International World Cup

ရုန်းအားကောင်းတဲ့ ကစားသမားကို ပွဲထွက်ခွင့်ပေးလို့ ဆန်းတို့စ်ကို ပရိသတ်တွေ ချီးကျူး

ပရိသတ်တွေဟာ မော်ရိုကိုနဲ့ ယှဉ်ပြိုင်ကစားနေတဲ့ ပေါ်တူဂီရဲ့ပွဲထွက်လူစာရင်းကို မြင်တွေ့ရချိန်မှာ စိတ်လှုပ်ရှားခဲ့ကြပြီး နည်းပြ ဆန်းတို့စ် အမှန်မြင်လာပြီလို့ ချီးကျူးခဲ့ကြပါတယ်။

ပေါ်တူဂီအသင်းဟာ ယနေ့ည မော်ရိုကိုနဲ့ ယှဉ်ပြိုင်ကစားနေတဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ အနိုင်ယူပြီး ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဆွစ်ဇာလန်ကို ၆-၁ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပြီးနောက် ခံစစ်မာကျောတဲ့ မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို ဂိုးခွင့်ပြုရခြင်းမရှိသေးဘဲ ပေးထားရတဲ့တစ်ဂိုးကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ပြိုင်ပွဲတလျှောက်လုံးမှာ အံ့အားသင့်စရာရလဒ်တွေကို ပြုလုပ်ပြခဲ့ပြီးဖြစ်ပြီး အုပ်စုအဆင့်မှာ ခရိုအေးရှား၊ ဘယ်လ်ဂျီယမ်တို့ထက် ၄ မှတ်အသာရခဲ့သလို စပိန်ကို ၁၆ သင်းရှုံးထွက်အဆင့်မျာ ပင်နယ်တီနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့ မော်ရိုကိုနဲ့ ပွဲစဉ်မှာ လွယ်ကူမှာမဟုတ်ပေမယ့် ပရိသတ်တွေဟာ ဒါလော့တ်ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ခဲ့ရပြီးနောက် မျှော်လင့်ချက်တွေ ထားလာကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အထင်ကြီးစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားနဲ့ပွဲမှာ ဟော်တာရဲ့ ဂိုးကို ဖန်တီးပေးခဲ့သလို ဆွစ်နဲ့ပွဲမှာလည်း ၎င်းရဲ့ မြန်နှုန်း၊ ဇွဲနပဲရှိမှုနဲ့အတူ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက ဒါလော့တ်ဟာ အချိန်တော်တော်များများမှာ ဂျာအို ကန်ဆယ်လိုထက်တောင် ပိုပြီး လျင်မြန်ပြီး တိုက်စစ်လိုက်ပါနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး မော်ရိုကိုလိုမျိုး ခံစစ်ထိ ပိတ်ဆော့တတ်တဲ့အသင်းနဲ့ပွဲမှာ အဲဒါက ကောင်းမွန်တဲ့အရည်အချင်းတွေ ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကလည်း ဒါလော့တ်နဲ့ ဖာနန်ဒက်စ်တို့ အတူတူပွဲထွက်ပါဝင်ခွင့်ရတာကို ပျော်ရွှင်ခဲ့ကြပြီး ပေါ်တူဂီပရိသတ်တွေကလည်း ဆန်းတို့စ်ဟာ နောက်ဆုံးမှာတော့ ဒါလော့တ်ရဲ့ အရေးပါပုံကို သိသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

“ကန်ဆယ်လို ဒါလော့တ်အတွက် အရန်ခုံထိုင်ရပြီ။ နောက်ဆုံးတော့ ဆန်းတို့စ် အမှန်ကို မြင်သွားပြီ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ဒါလော့တ်က ခံစစ်ပိတ်ဆော့တဲ့အသင်းနဲ့ပွဲမှာ အများကြီး ပိုကောင်းတယ်။ သူက ပိုပြီးတော့ ရုန်းအားကောင်းပြီး ကန်ဆယ်လိုထက် တိုက်စစ်ကို ပိုလိုက်ပါနိုင်တယ်။ ဂွါရဲရိုးက ပင်ကိုယ် ဘယ်နောက်ခံလူဖြစ်ပြီး ကန်ဆယ်လိုကတော့ အဲဒီလိုမဟုတ်ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မော်ရိုကိုအသင်းက အန်နက်စရီရဲ့ ပထမပိုင်းပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့ပြီး ပေါ်တူဂီကတော့ တိုက်စစ်မှာ အဆုံးသတ်ပိုင်းညံ့ဖျင်းနေပြီး ဂျာအို ဖီလစ်ကလည်း အပိုင်ကန်သွင်းခွင့်တွေကို ဖြုန်းတီးနေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ ေမာ္႐ိုကိုနဲ႔ ယွဥ္ၿပိဳင္ကစားေနတဲ့ ေပၚတူဂီရဲ႕ပြဲထြက္လူစာရင္းကို ျမင္ေတြ႕ရခ်ိန္မွာ စိတ္လႈပ္ရွားခဲ့ၾကၿပီး နည္းျပ ဆန္းတို႔စ္ အမွန္ျမင္လာၿပီလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ေပၚတူဂီအသင္းဟာ ယေန႔ည ေမာ္႐ိုကိုနဲ႔ ယွဥ္ၿပိဳင္ကစားေနတဲ့ ၁၆ သင္းရႈံးထြက္အဆင့္မွာ အႏိုင္ယူၿပီး ၁၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့ၿပီးေနာက္ ခံစစ္မာေက်ာတဲ့ ေမာ္႐ိုကိုအသင္းနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ေတြကို ဂိုးခြင့္ျပဳရျခင္းမရွိေသးဘဲ ေပးထားရတဲ့တစ္ဂိုးကလည္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္ပါတယ္။ ေမာ္႐ိုကိုအသင္းဟာ ၿပိဳင္ပြဲတေလွ်ာက္လုံးမွာ အံ့အားသင့္စရာရလဒ္ေတြကို ျပဳလုပ္ျပခဲ့ၿပီးျဖစ္ၿပီး အုပ္စုအဆင့္မွာ ခ႐ိုေအးရွား၊ ဘယ္လ္ဂ်ီယမ္တို႔ထက္ ၄ မွတ္အသာရခဲ့သလို စပိန္ကို ၁၆ သင္းရႈံးထြက္အဆင့္မ်ာ ပင္နယ္တီနဲ႔ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီအသင္းကေတာ့ ေမာ္႐ိုကိုနဲ႔ ပြဲစဥ္မွာ လြယ္ကူမွာမဟုတ္ေပမယ့္ ပရိသတ္ေတြဟာ ဒါေလာ့တ္ကို ပြဲထြက္လူစာရင္းမွာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ေမွ်ာ္လင့္ခ်က္ေတြ ထားလာၾကတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းအတြက္ အထင္ႀကီးစရာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေတာင္ကိုရီးယားနဲ႔ပြဲမွာ ေဟာ္တာရဲ႕ ဂိုးကို ဖန္တီးေပးခဲ့သလို ဆြစ္နဲ႔ပြဲမွာလည္း ၎ရဲ႕ ျမန္ႏႈန္း၊ ဇြဲနပဲရွိမႈနဲ႔အတူ ၿပိဳင္ဘက္ေတြကို ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ဦးက ဒါေလာ့တ္ဟာ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဂ်ာအို ကန္ဆယ္လိုထက္ေတာင္ ပိုၿပီး လ်င္ျမန္ၿပီး တိုက္စစ္လိုက္ပါႏိုင္တဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး ေမာ္႐ိုကိုလိုမ်ိဳး ခံစစ္ထိ ပိတ္ေဆာ့တတ္တဲ့အသင္းနဲ႔ပြဲမွာ အဲဒါက ေကာင္းမြန္တဲ့အရည္အခ်င္းေတြ ျဖစ္လိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကလည္း ဒါေလာ့တ္နဲ႔ ဖာနန္ဒက္စ္တို႔ အတူတူပြဲထြက္ပါဝင္ခြင့္ရတာကို ေပ်ာ္႐ႊင္ခဲ့ၾကၿပီး ေပၚတူဂီပရိသတ္ေတြကလည္း ဆန္းတို႔စ္ဟာ ေနာက္ဆုံးမွာေတာ့ ဒါေလာ့တ္ရဲ႕ အေရးပါပုံကို သိသြားခဲ့ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

“ကန္ဆယ္လို ဒါေလာ့တ္အတြက္ အရန္ခုံထိုင္ရၿပီ။ ေနာက္ဆုံးေတာ့ ဆန္းတို႔စ္ အမွန္ကို ျမင္သြားၿပီ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ဒါေလာ့တ္က ခံစစ္ပိတ္ေဆာ့တဲ့အသင္းနဲ႔ပြဲမွာ အမ်ားႀကီး ပိုေကာင္းတယ္။ သူက ပိုၿပီးေတာ့ ႐ုန္းအားေကာင္းၿပီး ကန္ဆယ္လိုထက္ တိုက္စစ္ကို ပိုလိုက္ပါႏိုင္တယ္။ ဂြါရဲ႐ိုးက ပင္ကိုယ္ ဘယ္ေနာက္ခံလူျဖစ္ၿပီး ကန္ဆယ္လိုကေတာ့ အဲဒီလိုမဟုတ္ဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ေမာ္႐ိုကိုအသင္းက အန္နက္စရီရဲ႕ ပထမပိုင္းၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ သြင္းယူခဲ့တဲ့သြင္းဂိုးေၾကာင့္ ပထမပိုင္းမွာ ဦးေဆာင္ထားႏိုင္ခဲ့ၿပီး ေပၚတူဂီကေတာ့ တိုက္စစ္မွာ အဆုံးသတ္ပိုင္းညံ့ဖ်င္းေနၿပီး ဂ်ာအို ဖီလစ္ကလည္း အပိုင္ကန္သြင္းခြင့္ေတြကို ျဖဳန္းတီးေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.