ္သင္းစလုံးက မေက်နပ္ခဲ့တာျဖစ္ၿပီး အထူးသျဖင့္ အာဂ်င္တီးနားကစားသမားေတြကေတာ့ ၎ရဲ႕ ပြဲကိုင္တြယ္ပုံနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ နယ္သာလန္နဲ႔ပြဲအၿပီးမွာ လားဟို႔ဇ္ကို ျပစ္တင္ေဝဖန္ရာမွာ ဦးေဆာင္ခဲ့သူျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ ကစားသမားက “ဖီဖာက ဒီကိစၥကို ေသခ်ာဂ႐ုစိုက္ရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒီလို ျပင္းထန္တဲ့ပြဲစဥ္မ်ိဳး၊ အေရးႀကီးတဲ့ ပြဲစဥ္မ်ိဳးအတြက္ ဒီလို ဒိုင္လူႀကီးမ်ိဳးကို တာဝန္ေပးလို႔မရႏိုင္ပါဘူး။ ဒိုင္လူႀကီးက သူလုပ္ရမယ့္အလုပ္ကို မေအာင္မျမင္ျဖစ္လို႔ မရပါဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဖီဖာဟာ လီယြန္နယ္ မက္ဆီရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးလိုက္ၿပီျဖစ္ပုံေပၚၿပီး မက္တဲအူ လားဟို႔ဇ္ကို ဆီမီးဖိုင္နယ္ သို႔မဟုတ္ ဖိုင္နယ္အဆင့္ပြဲစဥ္ေတြမွာ တာဝန္ယူကိုင္တြယ္ခြင့္ျပဳေတာ့မွာမဟုတ္ဘဲ ကာတာကေန အိမ္ကို ျပန္လည္သြားေရာက္ခြင့္ ေပးလိုက္ၿပီလို႔ သိရပါတယ္။

အာဂ်င္တီးနား ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကလည္း ကြင္းလယ္ဒိုင္ လားဟို႔ဇ္ရဲ႕ စြမ္းေဆာင္ရည္ကို ေဝဖန္ရာမွာ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔ ပူးေပါင္းခဲ့တာျဖစ္ၿပီး “ဒိုင္လူႀကီးက သူတို႔အတြက္ အရာအားလုံးကို ေပးခဲ့တာပါ။ သူက အေၾကာင္းအရင္းမရွိဘဲနဲ႔ အခ်ိန္ပို ၁၀ မိနစ္ေပးခဲ့တယ္”

“သူက သူတို႔အတြက္ ပင္နယ္တီဧရိယာအျပင္ဘက္မွာ အလြတ္တည္ကန္ေဘာ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ကို ေပးခဲ့တယ္။ သူက ေဟာ္လန္ကို ဂိုးသြင္းယူေစခ်င္ခဲ့တာေတာ့ သိသာပါတယ္။ အဲဒီေတာ့ ဒီလို ဒိုင္လူႀကီးမ်ိဳး မရွိေတာ့ဖို႔ ေမွ်ာ္လင့္မိပါတယ္။ သူက သုံးစားလို႔ကို မရပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.