International World Cup

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရအပြီး ဝမ်းနည်းစရာသတင်းစကားကို မျှဝေခဲ့တဲ့ ဆေးလ်ဗား

ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမား သီယေဂို ဆေးလ်ဗားက ဘရာဇီးလ်ကစားသမားအဖြစ်နဲ့ ကမ္ဘာ့ဖလားကို မကိုင်မြှောက်နိုင်တော့တဲ့အပေါ်မှာ စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲတလျှောက်လုံးလည်း အကောင်းဆုံးခြေစွမ်းကို ပြသခဲ့တာ ဖြစ်ပါတယ်။ တီတီရဲ့အသင်းဟာ သောကြာနေ့ညက ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ခဲ့ချိန်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပြီး အချိန်ပိုမှာ သွင်းယူခဲ့တဲ့ နေမာရဲ့ဂိုးကြောင့် ဦးဆောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချိန်ပို ဒုတိယပိုင်းမှာ ပတ်ကိုဗစ်က ဆီမီးဖိုင်နယ်အဆင့်ကို ခြေတလှမ်းလှမ်းထားတဲ့ ဘရာဇီးလ်ကို နောက်ကနေ ဆွဲချခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်အထိ ဆွဲခေါ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ပွဲစဉ်တလျှောက်လုံး လက်စွမ်းပြခဲ့တဲ့ လီဗာကိုဗစ်က ရိုဒရီဂိုရဲ့ ပထမဆုံး ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီးနောက် မာကင်ညို့စ်ရဲ့ ကန်ချက်က တိုင်ထိသွားခဲ့တဲ့အတွက် ခရိုအေးရှားအသင်းက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အသည်းကွဲစရာ ဇာတ်လမ်းနဲ့ အဆုံးသတ်သွားခဲ့တာကြောင့် ကစားသမားအများအပြားဟာ ကွင်းထဲမှာ မျက်ရည်ပင်လယ်ဝေခဲ့ကြတာဖြစ်ပြီး သီယေဂို ဆေးလ်ဗားကလည်း အဲဒီထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံကစားသမားဟာ ဗဟိုခံစစ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တာကြောင့် သောကြာနေ့ညက ကြေကွဲဖွယ်အဆုံးသတ်ဟာ ဘရာဇီးလ်ဝါရင့်နောက်ခံလူဟာ ကမ္ဘာ့ဖလားမရရှိဘဲနဲ့ ကစားသမားဘဝ အဆုံးသတ်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးစကားပြောဆိုရာမှာ သီယေဂို ဆေးလ်ဗားက ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ လက်နဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အနာဂတ်မှာ မတူညီတဲ့အခန်းကဏ္ဍနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိနိုင်သေးတယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“ကစားသမားတစ်ယောက်အဖြစ်နဲ့ ကျွန်တော် ဒီဆုဖလားကို ကိုင်မြှောက်နိုင်မှာမဟုတ်တော့တာက ဝမ်းနည်းစရာပါပဲ။ အနာဂတ်မှာ ကျွန်တော် တခြားအခန်းကဏ္ဍနဲ့အခွင့်အရေးရနိုင်မလားဆိုတာ ဘယ်သူ သိနိုင်မလဲ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဝါရင့္ေနာက္ခံကစားသမား သီေယဂို ေဆးလ္ဗားက ဘရာဇီးလ္ကစားသမားအျဖစ္နဲ႔ ကမာၻ႔ဖလားကို မကိုင္ေျမႇာက္ႏိုင္ေတာ့တဲ့အေပၚမွာ စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲတေလွ်ာက္လုံးလည္း အေကာင္းဆုံးေျခစြမ္းကို ျပသခဲ့တာ ျဖစ္ပါတယ္။ တီတီရဲ႕အသင္းဟာ ေသာၾကာေန႔ညက ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ခ႐ိုေအးရွားနဲ႔ ယွဥ္ၿပိဳင္ခဲ့ခ်ိန္မွာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ၿပီး အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ေနမာရဲ႕ဂိုးေၾကာင့္ ဦးေဆာင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခ်ိန္ပို ဒုတိယပိုင္းမွာ ပတ္ကိုဗစ္က ဆီမီးဖိုင္နယ္အဆင့္ကို ေျခတလွမ္းလွမ္းထားတဲ့ ဘရာဇီးလ္ကို ေနာက္ကေန ဆြဲခ်ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္အထိ ဆြဲေခၚသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ပင္နယ္တီအဆုံးအျဖတ္မွာ ပြဲစဥ္တေလွ်ာက္လုံး လက္စြမ္းျပခဲ့တဲ့ လီဗာကိုဗစ္က ႐ိုဒရီဂိုရဲ႕ ပထမဆုံး ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ မာကင္ညိဳ႕စ္ရဲ႕ ကန္ခ်က္က တိုင္ထိသြားခဲ့တဲ့အတြက္ ခ႐ိုေအးရွားအသင္းက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ရဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ အသည္းကြဲစရာ ဇာတ္လမ္းနဲ႔ အဆုံးသတ္သြားခဲ့တာေၾကာင့္ ကစားသမားအမ်ားအျပားဟာ ကြင္းထဲမွာ မ်က္ရည္ပင္လယ္ေဝခဲ့ၾကတာျဖစ္ၿပီး သီေယဂို ေဆးလ္ဗားကလည္း အဲဒီထဲမွာ အပါအဝင္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံကစားသမားဟာ ဗဟိုခံစစ္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ရွိေနဆဲျဖစ္ေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တာေၾကာင့္ ေသာၾကာေန႔ညက ေၾကကြဲဖြယ္အဆုံးသတ္ဟာ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူဟာ ကမာၻ႔ဖလားမရရွိဘဲနဲ႔ ကစားသမားဘဝ အဆုံးသတ္ရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးစကားေျပာဆိုရာမွာ သီေယဂို ေဆးလ္ဗားက ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ၎ရဲ႕ လက္နဲ႔ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ဖို႔အတြက္ ေနာက္ဆုံးအခြင့္အေရးျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အနာဂတ္မွာ မတူညီတဲ့အခန္းက႑နဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အႏိုင္ရရွိႏိုင္ေသးတယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

“ကစားသမားတစ္ေယာက္အျဖစ္နဲ႔ ကြၽန္ေတာ္ ဒီဆုဖလားကို ကိုင္ေျမႇာက္ႏိုင္မွာမဟုတ္ေတာ့တာက ဝမ္းနည္းစရာပါပဲ။ အနာဂတ္မွာ ကြၽန္ေတာ္ တျခားအခန္းက႑နဲ႔အခြင့္အေရးရႏိုင္မလားဆိုတာ ဘယ္သူ သိႏိုင္မလဲ”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.