International Match Report World Cup

မော်ရိုကိုတို့ သမိုင်းသစ် ရှေ့ဆက်ပြီး CR7 လည်း မကယ်နိုင်ဘဲ ရှုံးလို့ ထွက်ခဲ့ရတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော့စတာ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ပီပီ၊ ဒါလော့နဲ့ ဂွါရဲရိုးတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ အော့တာဗျိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ဂျာအို ဖဲလစ္စနဲ့ ဂွန်ဆာလို ရာမို့စ်တို့ကို ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

မထင်မှတ်တာတွေချည်း လုပ်ပြနေခဲ့တဲ့ အာဖရိကကိုယ်စားပြု မော်ရိုကိုအသင်းကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဆိုက်စ်၊ အယ်လ်ယာမစ်ခ်၊ အတစ်တာလာ၊ ဟာကီမီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ အူနာဟီနဲ့ အမ်မယ်လာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဘူဖယ်လ်နဲ့ အန်နက်ဆီရီတို့ကို သုံးစွဲလာခဲ့တာပါ။

မော်ရိုကိုတို့ရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ အာဂွါဒ်နဲ့ မာဇရာဝီတို့ မပါနိုင်ခဲ့တဲ့ ဗဟိုခံစစ်နဲ့ ဘယ်နောက်ခံလူနေရာတွေမှာ အရန်တွေနဲ့ အစားထိုးခဲ့ရလို့ ပေါ်တူဂီတို့ ကံကောင်းလွန်းခဲ့တယ်လို့ ပွဲမစခင်က လူပြောများခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထင်သလိုမဖြစ်ခဲ့ဘဲ ဂိုးသမား ဘိုနိုနဲ့အတူ ခံစစ်က မာကျောခဲ့တာပဲဖြစ်ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကနေ ဂျာအို ဖဲလစ္စက ဧရိယာထဲမှာ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ဘိုနိုက ဒိုက်ပစ်ပြီး ပုတ်ထုတ်သွားခဲ့သလို သုံးမိနစ်အကြာမှာ ထောင့်ကန်ဘောကနေ အန်နက်ဆီရီက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခဲ့တာက လွဲချော်သွားခဲ့ပြီးနောက်မှာ ပေါ်တူဂီတို့ရဲ့ တိုက်စစ်တွေကို မော်ရိုကိုတို့ ပိတ်ဆို့ကာကွယ်သွားခဲ့ရတာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဂျာအို ဖဲလစ္စရဲ့ ကန်ချက်က ကြိုတင်တွက်ဆပြီး ဖမ်းယူဖို့ ကြိုးစားတဲ့ ဂိုးသမား ဘိုနိုရဲ့ ခန့်မှန်းချက်အတိုင်း ဖြစ်မလာဘဲ နောက်ခံလူ အယ်လ်ယာမစ်ခ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာက ဆန့်ကျင်ဘက် ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ မော်ရိုကိုတို့ သက်သာခဲ့ရသလို ဘယ်ခြမ်းက အာတစ်တာလာရဲ့ Cut Back ကိုတော့ အမ်မယ်လာက ဧရိယာထဲမှာ ဖြုန်းတီးပစ်ခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ မော်ရိုကိုတို့ ဂိုးစရသွားခဲ့ပြီး ကွင်းလယ်ကနေ အူနာဟီ ဆွဲယူလာခဲ့တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ အာတစ်တာလာက ဖြတ်တင်ပေးပို့ရာမှာ ဧရိယာထဲမှာ ရူဘင် ဒီယက်စ်ရဲ့ ခေါင်းပေါ်က ဂိုးသမား ဝင်ဖမ်းမယ့် အနေအထားကို တိုက်စစ်မှူး အန်နက်ဆီရီက ဇွဲမလျှော့ဘဲ အမြင့်ဆုံးခုန်ပြီး ခေါင်းဝင်တိုက်ခဲ့ရာမှာ ပေါ်တူဂီတို့ တစ်ကွက်နောက်ကျပြီး ငုတ်တုတ်မေ့ခဲ့ရတာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဂိုးပေးလိုက်ရချိန်မှာ အရန်ခုံကနေ မျက်နှာကြီး အိုနေခဲ့တာကို တွေ့ရပြီး အန်နက်ဆီရီအနေနဲ့ သူ့ရဲ့ ခုန်နေကျ အမြင့်မျိုးကို ခုန်သွားခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ရပ်ဖြစ်ခဲ့သလို ပထမပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ Volley ကန်ချက်ကလည်း ဘားထိထွက်ခဲ့လို့ ပေါ်တူဂီတို့ စိတ်ပျက်ခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာ ဘရူနို ဖာနန်ဒက်စ်ကို ဧရိယာထဲမှာ ဟာကီမီက နောက်ကနေ ဝင်တိုက်မိခဲ့လို့ လဲကျခဲ့တာကို ဒိုင်လူကြီးကတော့ ပင်နယ်တီ ပေးဖို့ ငြင်းဆန်သွားခဲ့သလို တန်ပြန်တိုက်စစ်ကနေ အူနာဟီ ပေးတာကို အတစ်တာလာက ဘေးချော်ကန်ခဲ့လို့ အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ရပြီး ပထမပိုင်းမှာ မော်ရိုကိုတို့ပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းစပြီး သုံးမိနစ်အကြာ ပွဲချိန် ၄၈ မိနစ်မှာ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကို မော်ရိုကိုသားတွေ ခေါင်းတိုက်ကြရာမှာ မထိလိုက်ပေမယ့် ဂိုးထဲ တည့်တည့်ဝင်သွားခဲ့တာကို ဂိုးသမား ကော့စတာ ရင်ဘတ်နဲ့ ပိတ်ဆို့နိုင်ခဲ့လို့ ပေါ်တူဂီတို့ သက်သာခဲ့ရပြီး ခုန်ရာကနေ ပြန်ကျလာတဲ့ အယ်လ်ယာမစ်ခ်ရဲ့ နောက်တစ်ကြိမ် ကြိုးစားမှုကတော့ တိုင်ဘေးကို ထွက်သွားခဲ့တာကြောင့် အာဖရိကသားတွေ ဂိုးထပ်မရဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ပေါ်တူဂီတို့ဘက်က ဂွါရဲရိုးနဲ့ ရူဘင် နာဗက်စ်တို့အစား ဂျာအို အန်ဆယ်လိုနဲ့ ရော်နယ်လ်ဒိုတို့ကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်မြှင့်ခဲ့သလို မော်ရိုကိုတို့ဘက်ကတော့ ဒဏ်ရာသွားတဲ့ ဝါရင့်နောက်ခံလူ ကပ္ပတိန် ဆိုက်စ်အစား ဒါရီနဲ့ လူစားလဲခဲ့ရလို့ သူတို့ရဲ့ ပရိသတ်တွေ စိုးရိမ်စရာဖြစ်ခဲ့ရပေမယ့် နာမည်ထက် လူနဲ့ ကြိုးစားမှုက ပိုမိုအရေးပါကြောင်းကို ကျားကုတ်ကျားခဲနဲ့ ဆက်လက်ပြသနိုင်ခဲ့တာပါ။

ပေါ်တူဂီတို့ဘက်က အပိုင်အခွင့်အရေးကို ဂွန်ဆာလို ရာမို့စ်က ဘေးဘက် ခေါင်းတိုက်ပစ်ခဲ့သလို မော်ရိုကိုတို့ရဲ့ ကောင်တာတွေ ကောင်းပေမယ့် အဆုံးသတ်တွေကတော့ ချူချာလွန်းနေခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက်က ဘားပေါ်က ကပ်ထွက်သွားခဲ့အပြီးမှာ ဂွန်ဆာလို ရာမို့စ်နဲ့ အော့တာဗျိုတို့အစား ရာဖေးလ် လီယာအိုနဲ့ ဗီတင်ညာတို့ကို နည်းပြ ဖာနန်ဒို ဆန်တို့စ်က ထပ်လဲပြီး နောက်ထပ်အံစာတစ်တုံးကို ပစ်သွားခဲ့တာပါ။

မော်ရိုကိုတို့ဘက်ကတော့ အမ်မယ်လာ၊ အန်နက်ဆီရီ၊ ဘူဖယ်လ်နဲ့ ဇီးယက်ရှ်တို့အစား ရှက်ဒီရာ၊ ဘီနူးန်၊ ဂျာဘရာနီနဲ့ အဘူခါလာလ်တို့ကို လဲကစားခဲ့ပြီး ကစားအားမကျအောင် ထိန်းသိမ်းသွားခဲ့သလို ပေါ်တူဂီတို့ကတော့ ဒါလော့အစား ဟော်တာကို ထပ်ထည့်ပြီး ပီပီနဲ့ ရူဘင် ဒီယက်စ်တို့ပါ ဂိုးရှေ့တက်ကစားတဲ့အထိ တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးရဖို့တော့ လွဲချော်နေခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ နှစ်မိနစ်အတွင်း နှစ်ဝါပြပြီး ရှက်ဒီရာကို အာဂျင်တီးနားဒိုင်က ထုတ်ပယ်သွားခဲ့သလို ပေါ်တူဂီတို့ကို မျက်နှာပေးခဲ့ပေမယ့် တစ်ယောက်အသာနဲ့ ကစားခဲ့ရတဲ့ ငါးမိနစ်မှာလည်း ရော်နယ်လ်ဒိုတို့အဖွဲ့တွေ ဘာမှဖြစ်မလာခဲ့လို့ မော်ရိုကိုတို့ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို မတုံ့ပြန်နိုင်ဘဲ လက်မှိုင်ချခဲ့ရတာပါ။


ပွဲချိန်အပြည့်မှာတော့ မော်ရိုကိုတို့က တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရပြီး သူတို့ရဲ့ ထုံးစံအတိုင်း နည်းပြ ဝါလစ်ဒ် ရီဂရာဂွီကို မြှောက်တင်ပြီး ဂုဏ်ပြုရင်း အောင်ပွဲခံခဲ့ကြသလို ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံး ရောက်ရှိနိုင်ခဲ့တဲ့ အာဖရိကအသင်းအဖြစ် သမိုင်းသစ်ရေးခဲ့ချိန်မှာ ပေါ်တူဂီတို့ကတော့ ရှုံးထွက်အဆင့်တွေမှာ တစ်ဂိုးမှ မရဖူးသေးတဲ့ ရော်နယ်လ်ဒိုနဲ့အတူ အိမ်ပြန်မလှဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ့စတာ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ပီပီ၊ ဒါေလာ့နဲ႔ ဂြါရဲ႐ိုးတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ႐ူဘင္ နာဗက္စ္၊ ေအာ့တာဗ်ိဳနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဂ်ာအို ဖဲလစၥနဲ႔ ဂြန္ဆာလို ရာမို႔စ္တို႔ကို ပြဲထုတ္လာခဲ့ၾကတာျဖစ္ပါတယ္။

မထင္မွတ္တာေတြခ်ည္း လုပ္ျပေနခဲ့တဲ့ အာဖရိကကိုယ္စားျပဳ ေမာ္႐ိုကိုအသင္းကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ ဆိုက္စ္၊ အယ္လ္ယာမစ္ခ္၊ အတစ္တာလာ၊ ဟာကီမီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အမ္မရာဘတ္၊ အူနာဟီနဲ႔ အမ္မယ္လာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ဘူဖယ္လ္နဲ႔ အန္နက္ဆီရီတို႔ကို သုံးစြဲလာခဲ့တာပါ။

ေမာ္႐ိုကိုတို႔ရဲ႕ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ အာဂြါဒ္နဲ႔ မာဇရာဝီတို႔ မပါႏိုင္ခဲ့တဲ့ ဗဟိုခံစစ္နဲ႔ ဘယ္ေနာက္ခံလူေနရာေတြမွာ အရန္ေတြနဲ႔ အစားထိုးခဲ့ရလို႔ ေပၚတူဂီတို႔ ကံေကာင္းလြန္းခဲ့တယ္လို႔ ပြဲမစခင္က လူေျပာမ်ားခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ထင္သလိုမျဖစ္ခဲ့ဘဲ ဂိုးသမား ဘိုႏိုနဲ႔အတူ ခံစစ္က မာေက်ာခဲ့တာပဲျဖစ္ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္ကေန ဂ်ာအို ဖဲလစၥက ဧရိယာထဲမွာ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ဘိုႏိုက ဒိုက္ပစ္ၿပီး ပုတ္ထုတ္သြားခဲ့သလို သုံးမိနစ္အၾကာမွာ ေထာင့္ကန္ေဘာကေန အန္နက္ဆီရီက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခဲ့တာက လြဲေခ်ာ္သြားခဲ့ၿပီးေနာက္မွာ ေပၚတူဂီတို႔ရဲ႕ တိုက္စစ္ေတြကို ေမာ္႐ိုကိုတို႔ ပိတ္ဆို႔ကာကြယ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဂ်ာအို ဖဲလစၥရဲ႕ ကန္ခ်က္က ႀကိဳတင္တြက္ဆၿပီး ဖမ္းယူဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ဘိုႏိုရဲ႕ ခန႔္မွန္းခ်က္အတိုင္း ျဖစ္မလာဘဲ ေနာက္ခံလူ အယ္လ္ယာမစ္ခ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာက ဆန႔္က်င္ဘက္ ဂိုးတိုင္ေဘးက ထြက္သြားခဲ့လို႔ ေမာ္႐ိုကိုတို႔ သက္သာခဲ့ရသလို ဘယ္ျခမ္းက အာတစ္တာလာရဲ႕ Cut Back ကိုေတာ့ အမ္မယ္လာက ဧရိယာထဲမွာ ျဖဳန္းတီးပစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေမာ္႐ိုကိုတို႔ ဂိုးစရသြားခဲ့ၿပီး ကြင္းလယ္ကေန အူနာဟီ ဆြဲယူလာခဲ့တဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ အာတစ္တာလာက ျဖတ္တင္ေပးပို႔ရာမွာ ဧရိယာထဲမွာ ႐ူဘင္ ဒီယက္စ္ရဲ႕ ေခါင္းေပၚက ဂိုးသမား ဝင္ဖမ္းမယ့္ အေနအထားကို တိုက္စစ္မႉး အန္နက္ဆီရီက ဇြဲမေလွ်ာ့ဘဲ အျမင့္ဆုံးခုန္ၿပီး ေခါင္းဝင္တိုက္ခဲ့ရာမွာ ေပၚတူဂီတို႔ တစ္ကြက္ေနာက္က်ၿပီး ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဂိုးေပးလိုက္ရခ်ိန္မွာ အရန္ခုံကေန မ်က္ႏွာႀကီး အိုေနခဲ့တာကို ေတြ႕ရၿပီး အန္နက္ဆီရီအေနနဲ႔ သူ႔ရဲ႕ ခုန္ေနက် အျမင့္မ်ိဳးကို ခုန္သြားခဲ့တာကလည္း တိုက္ဆိုင္မႈတစ္ရပ္ျဖစ္ခဲ့သလို ပထမပိုင္းမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ Volley ကန္ခ်က္ကလည္း ဘားထိထြက္ခဲ့လို႔ ေပၚတူဂီတို႔ စိတ္ပ်က္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို ဧရိယာထဲမွာ ဟာကီမီက ေနာက္ကေန ဝင္တိုက္မိခဲ့လို႔ လဲက်ခဲ့တာကို ဒိုင္လူႀကီးကေတာ့ ပင္နယ္တီ ေပးဖို႔ ျငင္းဆန္သြားခဲ့သလို တန္ျပန္တိုက္စစ္ကေန အူနာဟီ ေပးတာကို အတစ္တာလာက ေဘးေခ်ာ္ကန္ခဲ့လို႔ အခြင့္အေရးေကာင္း ဆုံးရႈံးခဲ့ရၿပီး ပထမပိုင္းမွာ ေမာ္႐ိုကိုတို႔ပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းစၿပီး သုံးမိနစ္အၾကာ ပြဲခ်ိန္ ၄၈ မိနစ္မွာ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ကို ေမာ္႐ိုကိုသားေတြ ေခါင္းတိုက္ၾကရာမွာ မထိလိုက္ေပမယ့္ ဂိုးထဲ တည့္တည့္ဝင္သြားခဲ့တာကို ဂိုးသမား ေကာ့စတာ ရင္ဘတ္နဲ႔ ပိတ္ဆို႔ႏိုင္ခဲ့လို႔ ေပၚတူဂီတို႔ သက္သာခဲ့ရၿပီး ခုန္ရာကေန ျပန္က်လာတဲ့ အယ္လ္ယာမစ္ခ္ရဲ႕ ေနာက္တစ္ႀကိမ္ ႀကိဳးစားမႈကေတာ့ တိုင္ေဘးကို ထြက္သြားခဲ့တာေၾကာင့္ အာဖရိကသားေတြ ဂိုးထပ္မရဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေပၚတူဂီတို႔ဘက္က ဂြါရဲ႐ိုးနဲ႔ ႐ူဘင္ နာဗက္စ္တို႔အစား ဂ်ာအို အန္ဆယ္လိုနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ထည့္သြင္းလာခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ေမာ္႐ိုကိုတို႔ဘက္ကေတာ့ ဒဏ္ရာသြားတဲ့ ဝါရင့္ေနာက္ခံလူ ကပၸတိန္ ဆိုက္စ္အစား ဒါရီနဲ႔ လူစားလဲခဲ့ရလို႔ သူတို႔ရဲ႕ ပရိသတ္ေတြ စိုးရိမ္စရာျဖစ္ခဲ့ရေပမယ့္ နာမည္ထက္ လူနဲ႔ ႀကိဳးစားမႈက ပိုမိုအေရးပါေၾကာင္းကို က်ားကုတ္က်ားခဲနဲ႔ ဆက္လက္ျပသႏိုင္ခဲ့တာပါ။

ေပၚတူဂီတို႔ဘက္က အပိုင္အခြင့္အေရးကို ဂြန္ဆာလို ရာမို႔စ္က ေဘးဘက္ ေခါင္းတိုက္ပစ္ခဲ့သလို ေမာ္႐ိုကိုတို႔ရဲ႕ ေကာင္တာေတြ ေကာင္းေပမယ့္ အဆုံးသတ္ေတြကေတာ့ ခ်ဴခ်ာလြန္းေနခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္က ဘားေပၚက ကပ္ထြက္သြားခဲ့အၿပီးမွာ ဂြန္ဆာလို ရာမို႔စ္နဲ႔ ေအာ့တာဗ်ိဳတို႔အစား ရာေဖးလ္ လီယာအိုနဲ႔ ဗီတင္ညာတို႔ကို နည္းျပ ဖာနန္ဒို ဆန္တို႔စ္က ထပ္လဲၿပီး ေနာက္ထပ္အံစာတစ္တုံးကို ပစ္သြားခဲ့တာပါ။

ေမာ္႐ိုကိုတို႔ဘက္ကေတာ့ အမ္မယ္လာ၊ အန္နက္ဆီရီ၊ ဘူဖယ္လ္နဲ႔ ဇီးယက္ရွ္တို႔အစား ရွက္ဒီရာ၊ ဘီႏူးန္၊ ဂ်ာဘရာနီနဲ႔ အဘူခါလာလ္တို႔ကို လဲကစားခဲ့ၿပီး ကစားအားမက်ေအာင္ ထိန္းသိမ္းသြားခဲ့သလို ေပၚတူဂီတို႔ကေတာ့ ဒါေလာ့အစား ေဟာ္တာကို ထပ္ထည့္ၿပီး ပီပီနဲ႔ ႐ူဘင္ ဒီယက္စ္တို႔ပါ ဂိုးေရွ႕တက္ကစားတဲ့အထိ တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဂိုးရဖို႔ေတာ့ လြဲေခ်ာ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ႏွစ္မိနစ္အတြင္း ႏွစ္ဝါျပၿပီး ရွက္ဒီရာကို အာဂ်င္တီးနားဒိုင္က ထုတ္ပယ္သြားခဲ့သလို ေပၚတူဂီတို႔ကို မ်က္ႏွာေပးခဲ့ေပမယ့္ တစ္ေယာက္အသာနဲ႔ ကစားခဲ့ရတဲ့ ငါးမိနစ္မွာလည္း ေရာ္နယ္လ္ဒိုတို႔အဖြဲ႕ေတြ ဘာမွျဖစ္မလာခဲ့လို႔ ေမာ္႐ိုကိုတို႔ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးကို မတုံ႔ျပန္ႏိုင္ဘဲ လက္မႈိင္ခ်ခဲ့ရတာပါ။


ပြဲခ်ိန္အျပည့္မွာေတာ့ ေမာ္႐ိုကိုတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ရၿပီး သူတို႔ရဲ႕ ထုံးစံအတိုင္း နည္းျပ ဝါလစ္ဒ္ ရီဂရာဂြီကို ေျမႇာက္တင္ၿပီး ဂုဏ္ျပဳရင္း ေအာင္ပြဲခံခဲ့ၾကသလို ဆီမီးဖိုင္နယ္အဆင့္ကို ပထမဆုံး ေရာက္ရွိႏိုင္ခဲ့တဲ့ အာဖရိကအသင္းအျဖစ္ သမိုင္းသစ္ေရးခဲ့ခ်ိန္မွာ ေပၚတူဂီတို႔ကေတာ့ ရႈံးထြက္အဆင့္ေတြမွာ တစ္ဂိုးမွ မရဖူးေသးတဲ့ ေရာ္နယ္လ္ဒိုနဲ႔အတူ အိမ္ျပန္မလွဘဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.