Premier League

၁၆.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လကြယ္၊ ဗုဒၶဟူးေန႔။

၁၆.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လကြယ္၊ ဗုဒၶဟူးေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၅၆ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆုိးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ေန႔လယ္ ၁၃:၁၉ အထိ မာဃနကၡတ္။ ေက်ာ္လွ်င္ ျပဳဗၺဖလဂုဏီနကၡတ္။ နံနက္ ၈:၃၉ အထိ သိဒၶယုဂ္၊ ျပည့္စုံျခင္း၊ ကၽြမ္းက်င္စြာျဖင့္ ေအာင္ျမင္ျခင္း၊ ဆႏၵရွိသည့္ အရာမ်ားအား စူးစိုက္လုပ္ေဆာင္ရန္ေကာင္း။ ေနာက္တစ္ေန႔ နံနက္ ၄:၅၃ အထိ သာဓ်ယုဂ္၊ အၾကံဉာဏ္ေကာင္းရျခင္း၊ ေအာင္ျမင္ျခင္း၊ အဆက္အသြယ္ေကာင္း ရရွိျခင္းတုိ႔ေၾကာင့္ အက်ဳိးအျမတ္ အခြင့္အလမ္းမ်ား ပြင့္လန္းမည္။ ေက်ာ္လွ်င္ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၃၁ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ည ၂၀:၅၆ အထိ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါ ျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။ နံနက္ ၇:၁၅ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ေက်ာ္လွ်င္ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၀:၅၆ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၆.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လကွယ်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၅၆ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နေ့လယ် ၁၃:၁၉ အထိ မာဃနက္ခတ်။ ကျော်လျှင် ပြုဗ္ဗဖလဂုဏီနက္ခတ်။ နံနက် ၈:၃၉ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ နောက်တစ်နေ့ နံနက် ၄:၅၃ အထိ သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။ ကျော်လျှင် သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၃၁ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ည ၂၀:၅၆ အထိ သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။ နံနက် ၇:၁၅ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ကျော်လျှင် နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၀:၅၆ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)