International World Cup

no-look ပေးပို့မှုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မှော်ဝင်အခိုက်အတန့်ကို ဖန်တီးပြခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ နယ်သာလန်နဲ့ပွဲစဉ်မှာ မယုံနိုင်စရာကောင်းတဲ့ no-look ပေးပို့မှုနဲ့အတူ အာဂျင်တီးနားရဲ့ အဖွင့်ဂိုးကို ဖန်တီးပြခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို တောက်ပစေခဲ့ပါတယ်။

တောင်အမေရိကအသင်းဟာ သောကြာနေ့ည ကွာတားဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းက ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ နယ်သာလန်အသင်းရဲ့ ခံစစ် ၅ ဦးကစားကွက်ကြောင့် အာဂျင်တီးနားအသင်းဟာ အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့်လည်း မက်ဆီက ၎င်းရဲ့ ပထမဆုံးကမ္ဘာ့ဖလားကို ရရှိဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ပထမပိုင်း ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်ရှိတော့ချိန်မှာ ပြသခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၎င်းရဲ့ မှော်ဆန်တဲ့ ဘယ်ခြေနဲ့ အတွင်းဘက်ကို မချိုးဝင်ပြီး ညာတောင်ပံကနေ ဘောလုံးကို ရယူခဲ့တာဖြစ်ပြီး နေသန် အာကီက မက်ဆီကို ဂိုးရှေ့မသွားနိုင်အောင် လမ်းကြောင်းပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့တာကြောင့် အာဂျင်တီးနားကြယ်ပွင့်က ကွင်းလယ်မှာ ပြိုင်ဘက်တွေ စုပြုံလာအောင် ဆက်လက်ဆွဲခေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ လီယွန်နယ် မက်ဆီဟာ အမိုက်စား လှည့်ကွက်တစ်ခုကို ထုတ်သုံးသွားခဲ့တာဖြစ်ပြီး ညာတောင်ပံကို အလွန်တိကျသေသပ်တဲ့ ပေးပို့မှု ပြုလုပ်ခဲ့တာကြောင့် မန်ချက်စတာစီးတီးနောက်ခံကစားသမားဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပေးပို့လိုက်တဲ့ဘောလုံးရဲ့ ဦးတည်ချက်ကိုတောင် မကြည့်ခဲ့တာဖြစ်တာကြောင့် ဒတ်ချ်နောက်ခံလူဟာ ဘယ်လိုမှ ပြင်ဆင်ချိန်မရခဲ့တာဖြစ်ပြီး အာဂျင်တီးနား ညာနောက်ခံလူ မိုလီနာက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသင်းသစ် အက်သလက်တီကို မက်ဒရစ်မှာ အထင်ကြီးဖွယ် စတင်နိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ ခေါ်ယူခြင်းခံခဲ့ရတဲ့ မိုလီနာဟာ ၎င်းရဲ့ ပထမဆုံးနိုင်ငံတကာသွင်းဂိုးအတွက် မက်ဆီကို အကြွေးတင်သွားပြီဆိုတာ သိရှိခဲ့တာကြောင့် အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို ချက်ချင်းပဲ ပွေ့ဖက် ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လီယွန်နယ် မက်ဆီရဲ့ ဘောလုံးလမ်းကြောင်းကိုတောင် မကြည့်ဘဲ ပေးပို့ခဲ့တဲ့ no-look ပေးပို့မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြပြီး “ကောင်းလိုက်တဲ့ မက်ဆီရဲ့ ပေးပို့မှု။ သူ ဘောလုံးကို ကြည့်တောင် ကြည့်မနေခဲ့ဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဖန်တီးမှုက ရိုးရိုးသားသားပြောရရင် သွင်းဂိုးထက်တောင် ပိုကောင်းခဲ့ပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ နယ္သာလန္နဲ႔ပြဲစဥ္မွာ မယုံႏိုင္စရာေကာင္းတဲ့ no-look ေပးပို႔မႈနဲ႔အတူ အာဂ်င္တီးနားရဲ႕ အဖြင့္ဂိုးကို ဖန္တီးျပခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကို ေတာက္ပေစခဲ့ပါတယ္။

ေတာင္အေမရိကအသင္းဟာ ေသာၾကာေန႔ည ကြာတားဖိုင္နယ္အဆင့္မွာ ဘရာဇီးလ္အသင္းက ခ႐ိုေအးရွားကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ နယ္သာလန္အသင္းရဲ႕ ခံစစ္ ၅ ဦးကစားကြက္ေၾကာင့္ အာဂ်င္တီးနားအသင္းဟာ အခြင့္အေရးေတြ ဖန္တီးဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ေပမယ့္လည္း မက္ဆီက ၎ရဲ႕ ပထမဆုံးကမာၻ႔ဖလားကို ရရွိဖို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုတာကို ပထမပိုင္း ပြဲကစားခ်ိန္ ၁၀ မိနစ္သာ က်န္ရွိေတာ့ခ်ိန္မွာ ျပသခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ၎ရဲ႕ ေမွာ္ဆန္တဲ့ ဘယ္ေျခနဲ႔ အတြင္းဘက္ကို မခ်ိဳးဝင္ၿပီး ညာေတာင္ပံကေန ေဘာလုံးကို ရယူခဲ့တာျဖစ္ၿပီး ေနသန္ အာကီက မက္ဆီကို ဂိုးေရွ႕မသြားႏိုင္ေအာင္ လမ္းေၾကာင္းပိတ္ဆို႔ဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္က ကြင္းလယ္မွာ ၿပိဳင္ဘက္ေတြ စုၿပဳံလာေအာင္ ဆက္လက္ဆြဲေခၚခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာပဲ လီယြန္နယ္ မက္ဆီဟာ အမိုက္စား လွည့္ကြက္တစ္ခုကို ထုတ္သုံးသြားခဲ့တာျဖစ္ၿပီး ညာေတာင္ပံကို အလြန္တိက်ေသသပ္တဲ့ ေပးပို႔မႈ ျပဳလုပ္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားဟာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ ေပးပို႔လိုက္တဲ့ေဘာလုံးရဲ႕ ဦးတည္ခ်က္ကိုေတာင္ မၾကည့္ခဲ့တာျဖစ္တာေၾကာင့္ ဒတ္ခ်္ေနာက္ခံလူဟာ ဘယ္လိုမွ ျပင္ဆင္ခ်ိန္မရခဲ့တာျဖစ္ၿပီး အာဂ်င္တီးနား ညာေနာက္ခံလူ မိုလီနာက အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသင္းသစ္ အက္သလက္တီကို မက္ဒရစ္မွာ အထင္ႀကီးဖြယ္ စတင္ႏိုင္ခဲ့ၿပီးေနာက္ လက္ေ႐ြးစင္အသင္းကေန ေခၚယူျခင္းခံခဲ့ရတဲ့ မိုလီနာဟာ ၎ရဲ႕ ပထမဆုံးႏိုင္ငံတကာသြင္းဂိုးအတြက္ မက္ဆီကို အေႂကြးတင္သြားၿပီဆိုတာ သိရွိခဲ့တာေၾကာင့္ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးကို ခ်က္ခ်င္းပဲ ေပြ႕ဖက္ ဂုဏ္ျပဳခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လီယြန္နယ္ မက္ဆီရဲ႕ ေဘာလုံးလမ္းေၾကာင္းကိုေတာင္ မၾကည့္ဘဲ ေပးပို႔ခဲ့တဲ့ no-look ေပးပို႔မႈေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ၾကၿပီး “ေကာင္းလိုက္တဲ့ မက္ဆီရဲ႕ ေပးပို႔မႈ။ သူ ေဘာလုံးကို ၾကည့္ေတာင္ ၾကည့္မေနခဲ့ဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဖန္တီးမႈက ႐ိုး႐ိုးသားသားေျပာရရင္ သြင္းဂိုးထက္ေတာင္ ပိုေကာင္းခဲ့ပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.