International World Cup

အသင်းဖော်ကို နှိမ်ခဲ့တဲ့ အင်္ဂလိပ်မီဒီယာတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်တဲ့ ချွင်မေနီ

ပြင်သစ်ကွင်းလယ်ကြယ်ပွင့် ချွင်မေနီဟာ အင်္ဂလန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင် လိုရစ်က ပြင်သစ်ရဲ့ အားနည်းချက်လို့ ပြောကြားခဲ့တဲ့ အင်္ဂလိပ်မီဒီယာတွေကို တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဟာ အင်္ဂလန်အသင်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ချွင်မေနီက ပင်နယ်တီဧရိယာအပြင်ဘက်က အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ပွဲကစားချိန် အများစုမှာ လွှမ်းမိုးထားနိုင်ခဲ့ပြီး ဟာရီ ကိန်းရဲ့ပင်နယ်တီကနေတဆင့် ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဂျီရူးရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပြင်သစ်တို့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲမတိုင်ခင်တုန်းက အင်္ဂလိပ်မီဒီယာတွေက ယခုရာသီ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် လိုရစ်ရဲ့ လက်စွမ်းအပေါ် ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ပွဲမှာ ကြီးမားတဲ့အမှား ပြုလုပ်နိုင်ခြေရှိတဲ့သူအဖြစ် သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ်လည်း အသက် ၃၅ နှစ်အရွယ် ဂိုးသမားက ပွဲစဉ်တလျှောက်လုံး အလွန်ပြောင်မြောက်တဲ့ လက်စွမ်းပြသခဲ့ပြီး ဟာရီ ကိန်း၊ ဘယ်လင်ဟမ်တို့ရဲ့ ဂိုးကန်သွင်းမှုတွေကို တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ချွင်မေနီက “လိုရစ်က အင်္ဂလိပ်မီဒီယာတွေရဲ့ ပြောကြားချက်အရ ပြင်သစ်ရဲ့ အားနည်းချက်ဟုတ်လား။ အဲဒါက သောက်ပိုတွေပါ။ မီဒီယာတွေမှာ ပြောနေတာတွေက အမြဲတမ်း ရှိနေပြီး အရေးအကြီးဆံးအရာက ကွင်းထဲမှာ တုံ့ပြန်ဖို့ပဲ။ သူ ဒီနေ့ အဲဒါကို လုပ်ခဲ့ပြီး ကျွန်တော်တို့အသင်းထဲမှာ သူရှိနေတာကို ကျွန်တော်တို့အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းအနေနဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ပြိုင်ဘက်တွေအားလုံးကို အနိုင်ယူသွားနိုင်မလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ချွင်မေနီက “ကျွန်တော်တို့ လာမယ့်ပွဲကို အရင်ဆုံး အနိုင်ရဖို့ လိုပါတယ်။ ဒီလို အရမ်းကောင်းတဲ့ မော်ရိုကိုအသင်းနဲ့ပွဲအတွက် ကောင်းကောင်း ကြိုတင်ပြင်ဆင်သွားမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ အဲဒီအကြောင်းကို စဉ်းစားနိုင်မှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ ခြၽင္ေမနီဟာ အဂၤလန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမတိုင္ခင္ လိုရစ္က ျပင္သစ္ရဲ႕ အားနည္းခ်က္လို႔ ေျပာၾကားခဲ့တဲ့ အဂၤလိပ္မီဒီယာေတြကို တုံ႔ျပန္ခဲ့ပါတယ္။

လက္ရွိ ကမာၻ႔ခ်န္ပီယံေတြဟာ အဂၤလန္အသင္ကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကိုနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး ခြၽင္ေမနီက ပင္နယ္တီဧရိယာအျပင္ဘက္က အံ့အားသင့္ဖြယ္ ကန္ခ်က္နဲ႔ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဟာ ပြဲကစားခ်ိန္ အမ်ားစုမွာ လႊမ္းမိုးထားႏိုင္ခဲ့ၿပီး ဟာရီ ကိန္းရဲ႕ပင္နယ္တီကေနတဆင့္ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဂ်ီ႐ူးရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ ျပင္သစ္တို႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲမတိုင္ခင္တုန္းက အဂၤလိပ္မီဒီယာေတြက ယခုရာသီ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ လိုရစ္ရဲ႕ လက္စြမ္းအေပၚ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဂၤလန္နဲ႔ပြဲမွာ ႀကီးမားတဲ့အမွား ျပဳလုပ္ႏိုင္ေျခရွိတဲ့သူအျဖစ္ သုံးသပ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ္လည္း အသက္ ၃၅ ႏွစ္အ႐ြယ္ ဂိုးသမားက ပြဲစဥ္တေလွ်ာက္လုံး အလြန္ေျပာင္ေျမာက္တဲ့ လက္စြမ္းျပသခဲ့ၿပီး ဟာရီ ကိန္း၊ ဘယ္လင္ဟမ္တို႔ရဲ႕ ဂိုးကန္သြင္းမႈေတြကို တားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား ခြၽင္ေမနီက “လိုရစ္က အဂၤလိပ္မီဒီယာေတြရဲ႕ ေျပာၾကားခ်က္အရ ျပင္သစ္ရဲ႕ အားနည္းခ်က္ဟုတ္လား။ အဲဒါက ေသာက္ပိုေတြပါ။ မီဒီယာေတြမွာ ေျပာေနတာေတြက အၿမဲတမ္း ရွိေနၿပီး အေရးအႀကီးဆံးအရာက ကြင္းထဲမွာ တုံ႔ျပန္ဖို႔ပဲ။ သူ ဒီေန႔ အဲဒါကို လုပ္ခဲ့ၿပီး ကြၽန္ေတာ္တို႔အသင္းထဲမွာ သူရွိေနတာကို ကြၽန္ေတာ္တို႔အရမ္းေပ်ာ္႐ႊင္မိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အသင္းအေနနဲ႔ ၁၉၆၂ ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ကို ထိန္းသိမ္းႏိုင္တဲ့ ပထမဆုံးအသင္းျဖစ္လာဖို႔ ၿပိဳင္ဘက္ေတြအားလုံးကို အႏိုင္ယူသြားႏိုင္မလားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ခြၽင္ေမနီက “ကြၽန္ေတာ္တို႔ လာမယ့္ပြဲကို အရင္ဆုံး အႏိုင္ရဖို႔ လိုပါတယ္။ ဒီလို အရမ္းေကာင္းတဲ့ ေမာ္႐ိုကိုအသင္းနဲ႔ပြဲအတြက္ ေကာင္းေကာင္း ႀကိဳတင္ျပင္ဆင္သြားမွာပါ။ ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္းကို စဥ္းစားႏိုင္မွာပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.