International Match Report World Cup

မက်ဆီနဲ့ မာတီနက်ဇ်တို့ ပင်နယ်တီမှာ အစွမ်းပြပြီး ဒတ်ချ်တွေကို ကျော်ဖြတ်တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုလီနာ၊ အကူညာ၊ ဒီပေါလ်၊ မက္ကယ်လစ္စတာနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အယ်လ်ဗာရက်ဇ်တို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းကတော့ ဂိုးသမား နော့ပတ်၊ ခံစစ်မှာ ဗန်ဒိုက်၊ အာကေနဲ့ တင်မ်ဘာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဖရင်ကီ ဒီယုံး၊ ဒီရွန်း၊ ဒမ်းဖရီးစ်နဲ့ ဘလင်းဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂက်ခ်ပို၊ ဘာ့ဂ်ဗိုင်းနဲ့ ဒီပိုင်းတို့ကို ၃-၄-၃ ပုံစံနဲ့ ပွဲထုတ်လာခဲ့တာပါ။

ပွဲစတာနဲ့ အာဂျင်တီးနားတို့ ဘောလုံးကိုင်ပြီး ခင်းကစားနိုင်ခဲ့သလို နယ်သာလန်တို့ရဲ့ ကောင်တာဦးစားပေးတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် နှစ်သင်းစလုံးရဲ့ ပွဲကို သတိကြီးကြီးထားပြီး ချဉ်းကပ်တဲ့ ပုံစံကြောင့် အပိုင်အခွင့်အရေးတွေကိုတော့ နှစ်ဖက်စလုံး ဖန်တီးနိုင်ဖို့ ခက်ခဲနေခဲ့ကြသလို အဆုံးသတ်ပိုင်းတွေလည်း လွဲချော်နေခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ အာဂျင်တီးနားတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ မက်ဆီရဲ့ သူဆွဲလာတဲ့ လမ်းကြောင်းနဲ့ ဘာမှ မဆိုင်တဲ့ဘက်ကို ပေးလိုက်တဲ့ No Look Pass ကို ညာနောက်ခံလူအဖြစ် ကစားနေတဲ့ မိုလီနာက ဂိုးသမားနဲ့အတွေ့မှာ ခြေဦးနဲ့ ထိုးပြီး အဆုံးသတ်သွားခဲ့တာပါ။

ပထမပိုင်းမှာ အာဂျင်တီးနားတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ နယ်သာလန်တို့ဘက်က အမြဲတမ်းလိုလို ပထမ ပွဲထွက်လူစာရင်းမှာ ပါလာတတ်ပေမယ့် ဘယ်တုန်းကမှ ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ်က ဒီရွန်းနဲ့ တိုက်စစ်က ဘာ့ဂ်ဗိုင်းတို့အစား ကူးပ်မိန်နာစ်နဲ့ ဘာ့ဂ်ဟာ့စ်တို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မှာ ၃-၅-၂ ပြန်ပြောင်းကစားသွားခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ မက်ဆီရဲ့ ဖရီးကစ်က ဂိုးဘားပေါ်က အနည်းငယ် လွဲချော်သွားခဲ့လို့ နယ်သာလန်တို့ သက်သာခဲ့ရပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ နည်းပြ ဗန်ဟားလ်က ဘလင်းဒ်အစား တိုက်စစ်မှူး လုခ် ဒီယုံးကို ထပ်ထည့်ပြီး ၄-၃-၃ ထပ်ပြောင်းကစားခဲ့သလို အာဂျင်တီးနားတို့ဘက်ကတော့ ဒီပေါလ်အစား ကွင်းလယ်အဖျက် ပါရေးဒက်စ်ကို ထည့်သွင်းပြီး ထိန်းကစားဖို့ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ အာဂျင်တီးနားတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အကူညာရဲ့ အလိမ်အခေါက်မှာ မျောသွားပြီး ခြေချိတ်ခဲ့မိတဲ့ ညာနောက်ခံလူ ဒမ်းဖရီးစ်ကြောင့် ပေးရတဲ့ ပင်နယ်တီကို မက်ဆီက အလွယ်တကူပဲ ဒတ်ချ်ဂိုးသမား နော့ပတ်ကို လှည့်စားပြီး ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ အာဂျင်တီးနားတို့ဘက်က ခံစစ်မှာ အဝါထိထားကြတဲ့ ရိုမဲရိုး၊ အကူညာနဲ့ တိုက်စစ်မှာ အရင်ပွဲတွေလို အလုပ်မဖြစ်တဲ့ အယ်လ်ဗာရက်ဇ်တို့အစား ပက်ဇယ်လာ၊ တာဂလီယာဖီကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ကို ထည့်သွင်းခဲ့ပြီး နယ်သာလန်တို့ဘက်ကတော့ ဒီပိုင်းအစား ဗက်ဟော့စ်ကို လဲကစားလိုက်ချိန်မှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက တစ်ဖက်စောင်းနင်းဖြစ်သွားခဲ့တာပါ။

ခလုတ်ပိတ်လိုက်တဲ့ အာဂျင်တီးနားတို့ကို နယ်သာလန်တို့က အရပ်အမောင်းမြင့်မားတဲ့ လုခ် ဒီယုံးနဲ့ ဗက်ဂ်ဟော့စ်တို့ အားကိုးနဲ့ ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့သလို အရပ်ပုတဲ့ မာတီနက်ဇ်နဲ့ အော့တာမန်ဒီတို့ကို ပစ်မှတ်ထားပြီး အမြင့်ဘောတွေနဲ့ ဖြတ်တင်ပေးနေချိန်မှာ ခြေစွမ်းမငြိမ်တဲ့ လူစားဝင်နောက်ခံလူ ပက်ဇယ်လာတစ်ယောက်တည်းနဲ့ တောင့်ခံဖို့ ခက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ နယ်သာလန်တို့တွေ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာ့ဂ်ဟာ့စ်ရဲ့ ဖြတ်တင်ဘောကို လူသေချာကပ်မထားနိုင်ခဲ့တဲ့ အာဂျင်တီးနားခံစစ်ကြားကနေ လူစားဝင်တိုက်စစ်မှူး ဗက်ဂ်ဟော့စ်က အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဂိုးသမား မာတီနက်ဇ်ကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ အာဂျင်တီးနားတို့ တော်တော်လေး အားနည်းနေခဲ့ပြီး ရှေ့မှာ ကစားကွက် တည်မရချိန်မှာ အဖိခံနေခဲ့ရသလို နာကျင်အချိန်ပို ၁၁ မိနစ်မှာတော့ သရေကျစေမယ့် နောက်ထပ်ချေပဂိုးတစ်ဂိုးကို ဧရိယာထိပ်မှာ ရတဲ့ ဖရီးကစ်ကနေ ကူးပ်မိန်နာစ်က ကန်မလိုလိုနဲ့ အနိမ့်ဘောခင်းပေးရာမှာ လူကြားထဲက ထွက်လာတဲ့ ဘောလုံးကို ဗက်ဂ်ဟော့စ်ကပဲ အနီးကပ် ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ မိုလီနာနဲ့ ဒီမာရီယာတို့ကို လဲကစားခဲ့တဲ့ အာဂျင်တီးနားတို့ ဖိကစားနိုင်ခဲ့ပေမယ့် ဂက်ခ်ပိုအစား နိုအာလန်းကို လူစားသွင်းခဲ့တဲ့ နယ်သာလန်ခံစစ်က ပိတ်ဆို့သွားခဲ့တာကြောင့် ဂိုးထပ်မရခဲ့သလို အချိန်ပိုနှစ်ပိုင်း ကစားအပြီးမှာတော့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းဖို့ ဖြစ်လာခဲ့တာပါ။

ပင်နယ်တီကို ပထမဆုံး ကန်သွင်းခဲ့တဲ့ နယ်သာလန်ဘက်က အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ ကန်ချက်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် အက်စ်တန်ဗီလာဂိုးသမား မာတီနက်ဇ်က ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပြီး အာဂျင်တီးနားတို့ဘက်က ကပ္ပတိန် မက်ဆီ ကန်သွင်းရာမှာ ဂိုးသမား နော့ပတ်ကို အေးအေးဆေးဆေးပဲ လှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ် ကန်သွင်းမှုတွေမှာလည်း နယ်သာလန်တို့ရဲ့ ဘာ့ဂ်ဟာ့စ်က ညာဘက်ကို အပြင်းကန်သွင်းခဲ့ပေမယ့် မာတီနက်ဇ်ကပဲ မီအောင် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး အာဂျင်တီးနားတို့ဘက်က ကန်သွင်းမှုမှာတော့ ကွင်းလယ်လူ ပါရေးဒက်စ်က ဂိုးသမား နော့ပတ်ရဲ့ ဘယ်ဘက်ကို အပြင်းကန်သွင်း ရယူသွားခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

တတိယအကြိမ် ကန်သွင်းရာမှာတော့ ကူးပ်မိန်နာစ်က ဂိုးသမား မာတီနက်ဇ် မလှုပ်နိုင်အောင် လှည့်စားကန်သွင်းယူခဲ့ပြီး အာဂျင်တီးနားဘက်က မွန်တီယယ်လ်ကလည်း ဂိုးသမား နော့ပတ် ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီ ကန်သွင်းယူခဲ့သလို စတုတ္ထအလုံးတွေမှာတော့ နယ်သာလန်ရဲ့ ဗက်ဂ်ဟော့စ်က ပညာသားပါပါ ကန်သွင်းယူနိုင်ခဲ့ချိန်မှာ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကန်ချက်က ဘယ်ဘက်ချိုးတာ များပြီး တိုင်ဘေးက ထွက်သွားခဲ့ပါတယ်။

နောက်ဆုံး ပင်နယ်တီမှာတော့ နယ်သာလန်တို့ဘက်က လုခ် ဒီယုံးက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အာဂျင်တီးနားတို့ရဲ့ နောက်ဆုံး ကန်ချက်ကို ဂိုးသမားများ တားဆီးနိုင်မလားလို့ မျှော်လင့်ခဲ့ကြပေမယ့် လော်တာရို မာတီနက်ဇ်က နည်းနည်းလေး လှည့်စားလိုက်တာနဲ့ မခံနိုင်ဘဲ ဒိုက်ပစ်ချင်နေတဲ့ နော့ပတ်ကို လူနဲ့ ဘောလုံး တခြားစီ ကန်သွင်းပြပြီး အနိုင်ယူသွားခဲ့တာပါ။


ပွဲချိန်တွင်း နှစ်ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူပြီးချိန်မှာတော့ အာဂျင်တီးနားတို့က လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ သူ့ရဲ့ GOAT ဘွဲ့နဲ့ လိုက်ဖက်ညီမယ့် ကမ္ဘာ့ဖလားချန်ပီယံမျှော်လင့်ချက်အတွက် နယ်သာလန်ဆိုတဲ့ အတားအဆီးကြီးကြီးကို ကျော်ဖြတ်နိုင်ခဲ့ကြချိန်မှာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး သူတို့လိုပဲ ဘရာဇီးလ်ကို ပင်နယ်တီနဲ့ ဖြုတ်ချခဲ့တဲ့ ခရိုအေးရှားနဲ့ ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုလီနာ၊ အကူညာ၊ ဒီေပါလ္၊ မကၠယ္လစၥတာနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

နယ္သာလန္အသင္းကေတာ့ ဂိုးသမား ေနာ့ပတ္၊ ခံစစ္မွာ ဗန္ဒိုက္၊ အာေကနဲ႔ တင္မ္ဘာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဖရင္ကီ ဒီယုံး၊ ဒီ႐ြန္း၊ ဒမ္းဖရီးစ္နဲ႔ ဘလင္းဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂက္ခ္ပို၊ ဘာ့ဂ္ဗိုင္းနဲ႔ ဒီပိုင္းတို႔ကို ၃-၄-၃ ပုံစံနဲ႔ ပြဲထုတ္လာခဲ့တာပါ။

ပြဲစတာနဲ႔ အာဂ်င္တီးနားတို႔ ေဘာလုံးကိုင္ၿပီး ခင္းကစားႏိုင္ခဲ့သလို နယ္သာလန္တို႔ရဲ႕ ေကာင္တာဦးစားေပးတဲ့ ပုံစံနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကေပမယ့္ ႏွစ္သင္းစလုံးရဲ႕ ပြဲကို သတိႀကီးႀကီးထားၿပီး ခ်ဥ္းကပ္တဲ့ ပုံစံေၾကာင့္ အပိုင္အခြင့္အေရးေတြကိုေတာ့ ႏွစ္ဖက္စလုံး ဖန္တီးႏိုင္ဖို႔ ခက္ခဲေနခဲ့ၾကသလို အဆုံးသတ္ပိုင္းေတြလည္း လြဲေခ်ာ္ေနခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ အာဂ်င္တီးနားတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာတဲ့ မက္ဆီရဲ႕ သူဆြဲလာတဲ့ လမ္းေၾကာင္းနဲ႔ ဘာမွ မဆိုင္တဲ့ဘက္ကို ေပးလိုက္တဲ့ No Look Pass ကို ညာေနာက္ခံလူအျဖစ္ ကစားေနတဲ့ မိုလီနာက ဂိုးသမားနဲ႔အေတြ႕မွာ ေျခဦးနဲ႔ ထိုးၿပီး အဆုံးသတ္သြားခဲ့တာပါ။

ပထမပိုင္းမွာ အာဂ်င္တီးနားတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ နယ္သာလန္တို႔ဘက္က အၿမဲတမ္းလိုလို ပထမ ပြဲထြက္လူစာရင္းမွာ ပါလာတတ္ေပမယ့္ ဘယ္တုန္းကမွ ေျခစြမ္းမျပႏိုင္တဲ့ ကြင္းလယ္က ဒီ႐ြန္းနဲ႔ တိုက္စစ္က ဘာ့ဂ္ဗိုင္းတို႔အစား ကူးပ္မိန္နာစ္နဲ႔ ဘာ့ဂ္ဟာ့စ္တို႔ကို ထည့္သြင္းခဲ့ၿပီး တိုက္စစ္မွာ ၃-၅-၂ ျပန္ေျပာင္းကစားသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာ မက္ဆီရဲ႕ ဖရီးကစ္က ဂိုးဘားေပၚက အနည္းငယ္ လြဲေခ်ာ္သြားခဲ့လို႔ နယ္သာလန္တို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ နည္းျပ ဗန္ဟားလ္က ဘလင္းဒ္အစား တိုက္စစ္မႉး လုခ္ ဒီယုံးကို ထပ္ထည့္ၿပီး ၄-၃-၃ ထပ္ေျပာင္းကစားခဲ့သလို အာဂ်င္တီးနားတို႔ဘက္ကေတာ့ ဒီေပါလ္အစား ကြင္းလယ္အဖ်က္ ပါေရးဒက္စ္ကို ထည့္သြင္းၿပီး ထိန္းကစားဖို႔ ႀကိဳးစားလာခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အကူညာရဲ႕ အလိမ္အေခါက္မွာ ေမ်ာသြားၿပီး ေျခခ်ိတ္ခဲ့မိတဲ့ ညာေနာက္ခံလူ ဒမ္းဖရီးစ္ေၾကာင့္ ေပးရတဲ့ ပင္နယ္တီကို မက္ဆီက အလြယ္တကူပဲ ဒတ္ခ်္ဂိုးသမား ေနာ့ပတ္ကို လွည့္စားၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အာဂ်င္တီးနားတို႔ဘက္က ခံစစ္မွာ အဝါထိထားၾကတဲ့ ႐ိုမဲ႐ိုး၊ အကူညာနဲ႔ တိုက္စစ္မွာ အရင္ပြဲေတြလို အလုပ္မျဖစ္တဲ့ အယ္လ္ဗာရက္ဇ္တို႔အစား ပက္ဇယ္လာ၊ တာဂလီယာဖီကိုနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ကို ထည့္သြင္းခဲ့ၿပီး နယ္သာလန္တို႔ဘက္ကေတာ့ ဒီပိုင္းအစား ဗက္ေဟာ့စ္ကို လဲကစားလိုက္ခ်ိန္မွာေတာ့ ပြဲရဲ႕ ခ်ိန္ခြင္လွ်ာက တစ္ဖက္ေစာင္းနင္းျဖစ္သြားခဲ့တာပါ။

ခလုတ္ပိတ္လိုက္တဲ့ အာဂ်င္တီးနားတို႔ကို နယ္သာလန္တို႔က အရပ္အေမာင္းျမင့္မားတဲ့ လုခ္ ဒီယုံးနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ အားကိုးနဲ႔ ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ခဲ့သလို အရပ္ပုတဲ့ မာတီနက္ဇ္နဲ႔ ေအာ့တာမန္ဒီတို႔ကို ပစ္မွတ္ထားၿပီး အျမင့္ေဘာေတြနဲ႔ ျဖတ္တင္ေပးေနခ်ိန္မွာ ေျခစြမ္းမၿငိမ္တဲ့ လူစားဝင္ေနာက္ခံလူ ပက္ဇယ္လာတစ္ေယာက္တည္းနဲ႔ ေတာင့္ခံဖို႔ ခက္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ နယ္သာလန္တို႔ေတြ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘာ့ဂ္ဟာ့စ္ရဲ႕ ျဖတ္တင္ေဘာကို လူေသခ်ာကပ္မထားႏိုင္ခဲ့တဲ့ အာဂ်င္တီးနားခံစစ္ၾကားကေန လူစားဝင္တိုက္စစ္မႉး ဗက္ဂ္ေဟာ့စ္က အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ ဂိုးသမား မာတီနက္ဇ္ကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ အာဂ်င္တီးနားတို႔ ေတာ္ေတာ္ေလး အားနည္းေနခဲ့ၿပီး ေရွ႕မွာ ကစားကြက္ တည္မရခ်ိန္မွာ အဖိခံေနခဲ့ရသလို နာက်င္အခ်ိန္ပို ၁၁ မိနစ္မွာေတာ့ သေရက်ေစမယ့္ ေနာက္ထပ္ေခ်ပဂိုးတစ္ဂိုးကို ဧရိယာထိပ္မွာ ရတဲ့ ဖရီးကစ္ကေန ကူးပ္မိန္နာစ္က ကန္မလိုလိုနဲ႔ အနိမ့္ေဘာခင္းေပးရာမွာ လူၾကားထဲက ထြက္လာတဲ့ ေဘာလုံးကို ဗက္ဂ္ေဟာ့စ္ကပဲ အနီးကပ္ ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုးစီ သေရက်ေနခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး အခ်ိန္ပိုမွာ မိုလီနာနဲ႔ ဒီမာရီယာတို႔ကို လဲကစားခဲ့တဲ့ အာဂ်င္တီးနားတို႔ ဖိကစားႏိုင္ခဲ့ေပမယ့္ ဂက္ခ္ပိုအစား ႏိုအာလန္းကို လူစားသြင္းခဲ့တဲ့ နယ္သာလန္ခံစစ္က ပိတ္ဆို႔သြားခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့သလို အခ်ိန္ပိုႏွစ္ပိုင္း ကစားအၿပီးမွာေတာ့ ပင္နယ္တီ အဆုံးအျဖတ္ ကန္သြင္းဖို႔ ျဖစ္လာခဲ့တာပါ။

ပင္နယ္တီကို ပထမဆုံး ကန္သြင္းခဲ့တဲ့ နယ္သာလန္ဘက္က အသင္းေခါင္းေဆာင္ ဗန္ဒိုက္ရဲ႕ ကန္ခ်က္ကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အက္စ္တန္ဗီလာဂိုးသမား မာတီနက္ဇ္က ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့ၿပီး အာဂ်င္တီးနားတို႔ဘက္က ကပၸတိန္ မက္ဆီ ကန္သြင္းရာမွာ ဂိုးသမား ေနာ့ပတ္ကို ေအးေအးေဆးေဆးပဲ လွည့္စားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယအႀကိမ္ ကန္သြင္းမႈေတြမွာလည္း နယ္သာလန္တို႔ရဲ႕ ဘာ့ဂ္ဟာ့စ္က ညာဘက္ကို အျပင္းကန္သြင္းခဲ့ေပမယ့္ မာတီနက္ဇ္ကပဲ မီေအာင္ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး အာဂ်င္တီးနားတို႔ဘက္က ကန္သြင္းမႈမွာေတာ့ ကြင္းလယ္လူ ပါေရးဒက္စ္က ဂိုးသမား ေနာ့ပတ္ရဲ႕ ဘယ္ဘက္ကို အျပင္းကန္သြင္း ရယူသြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

တတိယအႀကိမ္ ကန္သြင္းရာမွာေတာ့ ကူးပ္မိန္နာစ္က ဂိုးသမား မာတီနက္ဇ္ မလႈပ္ႏိုင္ေအာင္ လွည့္စားကန္သြင္းယူခဲ့ၿပီး အာဂ်င္တီးနားဘက္က မြန္တီယယ္လ္ကလည္း ဂိုးသမား ေနာ့ပတ္ ဒိုက္ပစ္တဲ့ဘက္နဲ႔ တျခားစီ ကန္သြင္းယူခဲ့သလို စတုတၳအလုံးေတြမွာေတာ့ နယ္သာလန္ရဲ႕ ဗက္ဂ္ေဟာ့စ္က ပညာသားပါပါ ကန္သြင္းယူႏိုင္ခဲ့ခ်ိန္မွာ အန္ဇို ဖာနန္ဒက္ဇ္ရဲ႕ ကန္ခ်က္က ဘယ္ဘက္ခ်ိဳးတာ မ်ားၿပီး တိုင္ေဘးက ထြက္သြားခဲ့ပါတယ္။

ေနာက္ဆုံး ပင္နယ္တီမွာေတာ့ နယ္သာလန္တို႔ဘက္က လုခ္ ဒီယုံးက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့လို႔ အာဂ်င္တီးနားတို႔ရဲ႕ ေနာက္ဆုံး ကန္ခ်က္ကို ဂိုးသမားမ်ား တားဆီးႏိုင္မလားလို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ေလာ္တာ႐ို မာတီနက္ဇ္က နည္းနည္းေလး လွည့္စားလိုက္တာနဲ႔ မခံႏိုင္ဘဲ ဒိုက္ပစ္ခ်င္ေနတဲ့ ေနာ့ပတ္ကို လူနဲ႔ ေဘာလုံး တျခားစီ ကန္သြင္းျပၿပီး အႏိုင္ယူသြားခဲ့တာပါ။


ပြဲခ်ိန္တြင္း ႏွစ္ဂိုးစီ သေရက်ေနခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ ခံယူၿပီးခ်ိန္မွာေတာ့ အာဂ်င္တီးနားတို႔က ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး မက္ဆီရဲ႕ ဦးေဆာင္မႈနဲ႔အတူ သူ႔ရဲ႕ GOAT ဘြဲ႕နဲ႔ လိုက္ဖက္ညီမယ့္ ကမာၻ႔ဖလားခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ နယ္သာလန္ဆိုတဲ့ အတားအဆီးႀကီးႀကီးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကခ်ိန္မွာ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး သူတို႔လိုပဲ ဘရာဇီးလ္ကို ပင္နယ္တီနဲ႔ ျဖဳတ္ခ်ခဲ့တဲ့ ခ႐ိုေအးရွားနဲ႔ ကစားရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.