International World Cup

ဂန်းနားဂန္တဝင်လိုမျိုး အာဂျင်တီးနားကို အနိုင်ယူပြနိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဒတ်ချ်ကြယ်ပွင့်

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး မန်းဖစ် ဒီပိုင်းဟာ အာဆင်နယ်ဂန္တဝင် ဒန်းနစ် ဘားကမ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုပ်ဆောင်ခဲ့တဲ့အတိုင်း ထပ်တူလုပ်ပြချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပိုင်းဟာ လက်ရှိမှာ နယ်သာလန်အသင်းနဲ့အတူ ကာတာမှာ ပူးပေါင်းနေသူဖြစ်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားးဖို့ ကြိုးပမ်းနေတဲ့ နယ်သာလန်ဟာ ယနေ့ညမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်ဟာ ကြာသပတေးနေ့က မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့တဲ့ ဒတ်ချ်ဂန္တဝင် ဘားကမ့်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘားကမ့်ဟာ အမ်းမရိတ်စ်မှာလည်း အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ် ရရှိအောင် ၁၉၉၅ ခုနှစ်ကနေ ၂၀၀၆ နှစ်အထိ ၄၂၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ သွင်းယူပြီး ကူညီပေးခဲ့တဲ့ သူရဲကောင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

“အဲဒါက ဟော်လန်တစ်နိုင်ငံလုံးအတွက် အံ့အားသင့်စရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကောင်းလိုက်တဲ့သွင်းဂိုး။ အားလုံး အဲဒီသွင်းဂိုးကိုတော့ မှတ်မိကြမှာပါ။ ဒါပေမယ့် ဒီပွဲကလည်း အဲဒီအခိုက်အတန့်လိုမျိုးပဲ အနိုင်ရသွားမယ့် ပွဲဖြစ်ပြီး အဲဒါက အရမ်းကို အဓိပ္ပာယ်ရှိပါလိမ့်မယ်။ ကျွန်တော်တို့ ဒီအခိုက်အတန့်ကို အမိအရ ယူနိုင်ပြီး နောက်တဆင့်တက်နိုင်တယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းဟာ ယခုလာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ နူးကမ့်ကို စွန့်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း ဂါဘရီယဲလ် ဂျေးဇု ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ရာသီဒုတိယပိုင်း ပွဲစဉ်အများစုကို လွဲချော်နိုင်တာကြောင့် တိုက်စစ်မှူးသစ် ရှာဖွေနေတာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟာ အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီပိုင်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆိုးရွားတဲ့ကာလတွေကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္လက္ေ႐ြးစင္တိုက္စစ္မႉး မန္းဖစ္ ဒီပိုင္းဟာ အာဆင္နယ္ဂႏၲဝင္ ဒန္းနစ္ ဘားကမ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လုပ္ေဆာင္ခဲ့တဲ့အတိုင္း ထပ္တူလုပ္ျပခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီပိုင္းဟာ လက္ရွိမွာ နယ္သာလန္အသင္းနဲ႔အတူ ကာတာမွာ ပူးေပါင္းေနသူျဖစ္ၿပီး ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္သြားးဖို႔ ႀကိဳးပမ္းေနတဲ့ နယ္သာလန္ဟာ ယေန႔ညမွာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ အာဂ်င္တီးနားအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဘာစီလိုနာၾကယ္ပြင့္ဟာ ၾကာသပေတးေန႔က မီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ၁၉၉၈ ကမာၻ႔ဖလားတုန္းက အာဂ်င္တီးနားနဲ႔ပြဲမွာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးသြင္းဂိုးေတြထဲက တစ္ဂိုးကို သြင္းယူခဲ့တဲ့ ဒတ္ခ်္ဂႏၲဝင္ ဘားကမ့္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဘားကမ့္ဟာ အမ္းမရိတ္စ္မွာလည္း အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္ ရရွိေအာင္ ၁၉၉၅ ခုႏွစ္ကေန ၂၀၀၆ ႏွစ္အထိ ၄၂၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂၀ သြင္းယူၿပီး ကူညီေပးခဲ့တဲ့ သူရဲေကာင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

“အဲဒါက ေဟာ္လန္တစ္ႏိုင္ငံလုံးအတြက္ အံ့အားသင့္စရာ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ေကာင္းလိုက္တဲ့သြင္းဂိုး။ အားလုံး အဲဒီသြင္းဂိုးကိုေတာ့ မွတ္မိၾကမွာပါ။ ဒါေပမယ့္ ဒီပြဲကလည္း အဲဒီအခိုက္အတန႔္လိုမ်ိဳးပဲ အႏိုင္ရသြားမယ့္ ပြဲျဖစ္ၿပီး အဲဒါက အရမ္းကို အဓိပၸာယ္ရွိပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဒီအခိုက္အတန႔္ကို အမိအရ ယူႏိုင္ၿပီး ေနာက္တဆင့္တက္ႏိုင္တယ္လို႔ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းဟာ ယခုလာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ႏူးကမ့္ကို စြန႔္ခြာဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနသူျဖစ္ၿပီး အာဆင္နယ္နည္းျပ အာတီတာကလည္း ဂါဘရီယဲလ္ ေဂ်းဇု ကမာၻ႔ဖလားမွာ ရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ ရာသီဒုတိယပိုင္း ပြဲစဥ္အမ်ားစုကို လြဲေခ်ာ္ႏိုင္တာေၾကာင့္ တိုက္စစ္မႉးသစ္ ရွာေဖြေနတာျဖစ္ပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ဟာ အသင္းေဟာင္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔လည္း သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ၿပီး ဒီပိုင္းဟာ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ အိုးထရက္ဖို႔ဒ္မွာ ဆိုး႐ြားတဲ့ကာလေတြကို ျဖတ္သန္းခဲ့ဖူးသူ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.