International World Cup

မန်ယူနိုက်တက်ကြယ်ပွင့်ကို တစ်ပတ်ပေါင် ၈သိန်းခွဲနဲ့ ကမ်းလှမ်းဖို့ပြင်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီမှာ ဘော့စမန် အပြောင်းအရွှေ့နဲ့ ခေါ်ယူနိုင်ဖို့အတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၈၅၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်ကို ကမ်းလှမ်းဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြသစ် အဲရစ် တန်ဟက်လက်အောက်မှာ ပုံစံကောင်း ပြန်လည် ရရှိနေတဲ့ ကစာသးမားဖြစ်ပြီး ၄-၂-၃-၁ ကစားကွက်မှာ အဓိက တိုက်စစ်မှူးအဖြစ် ကစားပေးရင်း ယခုရာသီ ၁၈ ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ညာသန်တိုက်စစ်မှူးဟာ ၎င်းရဲ့ မြန်နှုန်း၊ နေရာစုံကစားနိုင်စွမ်းကြောင့် ထင်ရှားကျော်ကြားပြီး ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီက လူပြောစရာ အကြောင်းအရာဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမစတင်ခင် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ လိုအပ်လာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့တာဖြစ်ပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းကလည်း လာမယ့် ဇန်နဝါရီလမှာ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုနိုင်အောင် တစ်ပတ်လုပ်ခလစာ ပေါင် ၈၅၀၀၀၀ အထိ တန်ကြေးရှိတဲ့ စာချုပ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ကလည်း လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လိဂန်းထိပ်သီးအသင်းကြီးဟာ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ အသက်ရလာပြီဖြစ်တာကြောင့် တောင်ပံ ၂ ဖက်စလုံးမှာ ဝင်ကားပေးနိုင်တဲ့ ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးက စာချုပ်သက်တမ်းတိုး စာချုပ်သစ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကို လာမယ့္ေႏြရာသီမွာ ေဘာ့စမန္ အေျပာင္းအေ႐ႊ႕နဲ႔ ေခၚယူႏိုင္ဖို႔အတြက္ တစ္ပတ္လုပ္ခလစာ ေပါင္ ၈၅၀၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ကမ္းလွမ္းဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ နည္းျပသစ္ အဲရစ္ တန္ဟက္လက္ေအာက္မွာ ပုံစံေကာင္း ျပန္လည္ ရရွိေနတဲ့ ကစာသးမားျဖစ္ၿပီး ၄-၂-၃-၁ ကစားကြက္မွာ အဓိက တိုက္စစ္မႉးအျဖစ္ ကစားေပးရင္း ယခုရာသီ ၁၈ ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ညာသန္တိုက္စစ္မႉးဟာ ၎ရဲ႕ ျမန္ႏႈန္း၊ ေနရာစုံကစားႏိုင္စြမ္းေၾကာင့္ ထင္ရွားေက်ာ္ၾကားၿပီး ရက္ရွ္ဖို႔ဒ္ဟာ မၾကာေသးမီက လူေျပာစရာ အေၾကာင္းအရာျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လာမယ့္ရာသီမစတင္ခင္ ရက္ရွ္ဖို႔ဒ္ကို ေရာင္းထုတ္ဖို႔ လိုအပ္လာေတာ့မယ္ဆိုတဲ့ စိုးရိမ္မႈေတြ ႀကီးထြားလာခဲ့တာျဖစ္ပါတယ္။

Mirror ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းကလည္း လာမယ့္ ဇန္နဝါရီလမွာ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေအာင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၈၅၀၀၀၀ အထိ တန္ေၾကးရွိတဲ့ စာခ်ဳပ္ကို ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ ရီးရဲလ္ဘက္တစ္အသင္းတို႔ကလည္း လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ကို အလြတ္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး လိဂန္းထိပ္သီးအသင္းႀကီးဟာ ေနမာနဲ႔ လီယြန္နယ္ မက္ဆီတို႔ အသက္ရလာၿပီျဖစ္တာေၾကာင့္ ေတာင္ပံ ၂ ဖက္စလုံးမွာ ဝင္ကားေပးႏိုင္တဲ့ ရက္ရွ္ဖို႔ဒ္ကို ပစ္မွတ္ထားလာတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ရက္ရွ္ဖို႔ဒ္ကို တစ္ပတ္လုပ္ခလစာေပါင္ ၃ သိန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း အဂၤလန္တိုက္စစ္မႉးက စာခ်ဳပ္သက္တမ္းတိုး စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.