Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၅.၉.၂၀၂၀

– ဘ႐ိုက္တန္နဲ႔ပြဲမွာ ပင္နယ္တီအျဖစ္အပ်က္ေၾကာင့္ ေပါင္ၾကြက္သားဒဏ္ရာ အနည္းငယ္ရွိသြားခဲ့လို႔ ေရခဲအုံခဲ့ရတဲ့ တိုက္စစ္မွဴး တီမို ဗာနာအေနနဲ႔ လာမယ့္ လီဗာပူးလ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပါဝင္ကစားႏုိင္မယ္လို႔ ယုံၾကည္ေနေၾကာင္း ပြဲအၿပီးမွာ ေျပာၾကား။

– ဒီရာသီ ခ်ဲလ္ဆီးအတြက္ ပထမဆုံးဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကန္ပုံကို ကူးခ်တယ္လို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဝင္ဘယ္လ္ဒန္အသင္းနဲ႔ ကြင္းပိတ္ေျခစမ္းသြားဖို႔ ရွိေနၿပီး ဒီပြဲမွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ ဝါရင့္ ခံစစ္မွဴးႀကီး သီယာဂို ေဆးလ္ဗား စတင္ပြဲထြက္ဖြယ္ရွိေနတယ္လုိ႔ သိရ။

– လီဗာပူးလ္နဲ႔ပြဲအတြက္ တီမို ဗာနာ ျပန္လည္ပါဝင္ႏုိင္ခဲ့ေပမယ့္ ရာသီအစမွာ ျပန္ကစားဖို႔ ပစ္မွတ္ထားေနတဲ့ ေတာင္ပံကစားသမား ခရစ္စတီယန္ ပူလီရွစ္ခ်္ကေတာ့ ေလ့က်င့္ေရးကြင္းမွာ လုပ္ေဆာင္ေနရင္း ဒဏ္ရာက မသက္မသာ ခံစားေနရတာေၾကာင့္ ပါဝင္ဖို႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း လမ္းပတ္ဆုိ။

– ခ်ဲလ္ဆီးအသင္းမွာ ေနရာေပ်ာက္ဆုံးဖြယ္ရွိေနတဲ့ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အုိဒြဳိင္းကို ဘုိင္ယန္ျမဴးနစ္အသင္းက အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ ရာသီက မေအာင္ျမင္ခဲ့တဲ့ ႀကဳိးစားမွဳကို ျပန္လည္အသက္သြင္းဖို႔ ရွိလာ။

– စကိုင္းစပို႔စ္တင္ဆက္သူ ဂယ္ရီ နဗီးလ္က ေပါင္ ၄၅ သန္းတန္ တုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းအတြက္ ဂိုးေပါင္းမ်ားစြာ သြင္းယူႏုိင္ဖို႔ တစ္ေပးလုိက္ၿပီး ဒီရာသီမွာ ဂိုး ၂၀ မရရွိခဲ့ရင္ သူ႕အေနနဲ႔ အံ့ၾသမိမွာျဖစ္ေၾကာင္း ေျပာၾကား။

– ေဂ်မီ ကာေရဂါနဲ႔ ဂယ္ရီ နဗီးလ္တုိ႔က ခ်ဲလ္ဆီးအေနနဲ႔ ထိပ္တန္းဂိုးသမားတစ္ေယာက္မရွိဘဲ ဆုဖလားေတြကို ဆြတ္ခူးႏုိင္မွာ မဟုတ္ဘူးလို႔ သတိေပးထားခဲ့ၿပီး ေအဒူယာ မန္ဒီလည္း ေရာက္ဖို႔ နီးစပ္ေနခ်ိန္မွာ လမ္းပတ္ကေတာ့ ကီပါအေပၚ ေထာက္ခံမွဳျပသထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘရိုက်တန်နဲ့ပွဲမှာ ပင်နယ်တီအဖြစ်အပျက်ကြောင့် ပေါင်ကြွက်သားဒဏ်ရာ အနည်းငယ်ရှိသွားခဲ့လို့ ရေခဲအုံခဲ့ရတဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ လာမယ့် လီဗာပူးလ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်နေကြောင်း ပွဲအပြီးမှာ ပြောကြား။

– ဒီရာသီ ချဲလ်ဆီးအတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအနေနဲ့ သူတို့ရဲ့ ကစားသမား ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်ပုံကို ကူးချတယ်လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ လှောင်ပြောင်နေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဝင်ဘယ်လ်ဒန်အသင်းနဲ့ ကွင်းပိတ်ခြေစမ်းသွားဖို့ ရှိနေပြီး ဒီပွဲမှာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဝါရင့် ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား စတင်ပွဲထွက်ဖွယ်ရှိနေတယ်လို့ သိရ။

– လီဗာပူးလ်နဲ့ပွဲအတွက် တီမို ဗာနာ ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့် ရာသီအစမှာ ပြန်ကစားဖို့ ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ခရစ်စတီယန် ပူလီရှစ်ချ်ကတော့ လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်နေရင်း ဒဏ်ရာက မသက်မသာ ခံစားနေရတာကြောင့် ပါဝင်ဖို့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း လမ်းပတ်ဆို။

– ချဲလ်ဆီးအသင်းမှာ နေရာပျောက်ဆုံးဖွယ်ရှိနေတဲ့ လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ရာသီက မအောင်မြင်ခဲ့တဲ့ ကြိုးစားမှုကို ပြန်လည်အသက်သွင်းဖို့ ရှိလာ။

– စကိုင်းစပို့စ်တင်ဆက်သူ ဂယ်ရီ နဗီးလ်က ပေါင် ၄၅ သန်းတန် တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းအတွက် ဂိုးပေါင်းများစွာ သွင်းယူနိုင်ဖို့ တစ်ပေးလိုက်ပြီး ဒီရာသီမှာ ဂိုး ၂၀ မရရှိခဲ့ရင် သူ့အနေနဲ့ အံ့သြမိမှာဖြစ်ကြောင်း ပြောကြား။

– ဂျေမီ ကာရေဂါနဲ့ ဂယ်ရီ နဗီးလ်တို့က ချဲလ်ဆီးအနေနဲ့ ထိပ်တန်းဂိုးသမားတစ်ယောက်မရှိဘဲ ဆုဖလားတွေကို ဆွတ်ခူးနိုင်မှာ မဟုတ်ဘူးလို့ သတိပေးထားခဲ့ပြီး အေဒူယာ မန်ဒီလည်း ရောက်ဖို့ နီးစပ်နေချိန်မှာ လမ်းပတ်ကတော့ ကီပါအပေါ် ထောက်ခံမှုပြသထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.