International World Cup

ဝေဖန်သူတွေကို ပါးစပ်ပိတ်ပေးခဲ့တဲ့ လီဗာပူးလ်ကြယ်ပွင့်ကို ချီးကျူးခဲ့တဲ့ ဂျရတ်

အင်္ဂလန်နဲ့ လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်က ၎င်းရဲ့ အသင်းဖော်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပါဝင်ကစားပေးရင်း ဝေဖန်သူတွေကို မှားယွင်းကြောင်း သက်သေပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဟန်ဒါဆန်ဟာ ၎င်းရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ကြီးမားတဲ့ အတွေ့အကြုံတွေကြောင့် အင်္ဂလန်အသင်းက ပွဲထွက်ခွင့်နေရာနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ သံသယဖြစ်စရာမရှိခဲ့ပေမယ့်လည်း အများစုက ကွင်းထဲမှာ များများစားစား ပါဝင်ကစားပေးရမယ်လို့ မထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာဖြစ်ပြီး ဂါးရတ် ဆောက်ဂိတ်ဟာ လူစာရင်းထဲမှာ အများကြီး ပိုပြီး အရည်အချင်းရှိတဲ့ လူငယ်ကွင်းလယ်ကစားသမားအများအပြား ပိုင်ဆိုင်ထားတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ယူအက်စ်အေနဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးနောက် ဟန်ဒါဆန်ဟာ အင်္ဂလန်ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝေးလ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီကလန် ရိုက်စ်၊ ဘယ်လင်ဟမ်တို့နဲ့အတူ ပွဲထွက်ပါဝင်ပြီး ကောင်းကောင်း စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ဒါဆန်ဟာ ဆီနီဂေါနဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းက နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အာဖရိကချန်ပီယံတွေကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်က အင်္ဂလန်ကို အားပေးတဲ့ အင်္ဂလန်ပရိသတ်ဆိုတာ သိသာပြီး ကျွန်တော့် တစ်ဦးအမြင်အရလည်း ဂျော်ဒန်ကို အားပေးတဲ့ပရိသတ်ပါ။ သူက ကွင်းတွင်းရော ကွင်းပြင်ပမှာပါ သန့်ရှင်းသေသပ်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ နောက်ဆုံး စွမ်းဆောင်ရည်က ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုနဲ့ အရမ်းထိုက်တန်ခဲ့တာ သိသာထင်ရှားခဲ့ပါတယ်။ သူက အကြောင်းအရင်းအချို့ကြောင့် သူ့ကို လက်ညှိုးထိုးခဲ့တဲ့သူတွေကိုလည်း ပါးစပ်ပိတ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ရတာ၊ နေ့စဉ် ဂျော်ဒန်နားမှာ ရှိနေရတာ၊ စွန့်လွှတ်စတေးမှုတွေကို မြင်တွေ့ရတာ၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ကိုယ်ပိုင် ကြိုတင်ပြင်ဆင်မှု၊ သူ ကြိုးကြိုးစားစား အလုပ်လုပ်နေတာတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ဒီလို စွမ်းဆောင်ရည်အဆင့်အတန်းမျိုး ပြသနိုင်တာ ကျွန်တော် မအံ့သြတော့ပါဘူး။ သူ့အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်”

“ဒါပေမယ့်လည်း လီဗာပူးလ်မိသားစုအပြင်ဘက်က သူ့ကို လက်ညှိုးထိုးခဲ့တဲ့သူတွေကို ပါးစပ်ပိတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ အင်္ဂလန်က ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာအရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိတယ်လို့ ကျွန်တော် ထင်ပေမယ့် ခင်ဗျားမှာ ဒီလို လူငယ်ကစားသမားတွေကို လွတ်လွတ်လပ်လပ်ကစားပြီး ထိခိုက်ပျက်စီးမှုတွေ အများကြီး လုပ်နိုင်အောင် ခွင့်ပြုပေးနိုင်တဲ့ အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်ပါတယ်”

“ဂျော်ဒန် ပြသခဲ့တဲ့စွမ်းဆေင်ရည်က အားကောင်းခဲ့တဲ့ ပုံမှန်ဂျော်ဒန်ရဲ့ စွမ်းဆောင်ရည်လို့ ထင်ပါတယ်။ နေရာယူပုံ အရမ်းမှန်ပေမယ့် သူ ပါဝင်ပြီး ရှေ့တက်လို့ရတဲ့အချိန်မှာဆိုရင်လည်း သူ့ရဲ့ ဘောလုံးဖြန့်ဝေမှုကနေ ဂိုးသွင်းတာကအဆုံး တကယ်ကောင်းမွန်ပါတယ်။ သူက တကယ်ကို အားကောင်းမောင်းသန် ပြေးလွှားနိုင်သူဖြစ်ပြီ သူ့ရဲ့ ဂိုးသွင်းယူဖို့အတွက် ချိန်သားကိုက် ပြေးလွှားမှုက အရမ်းကောင်းပါတယ်။ သူ့ရဲ့ ဂိုးအဆုံးသတ်ပိုင်းကလည်း ကမ္ဘာ့အဆင့်ဖြစ်ပြီး ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ သူ့ကို ချီးကျူးပါတယ်”

“ဘောလုံးမှာ အရေးအကြီးဆုံးအရာက ခင်ဗျားရဲ့ နည်းပြ၊ အသင်းဖော်တွေရဲ့ တန်ဖိုးထားတာ ခံရဖို့ပဲ။ ခင်ဗျားရဲ့အသင်းဖော်တွေက ခင်ဗျားကို ရွေးချယ်မှာလား။ အားလုံးက ဂျော်ဒန်ရဲ့အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကို တကိုယ်ကောင်းမဆန်တဲ့သူမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္နဲ႔ လီဗာပူးလ္ဂႏၲဝင္ စတီဗင္ ဂ်ရတ္က ၎ရဲ႕ အသင္းေဖာ္ေဟာင္း ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ပါဝင္ကစားေပးရင္း ေဝဖန္သူေတြကို မွားယြင္းေၾကာင္း သက္ေသျပသႏိုင္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ဟန္ဒါဆန္ဟာ ၎ရဲ႕ ေခါင္းေဆာင္မႈ အရည္အခ်င္းနဲ႔ ႀကီးမားတဲ့ အေတြ႕အႀကဳံေတြေၾကာင့္ အဂၤလန္အသင္းက ပြဲထြက္ခြင့္ေနရာနဲ႔ပတ္သက္ၿပီး ဘယ္တုန္းကမွ သံသယျဖစ္စရာမရွိခဲ့ေပမယ့္လည္း အမ်ားစုက ကြင္းထဲမွာ မ်ားမ်ားစားစား ပါဝင္ကစားေပးရမယ္လို႔ မထင္မွတ္ထားခဲ့တာျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တာျဖစ္ၿပီး ဂါးရတ္ ေဆာက္ဂိတ္ဟာ လူစာရင္းထဲမွာ အမ်ားႀကီး ပိုၿပီး အရည္အခ်င္းရွိတဲ့ လူငယ္ကြင္းလယ္ကစားသမားအမ်ားအျပား ပိုင္ဆိုင္ထားတယ္ဆိုတာ အားလုံးအသိပဲ ျဖစ္ပါတယ္။

ယူအက္စ္ေအနဲ႔ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ ဟန္ဒါဆန္ဟာ အဂၤလန္ရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ေဝးလ္စ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဒီကလန္ ႐ိုက္စ္၊ ဘယ္လင္ဟမ္တို႔နဲ႔အတူ ပြဲထြက္ပါဝင္ၿပီး ေကာင္းေကာင္း စြမ္းေဆာင္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဟန္ဒါဆန္ဟာ ဆီနီေဂါနဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းက ေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး အာဖရိကခ်န္ပီယံေတြကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အဖြင့္ဂိုး သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္က အဂၤလန္ကို အားေပးတဲ့ အဂၤလန္ပရိသတ္ဆိုတာ သိသာၿပီး ကြၽန္ေတာ့္ တစ္ဦးအျမင္အရလည္း ေဂ်ာ္ဒန္ကို အားေပးတဲ့ပရိသတ္ပါ။ သူက ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ သန႔္ရွင္းေသသပ္ခဲ့တယ္လို႔ ထင္ပါတယ္။ သူ႔ရဲ႕ ေနာက္ဆုံး စြမ္းေဆာင္ရည္က ပြဲစဥ္တေလွ်ာက္အေကာင္းဆုံးကစားသမားဆုနဲ႔ အရမ္းထိုက္တန္ခဲ့တာ သိသာထင္ရွားခဲ့ပါတယ္။ သူက အေၾကာင္းအရင္းအခ်ိဳ႕ေၾကာင့္ သူ႔ကို လက္ညႇိဳးထိုးခဲ့တဲ့သူေတြကိုလည္း ပါးစပ္ပိတ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ကြင္းလယ္ကစားသမားတစ္ဦး ျဖစ္ရတာ၊ ေန႔စဥ္ ေဂ်ာ္ဒန္နားမွာ ရွိေနရတာ၊ စြန႔္လႊတ္စေတးမႈေတြကို ျမင္ေတြ႕ရတာ၊ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြနဲ႔ သူ႔ကိုယ္ပိုင္ ႀကိဳတင္ျပင္ဆင္မႈ၊ သူ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ေနတာေတြကို ျမင္ေတြ႕ခဲ့ရတဲ့အတြက္ ဒီလို စြမ္းေဆာင္ရည္အဆင့္အတန္းမ်ိဳး ျပသႏိုင္တာ ကြၽန္ေတာ္ မအံ့ၾသေတာ့ပါဘူး။ သူ႔အတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္မိပါတယ္”

“ဒါေပမယ့္လည္း လီဗာပူးလ္မိသားစုအျပင္ဘက္က သူ႔ကို လက္ညႇိဳးထိုးခဲ့တဲ့သူေတြကို ပါးစပ္ပိတ္ႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ ဝမ္းသာမိပါတယ္။ အဂၤလန္က ငယ္႐ြယ္ၿပီး စိတ္လႈပ္ရွားစရာအရည္အခ်င္းရွိတဲ့ ကစားသမားေတြ အမ်ားႀကီးရွိတယ္လို႔ ကြၽန္ေတာ္ ထင္ေပမယ့္ ခင္ဗ်ားမွာ ဒီလို လူငယ္ကစားသမားေတြကို လြတ္လြတ္လပ္လပ္ကစားၿပီး ထိခိုက္ပ်က္စီးမႈေတြ အမ်ားႀကီး လုပ္ႏိုင္ေအာင္ ခြင့္ျပဳေပးႏိုင္တဲ့ အေတြ႕အႀကဳံရင့္ ကစားသမားေတြ လိုအပ္ပါတယ္”

“ေဂ်ာ္ဒန္ ျပသခဲ့တဲ့စြမ္းေဆင္ရည္က အားေကာင္းခဲ့တဲ့ ပုံမွန္ေဂ်ာ္ဒန္ရဲ႕ စြမ္းေဆာင္ရည္လို႔ ထင္ပါတယ္။ ေနရာယူပုံ အရမ္းမွန္ေပမယ့္ သူ ပါဝင္ၿပီး ေရွ႕တက္လို႔ရတဲ့အခ်ိန္မွာဆိုရင္လည္း သူ႔ရဲ႕ ေဘာလုံးျဖန႔္ေဝမႈကေန ဂိုးသြင္းတာကအဆုံး တကယ္ေကာင္းမြန္ပါတယ္။ သူက တကယ္ကို အားေကာင္းေမာင္းသန္ ေျပးလႊားႏိုင္သူျဖစ္ၿပီ သူ႔ရဲ႕ ဂိုးသြင္းယူဖို႔အတြက္ ခ်ိန္သားကိုက္ ေျပးလႊားမႈက အရမ္းေကာင္းပါတယ္။ သူ႔ရဲ႕ ဂိုးအဆုံးသတ္ပိုင္းကလည္း ကမာၻ႔အဆင့္ျဖစ္ၿပီး ဘက္ေပါင္းစုံ ၿပီးျပည့္စုံတဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ အဲဒီေတာ့ သူ႔ကို ခ်ီးက်ဴးပါတယ္”

“ေဘာလုံးမွာ အေရးအႀကီးဆုံးအရာက ခင္ဗ်ားရဲ႕ နည္းျပ၊ အသင္းေဖာ္ေတြရဲ႕ တန္ဖိုးထားတာ ခံရဖို႔ပဲ။ ခင္ဗ်ားရဲ႕အသင္းေဖာ္ေတြက ခင္ဗ်ားကို ေ႐ြးခ်ယ္မွာလား။ အားလုံးက ေဂ်ာ္ဒန္ရဲ႕အေၾကာင္းကို ႐ႊန္း႐ႊန္းေဝေအာင္ ေျပာၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို တကိုယ္ေကာင္းမဆန္တဲ့သူမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.