Premier League

၁၈.၂.၂၀၂၀ အတြက္ လီဗာပူးလ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က အီတလီဘာသာစကားကို မကၽြမ္းက်င္တာေၾကာင့္ စီးရီးေအကို ေျပာင္းမွာမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ သူ႔အေနနဲ႔ နည္းျပအလုပ္ကေန အနားယူရင္ ကမၻာပတ္ခရီးသြားဖို႔ပဲ စိတ္ကူးရွိတယ္လို႔လည္း ဆိုပါတယ္။

– လီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္ရွဳံးထြက္ ၁၆ သင္းအဆင့္မွာ ယွဥ္ၿပဳိင္ကစားရမယ့္ အက္သလက္တီကို မက္ဒရစ္အသင္းမွာ ေပၚတူဂီလူငယ္တိုက္စစ္မွဴး ယာအို ဖီးလစ္ ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

– အန္ဖီးလ္ကြင္းကို ေနာက္ထပ္ ထိုင္ခံု(၇၀၀၀) တိုးခ်ဲ႕တပ္ဆင္မယ့္ စီမံကိန္းကို ၂၀၂၀ခုႏွစ္ အကုန္ေလာက္မွာ စတင္သြားမွာျဖစ္ပါတယ္။ အဲဒီစီမံကိန္း ၿပီးရင္ေတာ့ အန္ဖီးလ္ကြင္းဟာ ပရိသတ္(၅၂၀၀၀) ၀င္ဆံ့တဲ့ ကြင္းျဖစ္လာမွာျဖစ္ၿပီး လက္ရွိမွာေတာ့ ကြင္းနာမည္ကို ေရာင္းခ်သြားဖို႔လည္း အသံထြက္ေနခဲ့ပါတယ္။

– လီဗာပူးအသင္းက လာမယ့္ေႏြရာသီမွာ ေပါင္(၄၃)သန္းနဲ႔ ေခၚယူမယ္လို႔ ပစ္မွတ္ထားေနတဲ့ ျပင္သစ္ကြင္းလယ္လူ ဘူကာကာရီ ဆူမာေရးဟာ အသင္းနဲ႔ အဆင္မေျပဘူးလို႔ လိုင္လီနည္းျပ ခရစၥတိုဖာ ဂယ္လ္တီေယးက ဖြင့္ဟလိုက္ၿပီး ဇန္နဝါရီမွာ နယူးကာဆယ္လ္ကို အငွားခ်တာကို မသြားခဲ့လို႔လို႔ ဆုိပါတယ္။

– တစ္ခ်ိန္က ေရာ္ဘီ ေဖာင္လာကို လီဗာပူးအသင္းရဲ႕ နတ္ဘုရားလို႔ ပရိသတ္ေတြ တင္စားခဲ့ဖူးသလို ဒီေန႔အခ်ိန္မွာလည္း မိုဟာမက္ ဆာလားဟာ လီဗာပူးရဲ႕ နတ္ဘုရားသစ္လို႔ ဆိုရမွာျဖစ္ေၾကာင္း အီတလီဂႏၳ၀င္တိုက္စစ္မွဴး ဒယ္လ္ပီယာရိုက ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အီတလီဘာသာစကားကို မကျွမ်းကျင်တာကြောင့် စီးရီးအေကို ပြောင်းမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ သူ့အနေနဲ့ နည်းပြအလုပ်ကနေ အနားယူရင် ကမ္ဘာပတ်ခရီးသွားဖို့ပဲ စိတ်ကူးရှိတယ်လို့လည်း ဆိုပါတယ်။

– လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ယှဉ်ပြိုင်ကစားရမယ့် အက်သလက်တီကို မက်ဒရစ်အသင်းမှာ ပေါ်တူဂီလူငယ်တိုက်စစ်မှူး ယာအို ဖီးလစ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

– အန်ဖီးလ်ကွင်းကို နောက်ထပ် ထိုင်ခုံ(၇၀၀၀) တိုးချဲ့တပ်ဆင်မယ့် စီမံကိန်းကို ၂၀၂၀ခုနှစ် အကုန်လောက်မှာ စတင်သွားမှာဖြစ်ပါတယ်။ အဲဒီစီမံကိန်း ပြီးရင်တော့ အန်ဖီးလ်ကွင်းဟာ ပရိသတ်(၅၂၀၀၀) ဝင်ဆံ့တဲ့ ကွင်းဖြစ်လာမှာဖြစ်ပြီး လက်ရှိမှာတော့ ကွင်းနာမည်ကို ရောင်းချသွားဖို့လည်း အသံထွက်နေခဲ့ပါတယ်။

– လီဗာပူးအသင်းက လာမယ့်နွေရာသီမှာ ပေါင်(၄၃)သန်းနဲ့ ခေါ်ယူမယ်လို့ ပစ်မှတ်ထားနေတဲ့ ပြင်သစ်ကွင်းလယ်လူ ဘူကာကာရီ ဆူမာရေးဟာ အသင်းနဲ့ အဆင်မပြေဘူးလို့ လိုင်လီနည်းပြ ခရစ္စတိုဖာ ဂယ်လ်တီယေးက ဖွင့်ဟလိုက်ပြီး ဇန်နဝါရီမှာ နယူးကာဆယ်လ်ကို အငှားချတာကို မသွားခဲ့လို့လို့ ဆိုပါတယ်။

– တစ်ချိန်က ရော်ဘီ ဖောင်လာကို လီဗာပူးအသင်းရဲ့ နတ်ဘုရားလို့ ပရိသတ်တွေ တင်စားခဲ့ဖူးသလို ဒီနေ့အချိန်မှာလည်း မိုဟာမက် ဆာလားဟာ လီဗာပူးရဲ့ နတ်ဘုရားသစ်လို့ ဆိုရမှာဖြစ်ကြောင်း အီတလီဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုက ချီးကျူးပြောကြားလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.