International Premier League World Cup

လစာလျှော့ပေးတာတောင် ခေါ်မယ့်အသင်းမရှိ ဖြစ်နေခဲ့တဲ့ ရော်နယ်လ်ဒို

ကလပ်အသင်းအများအပြားဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းတည်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂ ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းကို စွန့်ခွာချင်ခဲ့ပေမယ့်လည်း ထွက်ခွာခွင့်မရခဲ့တာဖြစ်ပါတယ်။ The Athletic ရဲ့ သတင်းအရ တန်ဟက်ဟာ သြဂုတ်လမှာ ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ အမှတ်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရော်နယ်လ်ဒိုကို ထွက်ခွာစေချင်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တူဂီကြယ်ပွင့်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၄၅၀၀၀၀ ဝန်းကျင် ပေးချေနေခဲ့ရတာဖြစ်ပြီး ခေါ်ယူမယ့်အသင်းရှိလာပြီး ပေါ်တူဂီတိုက်စစ်မှူးကလည်း ပြောင်းရွှေ့ချင်တဲ့အသင်းဆိုရင် ၎င်းရဲ့လစာကို ရာခိုင်နှုန်းတစ်ခုအထိ ပေးချေသွားချင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ကလပ်အသင်းအများအပြားက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းလောက်သာ ပေးရင် ခေါ်ယူနိုင်မယ့်အခွင့်အရေးရတာတောင်မှ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိခဲ့ဘူးလို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အဲဒီပမာဏထက် အများကြီးပိုမိုတဲ့ ကမ်းလှမ်းမှု ရရှိခဲ့သူဖြစ်ပြီး ပေါင်သန်း ၃၀၀ တန်ကြေးရှိတဲ့ စာချုပ်နဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ စိတ်ပြောင်းလိုက်ပြီဖြစ်ပြီး အယ်လ်-နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးကတော့ အဲဒီ ပြောဆိုမှုတွေကို ငြင်းပယ်ထားတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အထိ ကလပ်အသင်းမရှိသေးတဲ့ ကစားသမားအဖြစ် ရှိနေဆဖြစ်ပြီး ယနေ့ညမှာ မော်ရိုကိုနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ကို အပြည့်အဝအာရုံစိုက်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကလပ္အသင္းအမ်ားအျပားဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို တစ္ပတ္လုပ္ခလစာ ေပါင္ ၈ ေသာင္းတည္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးရရွိခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၂ ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီကတည္းက အသင္းကို စြန႔္ခြာခ်င္ခဲ့ေပမယ့္လည္း ထြက္ခြာခြင့္မရခဲ့တာျဖစ္ပါတယ္။ The Athletic ရဲ႕ သတင္းအရ တန္ဟက္ဟာ ၾသဂုတ္လမွာ ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ အမွတ္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ေရာ္နယ္လ္ဒိုကို ထြက္ခြာေစခ်င္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေပၚတူဂီၾကယ္ပြင့္ကို တစ္ပတ္လုပ္ခလစာ ေပါင္ ၄၅၀၀၀၀ ဝန္းက်င္ ေပးေခ်ေနခဲ့ရတာျဖစ္ၿပီး ေခၚယူမယ့္အသင္းရွိလာၿပီး ေပၚတူဂီတိုက္စစ္မႉးကလည္း ေျပာင္းေ႐ႊ႕ခ်င္တဲ့အသင္းဆိုရင္ ၎ရဲ႕လစာကို ရာခိုင္ႏႈန္းတစ္ခုအထိ ေပးေခ်သြားခ်င္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ကလပ္အသင္းအမ်ားအျပားက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို တစ္ပတ္လုပ္ခလစာ ေပါင္ ၈ ေသာင္းေလာက္သာ ေပးရင္ ေခၚယူႏိုင္မယ့္အခြင့္အေရးရတာေတာင္မွ ေခၚယူဖို႔ စိတ္ဝင္စားျခင္းမရွိခဲ့ဘူးလို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အဲဒီပမာဏထက္ အမ်ားႀကီးပိုမိုတဲ့ ကမ္းလွမ္းမႈ ရရွိခဲ့သူျဖစ္ၿပီး ေပါင္သန္း ၃၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ေရာ္နယ္လ္ဒိုဟာ စိတ္ေျပာင္းလိုက္ၿပီျဖစ္ၿပီး အယ္လ္-နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေပၚတူဂီတိုက္စစ္မႉးကေတာ့ အဲဒီ ေျပာဆိုမႈေတြကို ျငင္းပယ္ထားတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္အထိ ကလပ္အသင္းမရွိေသးတဲ့ ကစားသမားအျဖစ္ ရွိေနဆျဖစ္ၿပီး ယေန႔ညမွာ ေမာ္႐ိုကိုနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲစဥ္ကို အျပည့္အဝအာ႐ုံစိုက္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.