Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၅.၉.၂၀၂၀

– ကူလီေဘလီအတြက္ နာပုိလီအသင္းက အျမန္ဆုံး ဆုံးျဖတ္ဖို႔ သတိေပးထားေပမယ့္ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြရဲ႕ အာ႐ုံကေတာ့ အီတလီဘက္မွာ မရွိေတာ့ဘဲ စပိန္ကလပ္ အက္သလက္တီကိုရဲ႕ ေနာက္ခံလူ ဟီမီနက္ဇ္ကိုပဲ ယူ႐ုိသန္း ၁၀၀ ဝန္းက်င္မွာ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေန။

– အင္တာမီလန္အသင္းရဲ႕ ပရီးမီးယားလိဂ္ကစားသမားေတြကို ေခၚယူေနမွဳကေတာ့ မရပ္တန္႔ေသးဘဲ ကစားသမားေကာင္းေတြ ပုိလွ်ံေနေလ့ရွိတတ္တဲ့ အေျခအေနကို ကြန္တီနဲ႔အဖြဲ႕က ေရြးခ်ယ္စရာအျဖစ္ အသုံးခ်ေနသလို မန္စီးတီးရဲ႕ ေနာက္ခံလူ နီကုိလတ္စ္ ေအာ့တာမန္ဒီကိုလည္း ယူ႐ို ၅ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ ခ်ဥ္းကပ္လာခဲ့။

– လာမယ့္ရာသီမွာ ပီအက္စ္ဂ်ီက ထြက္ခြာဖို႔ရွိေနတဲ့ ျပင္သစ္တုိက္စစ္မွဴး ခိုင္လ်န္ အမ္ဘာေပကို ေခၚယူလိုေနတဲ့ အသင္းေတြထဲမွာ မန္ခ်က္စတာစီးတီးအသင္းလည္း ပါဝင္လာခဲ့ၿပီး ရီးရဲလ္မက္ဒရစ္၊ လီဗာပူးလ္၊ မန္ခ်က္စတာယူႏုိက္တက္တုိ႔နဲ႔ ယွဥ္ၿပဳိင္ေခၚယူရဖြယ္ရွိ။

– စီးတီးတုိ႔ရဲ႕ ဆက္တုိက္ေအာင္ျမင္မွဳေတြ ရယူထားႏိုင္ခဲ့တဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္ေတြ ေရးဆြဲမွဳကို အတည္ျပဳခဲ့အၿပီးမွာ စက္တင္ဘာ ၂၁ ရက္ေန႔ကေန ၁၃ ရက္အတြင္း ငါးပြဲဆက္တုိက္ ကစားသြားရဖြယ္ရွိေန။

– ဘာစီလိုနာအသင္းအေနနဲ႔ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ သူတုိ႔ရဲ႕ ယူ႐ို ၁၀ သန္းတန္ ကမ္းလွမ္းမွဳကို ပယ္ခ်ခံခဲ့ရၿပီးတဲ့ေနာက္ ဒီအပတ္အတြင္းမွာပဲ ေနာက္ထပ္ကမ္းလွမ္းမွဳတစ္ခုကို ျပဳလုပ္လာဖြယ္ရွိၿပီး ယူ႐ို ၁၅ သန္းေလာက္နဲ႔ သေဘာတူညီႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတယ္လုိ႔ မြန္ဒို ဒီေပါ့တီဗို ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကူလီဘေလီအတွက် နာပိုလီအသင်းက အမြန်ဆုံး ဆုံးဖြတ်ဖို့ သတိပေးထားပေမယ့် မန်ချက်စတာစီးတီးတာဝန်ရှိသူတွေရဲ့ အာရုံကတော့ အီတလီဘက်မှာ မရှိတော့ဘဲ စပိန်ကလပ် အက်သလက်တီကိုရဲ့ နောက်ခံလူ ဟီမီနက်ဇ်ကိုပဲ ယူရိုသန်း ၁၀၀ ဝန်းကျင်မှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေ။

– အင်တာမီလန်အသင်းရဲ့ ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်ယူနေမှုကတော့ မရပ်တန့်သေးဘဲ ကစားသမားကောင်းတွေ ပိုလျှံနေလေ့ရှိတတ်တဲ့ အခြေအနေကို ကွန်တီနဲ့အဖွဲ့က ရွေးချယ်စရာအဖြစ် အသုံးချနေသလို မန်စီးတီးရဲ့ နောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီကိုလည်း ယူရို ၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်လာခဲ့။

– လာမယ့်ရာသီမှာ ပီအက်စ်ဂျီက ထွက်ခွာဖို့ရှိနေတဲ့ ပြင်သစ်တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာစီးတီးအသင်းလည်း ပါဝင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိ။

– စီးတီးတို့ရဲ့ ဆက်တိုက်အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်တွေ ရေးဆွဲမှုကို အတည်ပြုခဲ့အပြီးမှာ စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၁၃ ရက်အတွင်း ငါးပွဲဆက်တိုက် ကစားသွားရဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းအနေနဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာအတွက် သူတို့ရဲ့ ယူရို ၁၀ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပြီးတဲ့နောက် ဒီအပတ်အတွင်းမှာပဲ နောက်ထပ်ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လာဖွယ်ရှိပြီး ယူရို ၁၅ သန်းလောက်နဲ့ သဘောတူညီနိုင်ဖို့ မျှော်လင့်နေတယ်လို့ မွန်ဒို ဒီပေါ့တီဗို ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.