International World Cup

ပွဲပြီးအင်တာဗျူးမှာ နယ်သာလန်ကစားသမားကို ဒေါသတကြီးနဲ့ လှမ်းဖြဲခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းဟာ နယ်သာလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ပွဲအပြီးမှာ ပြင်းထန်တဲ့ ပွဲပြီးအင်တာဗျူးကို ပြုလုပ်ခဲ့ပါတယ်။

လူဆေးလ်ကွင်းက ကွာတားဖိုင်နယ်ပွဲစဉ်အချိန်အများစုဟာ အချင်းများမှုတွေ ရှိနေခဲ့ပြီး အမှန်တကယ်လည်း သောကြာနေ့ညက ပွဲစဉ်ဟာ အဝါကတ် ၁၅ ကတ်နဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ အဝါကတ်အများဆုံးပွဲစဉ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ လီအန်ဒရို ပါရီဒက်စ်က နယ်သာလန်အသင်းရဲ့ အရန်ခုံတန်းဘက်ကို ဘောလုံးကို တမင်ချိန်ကန်ခဲ့ပြီးနောက် ကွင်းအတွင်း ကြီးမားတဲ့ရန်ပွဲကြီး ဖြစ်ခဲ့ပြီး ရလဒ်အနေနဲ့ အာဂျင်တီးနားကွင်းလယ်လူဟာ လူကောင်ကြီးတဲ့ ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်ရဲ့ လှဲသိပ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒေါသထွက်နေတဲ့ လီယွန်နယ် မက်ဆီက လူးဝစ္စ ဗန်ဟားလ်ရဲ့ မျက်နှာကို ခပ်တင်းတင်း စိုက်ကြည့်ခဲ့ပြီး အဲဒီဖြစ်စဉ်အပြီး အချိန်အနည်းငယ်အကြာမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်က အာဂျင်တီးနားသတင်းဌာန TyC Sports နဲ့ အင်တာဗျူးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ပါးစပ်ကနေ ဒေါသတကြီး ဆဲဆိုရလောက်အောင် စိတ်ဆိုးနေတာ ရှင်းလင်းခဲ့ပြီး The Independent ရဲ့ ဘောလုံးအယ်ဒီတာချုပ် မီဂဲလ် ဒလေနီရဲ့ ပြောကြားချက်အရ မက်ဆီဟာ ဒတ်ချ်ကစားသမားတွေထဲက တစ်ဦးကို ‘မင်း ဘာလာကြည့်နေတာလဲ အရူး’လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

SVT Sport သတင်းထောက် ယိုဟန် ကူကူကာရှလန်ကလည်း အင်တာဗျူး လုပ်နေတဲ့အချိန် မက်ဆီနဲ့ ၂ မီတာအကွာလောက်မှာသာ ရပ်နေခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ရဲ့ ဒေါသက နောက်ဆုံးမှာတော့ နယ်သာလန်ရဲ့ သွင်းဂိုးရှင် ဘာ့ဂ်ဟာ့စ်အပေါ်မှာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းဘက်ကို ချေပဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘာ့ဂ်ဟာ့စ်ရဲ့ နာမည်ကို ပွဲအပြီး အင်တာဗျူးမှာပါ ထည့်ပြောသွားခဲ့ပြီး “လူတွေက ပွဲမတိုင်ခင်မှာ ပြောနေတာတွေကို ကျွန်တော် မကြိုက်ဘူး။ ကျောနံပါတ် ၁၉ က ကျွန်တော်တို့ကို လာပြီး ဒေါသဆွတယ်။ တမင် ဝင်တိုက်တယ်။ မကောင်းတဲ့ဟာတွေ အများကြီး ပြောတယ်။ သူတို့နည်းပြကလည်း ကျွန်တော်တို့ကို လေးစားမှုမရှိခဲ့ပါဘူး”

“သူ့လို အရည်အချင်းမျိုးနဲ့ နည်းပြတစ်ယောက်က ဒီလို ကြေညာလိုက်တာက အဲဒါက ကျွန်တော့်ကိုလည်း လေးစားမှုမရှိတဲ့ပုံပေါ်ပါတယ်။ ဗန်ဟားလ်က အာဂျင်တီးနားလက်ရွေးစင်အသင်းကို လေးစားမှု မရှိပါဘူး”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ နယ်သာလန်နည်းပြ လူးဝစ္စ ဗန်ဟားလ်ကို ပွဲစဉ်အတွင်းရော ပွဲအပြီးမှာပါ ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင်တုန်းက ဒတ်ချ်လူမျိုးနည်းပြက မက်ဆီက အသင်းက ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးနေချိန်မှာ များများစားစား ပါဝင်ခြင်းမရှိတာက နယ်သာလန်အတွက် အခွင့်အရေးတွေ ရရှိစေလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လီယွန်နယ် မက်ဆီက သောကြာနေ့ညမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းရဲ့ ရှေ့မှာသွားပြီး အောင်ပွဲခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နော် ပွဲအပြီးမှာလည်း မက်ဆီက ဗန်ဟားလ်ကိုရော အဂ္ဂါ ဒါးဗစ်တို့ ၂ ဦးစလုံးကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပြီး “ဗန်ဟားလ်က သူတို့က ဘောလုံးကစားပုံကောင်းကောင်း ကစားနိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် သူ လုပ်ခဲ့တာက အရပ်ရှည်တဲ့လူတွေထည့်ပြီး အဝေးဘောတွေ ကန်တာပဲ ရှိတယ်။ ဒိုင်လူကြီးအကြောင်း ကျွန်တော် မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ရိုးသားနိုင်မှာမဟုတ်လို့ပါ။ ခင်ဗျား ပြောရင် ခင်ဗျားကို ဒဏ်ခတ်လိမ့်မယ်”

“ဖီဖာက အဲဒီအကြောင်းကို စဉ်းစားရမယ်။ သူတို့တွေ ဒီလို အချိန်မျိုးအတွက် ဒီလို ဒိုင်လူကြီးမျိုးကို ထည့်လို့မရနိုင်ပါဘူး။ သူတို့တွေ ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်နိုင်တဲ့ ဒိုင်လူကြီးကို တာဝန်ပေးလို့ မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အင်္ဂါနေ့မှာ ဘရာဇီးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းဟာ နယ္သာလန္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီဟာ ပြဲအၿပီးမွာ ျပင္းထန္တဲ့ ပြဲၿပီးအင္တာဗ်ဴးကို ျပဳလုပ္ခဲ့ပါတယ္။

လူေဆးလ္ကြင္းက ကြာတားဖိုင္နယ္ပြဲစဥ္အခ်ိန္အမ်ားစုဟာ အခ်င္းမ်ားမႈေတြ ရွိေနခဲ့ၿပီး အမွန္တကယ္လည္း ေသာၾကာေန႔ညက ပြဲစဥ္ဟာ အဝါကတ္ ၁၅ ကတ္နဲ႔ ကမာၻ႔ဖလားသမိုင္းမွာ အဝါကတ္အမ်ားဆုံးပြဲစဥ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ လီအန္ဒ႐ို ပါရီဒက္စ္က နယ္သာလန္အသင္းရဲ႕ အရန္ခုံတန္းဘက္ကို ေဘာလုံးကို တမင္ခ်ိန္ကန္ခဲ့ၿပီးေနာက္ ကြင္းအတြင္း ႀကီးမားတဲ့ရန္ပြဲႀကီး ျဖစ္ခဲ့ၿပီး ရလဒ္အေနနဲ႔ အာဂ်င္တီးနားကြင္းလယ္လူဟာ လူေကာင္ႀကီးတဲ့ ဒတ္ခ်္ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ လွဲသိပ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ေဒါသထြက္ေနတဲ့ လီယြန္နယ္ မက္ဆီက လူးဝစၥ ဗန္ဟားလ္ရဲ႕ မ်က္ႏွာကို ခပ္တင္းတင္း စိုက္ၾကည့္ခဲ့ၿပီး အဲဒီျဖစ္စဥ္အၿပီး အခ်ိန္အနည္းငယ္အၾကာမွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္က အာဂ်င္တီးနားသတင္းဌာန TyC Sports နဲ႔ အင္တာဗ်ဴးဖို႔ ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပါးစပ္ကေန ေဒါသတႀကီး ဆဲဆိုရေလာက္ေအာင္ စိတ္ဆိုးေနတာ ရွင္းလင္းခဲ့ၿပီး The Independent ရဲ႕ ေဘာလုံးအယ္ဒီတာခ်ဳပ္ မီဂဲလ္ ဒေလနီရဲ႕ ေျပာၾကားခ်က္အရ မက္ဆီဟာ ဒတ္ခ်္ကစားသမားေတြထဲက တစ္ဦးကို ‘မင္း ဘာလာၾကည့္ေနတာလဲ အ႐ူး’လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

SVT Sport သတင္းေထာက္ ယိုဟန္ ကူကူကာရွလန္ကလည္း အင္တာဗ်ဴး လုပ္ေနတဲ့အခ်ိန္ မက္ဆီနဲ႔ ၂ မီတာအကြာေလာက္မွာသာ ရပ္ေနခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္ရဲ႕ ေဒါသက ေနာက္ဆုံးမွာေတာ့ နယ္သာလန္ရဲ႕ သြင္းဂိုးရွင္ ဘာ့ဂ္ဟာ့စ္အေပၚမွာ က်ေရာက္ခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားအသင္းဘက္ကို ေခ်ပဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ဘာ့ဂ္ဟာ့စ္ရဲ႕ နာမည္ကို ပြဲအၿပီး အင္တာဗ်ဴးမွာပါ ထည့္ေျပာသြားခဲ့ၿပီး “လူေတြက ပြဲမတိုင္ခင္မွာ ေျပာေနတာေတြကို ကြၽန္ေတာ္ မႀကိဳက္ဘူး။ ေက်ာနံပါတ္ ၁၉ က ကြၽန္ေတာ္တို႔ကို လာၿပီး ေဒါသဆြတယ္။ တမင္ ဝင္တိုက္တယ္။ မေကာင္းတဲ့ဟာေတြ အမ်ားႀကီး ေျပာတယ္။ သူတို႔နည္းျပကလည္း ကြၽန္ေတာ္တို႔ကို ေလးစားမႈမရွိခဲ့ပါဘူး”

“သူ႔လို အရည္အခ်င္းမ်ိဳးနဲ႔ နည္းျပတစ္ေယာက္က ဒီလို ေၾကညာလိုက္တာက အဲဒါက ကြၽန္ေတာ့္ကိုလည္း ေလးစားမႈမရွိတဲ့ပုံေပၚပါတယ္။ ဗန္ဟားလ္က အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းကို ေလးစားမႈ မရွိပါဘူး”လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ နယ္သာလန္နည္းျပ လူးဝစၥ ဗန္ဟားလ္ကို ပြဲစဥ္အတြင္းေရာ ပြဲအၿပီးမွာပါ ၎ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း သိေအာင္ လုပ္ခဲ့တာျဖစ္ၿပီး ပြဲမတိုင္ခင္တုန္းက ဒတ္ခ်္လူမ်ိဳးနည္းျပက မက္ဆီက အသင္းက ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးေနခ်ိန္မွာ မ်ားမ်ားစားစား ပါဝင္ျခင္းမရွိတာက နယ္သာလန္အတြက္ အခြင့္အေရးေတြ ရရွိေစလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လီယြန္နယ္ မက္ဆီက ေသာၾကာေန႔ညမွာ အာဂ်င္တီးနားအသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းရဲ႕ ေရွ႕မွာသြားၿပီး ေအာင္ပြဲခံဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးတဲ့ေနာ္ ပြဲအၿပီးမွာလည္း မက္ဆီက ဗန္ဟားလ္ကိုေရာ အဂၢါ ဒါးဗစ္တို႔ ၂ ဦးစလုံးကို ျပင္းထန္တဲ့ စကားလုံးေတြနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ၿပီး “ဗန္ဟားလ္က သူတို႔က ေဘာလုံးကစားပုံေကာင္းေကာင္း ကစားႏိုင္တယ္လို႔ ေျပာတယ္။ ဒါေပမယ့္ သူ လုပ္ခဲ့တာက အရပ္ရွည္တဲ့လူေတြထည့္ၿပီး အေဝးေဘာေတြ ကန္တာပဲ ရွိတယ္။ ဒိုင္လူႀကီးအေၾကာင္း ကြၽန္ေတာ္ မေျပာခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ႐ိုးသားႏိုင္မွာမဟုတ္လို႔ပါ။ ခင္ဗ်ား ေျပာရင္ ခင္ဗ်ားကို ဒဏ္ခတ္လိမ့္မယ္”

“ဖီဖာက အဲဒီအေၾကာင္းကို စဥ္းစားရမယ္။ သူတို႔ေတြ ဒီလို အခ်ိန္မ်ိဳးအတြက္ ဒီလို ဒိုင္လူႀကီးမ်ိဳးကို ထည့္လို႔မရႏိုင္ပါဘူး။ သူတို႔ေတြ ကိုယ္လုပ္ရမယ့္အလုပ္ကို မလုပ္ႏိုင္တဲ့ ဒိုင္လူႀကီးကို တာဝန္ေပးလို႔ မရႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ အဂၤါေန႔မွာ ဘရာဇီးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့ ခ႐ိုေအးရွားအသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.