International Match Report World Cup

မိုဒရစ်ချ်ရဲ့ မောင်းနှင်မှုအောက်မှာ နေမာ ငိုခဲ့ရပြီး ဘရာဇီးလ်ကို ပိန္နဲသီးနဲ့ဖြုတ်တဲ့ ခရိုအေးရှား

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ မားကင်ညို့စ်၊ ဒါနီလိုနဲ့ အယ်ဒါ မီလီတိုတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရိုနဲ့ လူးကပ်စ် ပါကေးတာတို့ကိုပဲ ဆက်လက်ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ နေမာ၊ ဗီနီးရှပ်စ် ဂျူနီယာ၊ ရာဖင်ညာနဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ချ်နဲ့ ဆိုဆာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ချ်၊ ကိုဗာချစ်ချ်နဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ချ်၊ ပါရှာလစ်ချ်နဲ့ ကရာမာရစ်ချ်တို့ကို စုဖွဲ့လာခဲ့တာပါ။

ပွဲစတာနဲ့ ဘရာဇီးလ်ဘက်က ဗီနီးရှပ်စ်ရဲ့ ခြိမ်းခြောက်မှုတွေကို မြင်ခဲ့ရသလို ခရိုအေးရှားတို့ကတော့ ဖြတ်တင်ဘောတွေနဲ့ ကစားဖို့ ကြိုးစားခဲ့ပြီး တောင်အမေရိကသားတွေဘက်က တွဲလုံးတွေကို ဥရောပသားတွေ ပိတ်ဆို့ကာကွယ်နေခဲ့ရချိန်မှာ ဂိုးသမား လီဗာကိုဗစ်ချ်ကတော့ အလုပ်များနေခဲ့ပါတယ်။

ကွင်းလယ်မှာ မိုဒရစ်ချ် ဦးဆောင်တဲ့ အဖွဲ့နဲ့ ကာစီမီရို ဦးဆောင်တဲ့ အဖွဲ့တို့ ပညာပြိုင်နေခဲ့ကြပြီး ဖန်တီးမှုတွေကို ရစ်ချာလစ်ဆန်တို့ တိုက်စစ်ဆီ မရောက်အောင် ခရိုအေးရှားဘက်က တားဆီးသွားနိုင်ခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာ ဘရာဇီးလ်ဘက်က နေမာရဲ့ ဖရီးကစ်ကို လီဗာကိုဗစ်ချ် ဖမ်းယူခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်း ၄၇ မိနစ်မှာတော့ မီလီတိုရဲ့ ညာခြမ်းက ဖြတ်ပို့ခဲ့တဲ့ ဘောလုံးကို ဂွါဒီယောလ် ဖျက်ရာမှာ ဂိုးထဲ ဝင်လာခဲ့ပေမယ့် လီဗာကိုဗစ်ချ်က ပုတ်ထုတ်သွားနိုင်ခဲ့သလို နေမာနဲ့ ဗီနီးရှပ်စ်တို့ရဲ့ ဆက်တိုက်ခြိမ်းခြောက်မှုတွေကိုတော့ ခရိုအေးရှားခံစစ်ကပဲ ပိတ်ဆို့သွားနိုင်ခဲ့ပြီး ယူရာနိုဗစ်ချ်ရဲ့ လက်ထိဘောကိုတော့ မရှောင်သာတဲ့ မတော်တဆမှုအဖြစ် ပင်နယ်တီမပေးဖို့ VAR က ဆုံးဖြတ်သွားခဲ့ပါတယ်။

ဘရာဇီးလ်ဘက်က ရာဖင်ညာအစား အန်တိုနီကို စတင်လူစားလဲခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ နေမာရဲ့ အနီးကပ် ကန်ချက်ကိုတော့ လီဗာကိုဗစ်ချ်ပဲ ကာကွယ်သွားခဲ့ပြီး ခရိုအေးရှားတို့ ခံစစ်ကို အားပြုခဲ့ရချိန်မှာ ဂိုးပေါက်တည့်အောင် ပြန်လည်ခြိမ်းခြောက်နိုင်ခြင်းမျိုး မရှိခဲ့ဘဲ ဘရာဇီးလ်တို့ကတော့ ဘယ်ခြမ်းမှာ ပိတ်မိနေတဲ့ ဗီနီးရှပ်စ်အစား ရိုဒရီဂိုကို ထပ်မံထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ခရိုအေးရှားတို့ဘက်က ကရာမာရစ်ချ်နဲ့ ပါရှာလစ်ချ်တို့အစား ပက်ကိုဗစ်ချ်နဲ့ ဗလာရှစ်ချ်တို့ကို ပြောင်းလဲသွားခဲ့ကြပြီး နေမာနဲ့ ပါကေးတာတို့ရဲ့ ထိုးဖောက်မှုတွေကတော့ လီဗာကိုဗစ်ချ်ကို မကျော်နိုင်ခဲ့သလို ရစ်ချာလစ်ဆန်အစား ပက်ဒရိုကို ထပ်ထည့်ခဲ့တဲ့ ဘရာဇီးလ်တို့ရဲ့ ကန်ချက်အတော်များများက ဂိုးမဖြစ်ခဲ့ဘဲ ခရိုအေးရှားတို့ကတော့ ဒုတိယပိုင်းပြီးတဲ့အထိ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် အချိန်ပို မိနစ် ၃၀ ဆက်ကစားဖို့ ဖြစ်လာခဲ့ကြပြီး ဘရာဇီးလ်တို့ရဲ့ ထိုးဖောက်မှုတွေက လွဲချော်မှုတွေပဲ များနေခဲ့သလို ခရိုအေးရှားတို့ဘက်ကလည်း အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၁၀၅ မိနစ်မှာ ကိုဗာချစ်ချ်အစား မေယာကို ထည့်သွင်းခဲ့ချိန်မှာ ပါကေးတာနဲ့ မီလီတိုတို့အစား ဖရက်ဒ်နဲ့ အဲလက်စ် ဆန်ဒရိုတို့ကို ထည့်သွင်းသွားခဲ့တာပါ။

အချိန်ပို ပထမပိုင်းရဲ့ ထပ်ဆောင်းချိန်မှာတော့ ဘရာဇီးလ်တို့ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ရလာခဲ့တဲ့ နေမာက ဧရိယာထိပ်မှာ နေရာယူထားတဲ့ ပါကေးတာနဲ့ ဝမ်းတူးရိုက်ပြီး ခရိုအေးရှားခံစစ်ကို ကျော်ဖြတ်ခဲ့သလို ဂိုးသမား လီဗာကိုဗစ်ချ်ကိုပါ လိမ်ခေါက်ပြီး အနီးကပ် အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာလည်း ဘရာဇီးလ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုး ရနိုင်ဖို့ ကြိုးစားသွားခဲ့သလို ခရိုအေးရှားတို့ကတော့ ချေပဂိုး ပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် ခံစစ်ကိုလည်း မမေ့မလျော့ ကစားခဲ့ပြီး ဒီနောက်မှာတော့ ဂိုးပြန်ရနိုင်ဖို့ နောက်ခံလူ ဆိုဆာနဲ့ ကွင်းလယ်က ဘရိုဇိုဗစ်ချ်တို့အစား တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဘူဒီမီယာနဲ့ အော်ရှစ်ချ်တို့ကို ထပ်မံထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၁၁၇ မိနစ်မှာတော့ ခရိုအေးရှားတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကောင်တာပြန်ဝင်လာခဲ့တဲ့ အော်ရှစ်ချ်ရဲ့ အနိမ့်ဘော ချိုးပေးမှုကို ဧရိယာထဲမှာ အသင့်နေရာယူထားခဲ့တဲ့ ပက်ကိုဗစ်ချ်က ဘရာဇီးလ်ခံစစ်က မားကင်ညို့စ်နဲ့ သီယာဂို ဆေးလ်ဗားတို့ ဝင်မဖျက်ခင် ဘယ်ခြေနဲ့ အပိုင်ကန်သွင်းပြီး သူတို့အသင်းရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီ သရေကျနေခဲ့ကြတာကြောင့် ပင်နယ်တီကန်သွင်းဖို့ ဖြစ်လာခဲ့ပြီး ခရိုအေးရှားတို့ဘက်က စတင်ကန်သွင်းမှုကို ဗလာရှစ်ချ်က ဂိုးသမား အယ်လစ်ဆန်ကို လှည့်စားပြီး အလယ်တည့်တည့်ကို ကန်သွင်းသွားခဲ့ချိန်မှာ ဘရာဇီးလ်တို့ဘက်ကတော့ ရိုဒရီဂိုရဲ့ ကန်ချက်ကို လီဗာကိုဗစ်ချ်က ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒုတိယအကြိမ် ကန်သွင်းမှုကိုတော့ ခရိုအေးရှားကွင်းလယ်လူ မေယာက အလယ်တည့်တည့်ကိုပဲ ထပ်ကန်ပြီး အယ်လစ်ဆန်ကို လှည့်စားခဲ့သလို ဘရာဇီးလ်ဘက်ကတော့ ကာစီမီရိုက ဘယ်ဘက်တိုင်ခြေကို အပြင်းကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး တတိယအကြိမ်တွေမှာတော့ ခရိုအေးရှားရဲ့ မိုဒရစ်ချ်နဲ့ ဘရာဇီးလ်ရဲ့ ပက်ဒရိုတို့နှစ်ဦးစလုံး ဝင်ခဲ့ကြတာဖြစ်ပါတယ်။

စတုတ္ထမြောက် ပင်နယ်တီကိုတော့ ခရိုအေးရှားရဲ့ အော်ရှစ်ချ်က ဘယ်ဘက်တိုင်ခြေကို တိတိကျကျ ကန်သွင်းပြီး ဦးဆောင်မှုကို တိုးမြင့်ခဲ့ချိန်မှာ ဘရာဇီးလ်ဘက်က မားကင်ညို့စ်ရဲ့ ကန်ချက်ကတော့ ဘယ်ဘက်တိုင်ခြေနဲ့ထိပြီး ထွက်ခဲ့တာကြောင့် နောက်ဆုံးကန်သွင်းဖို့ တန်းစီထားတဲ့ နေမာတောင် မကန်လိုက်ရဘဲ လေးဂိုး-နှစ်ဂိုးနဲ့ ပွဲပြတ်သွားခဲ့တာပါ။


အဆုံးသတ်မှာတော့ ပင်နယ်တီကန်တဲ့ အစီအစဉ် လွဲမှားခဲ့တဲ့ တိုက်တီရဲ့ ဘရာဇီးလ်တို့ ငိုပွဲဆင်ခဲ့ပြီး ခရိုအေးရှားတို့ကတော့ ဆီမီးဖိုင်နယ်အဆင့်ဆီ မိုဒရစ်ချ်ရဲ့ ဆက်လက်ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲနောက်ဆုံးနှစ်ကြိမ်ဆက်တိုက် တက်လှမ်းသွားနိုင်ခဲ့သလို နယ်သာလန်နဲ့ အာဂျင်တီးနားတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရဖို့ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခရိုအေးရှားအသင်းကတော့ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ခ်ျနဲ့ ဆိုဆာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ခ်ျ၊ ကိုဗာချစ်ခ်ျနဲ့ မိုဒရစ်ခ်ျတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ခ်ျ၊ ပါရှာလစ်ခ်ျနဲ့ ကရာမာရစ်ခ်ျတို့ကို စုဖွဲ့လာခဲ့တာပါ။

ပွဲစတာနဲ့ ဘရာဇီးလ်ဘက်က ဗီနီးရှပ်စ်ရဲ့ ခြိမ်းခြောက်မှုတွေကို မြင်ခဲ့ရသလို ခရိုအေးရှားတို့ကတော့ ဖြတ်တင်ဘောတွေနဲ့ ကစားဖို့ ကြိုးစားခဲ့ပြီး တောင်အမေရိကသားတွေဘက်က တွဲလုံးတွေကို ဥရောပသားတွေ ပိတ်ဆို့ကာကွယ်နေခဲ့ရချိန်မှာ ဂိုးသမား လီဗာကိုဗစ်ခ်ျကတော့ အလုပ်များနေခဲ့ပါတယ်။

ကွင်းလယ်မှာ မိုဒရစ်ခ်ျ ဦးဆောင်တဲ့ အဖွဲ့နဲ့ ကာစီမီရို ဦးဆောင်တဲ့ အဖွဲ့တို့ ပညာပြိုင်နေခဲ့ကြပြီး ဖန်တီးမှုတွေကို ရစ်ချာလစ်ဆန်တို့ တိုက်စစ်ဆီ မရောက်အောင် ခရိုအေးရှားဘက်က တားဆီးသွားနိုင်ခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာ ဘရာဇီးလ်ဘက်က နေမာရဲ့ ဖရီးကစ်ကို လီဗာကိုဗစ်ခ်ျ ဖမ်းယူခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်း ၄၇ မိနစ်မှာတော့ မီလီတိုရဲ့ ညာခြမ်းက ဖြတ်ပို့ခဲ့တဲ့ ဘောလုံးကို ဂွါဒီယောလ် ဖျက်ရာမှာ ဂိုးထဲ ဝင်လာခဲ့ပေမယ့် လီဗာကိုဗစ်ခ်ျက ပုတ်ထုတ်သွားနိုင်ခဲ့သလို နေမာနဲ့ ဗီနီးရှပ်စ်တို့ရဲ့ ဆက်တိုက်ခြိမ်းခြောက်မှုတွေကိုတော့ ခရိုအေးရှားခံစစ်ကပဲ ပိတ်ဆို့သွားနိုင်ခဲ့ပြီး ယူရာနိုဗစ်ခ်ျရဲ့ လက်ထိဘောကိုတော့ မရှောင်သာတဲ့ မတော်တဆမှုအဖြစ် ပင်နယ်တီမပေးဖို့ VAR က ဆုံးဖြတ်သွားခဲ့ပါတယ်။

ဘရာဇီးလ်ဘက်က ရာဖင်ညာအစား အန်တိုနီကို စတင်လူစားလဲခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ နေမာရဲ့ အနီးကပ် ကန်ချက်ကိုတော့ လီဗာကိုဗစ်ခ်ျပဲ ကာကွယ်သွားခဲ့ပြီး ခရိုအေးရှားတို့ ခံစစ်ကို အားပြုခဲ့ရချိန်မှာ ဂိုးပေါက်တည့်အောင် ပြန်လည်ခြိမ်းခြောက်နိုင်ခြင်းမျိုး မရှိခဲ့ဘဲ ဘရာဇီးလ်တို့ကတော့ ဘယ်ခြမ်းမှာ ပိတ်မိနေတဲ့ ဗီနီးရှပ်စ်အစား ရိုဒရီဂိုကို ထပ်မံထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ခရိုအေးရှားတို့ဘက်က ကရာမာရစ်ခ်ျနဲ့ ပါရှာလစ်ခ်ျတို့အစား ပက်ကိုဗစ်ခ်ျနဲ့ ဗလာရှစ်ခ်ျတို့ကို ပြောင်းလဲသွားခဲ့ကြပြီး နေမာနဲ့ ပါကေးတာတို့ရဲ့ ထိုးဖောက်မှုတွေကတော့ လီဗာကိုဗစ်ခ်ျကို မကျော်နိုင်ခဲ့သလို ရစ်ချာလစ်ဆန်အစား ပက်ဒရိုကို ထပ်ထည့်ခဲ့တဲ့ ဘရာဇီးလ်တို့ရဲ့ ကန်ချက်အတော်များများက ဂိုးမဖြစ်ခဲ့ဘဲ ခရိုအေးရှားတို့ကတော့ ဒုတိယပိုင်းပြီးတဲ့အထိ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် အချိန်ပို မိနစ် ၃၀ ဆက်ကစားဖို့ ဖြစ်လာခဲ့ကြပြီး ဘရာဇီးလ်တို့ရဲ့ ထိုးဖောက်မှုတွေက လွဲချော်မှုတွေပဲ များနေခဲ့သလို ခရိုအေးရှားတို့ဘက်ကလည်း အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် ၁၀၅ မိနစ်မှာ ကိုဗာချစ်ခ်ျအစား မေယာကို ထည့်သွင်းခဲ့ချိန်မှာ ပါကေးတာနဲ့ မီလီတိုတို့အစား ဖရက်ဒ်နဲ့ အဲလက်စ် ဆန်ဒရိုတို့ကို ထည့်သွင်းသွားခဲ့တာပါ။

အချိန်ပို ပထမပိုင်းရဲ့ ထပ်ဆောင်းချိန်မှာတော့ ဘရာဇီးလ်တို့ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ရလာခဲ့တဲ့ နေမာက ဧရိယာထိပ်မှာ နေရာယူထားတဲ့ ပါကေးတာနဲ့ ဝမ်းတူးရိုက်ပြီး ခရိုအေးရှားခံစစ်ကို ကျော်ဖြတ်ခဲ့သလို ဂိုးသမား လီဗာကိုဗစ်ခ်ျကိုပါ လိမ်ခေါက်ပြီး အနီးကပ် အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာလည်း ဘရာဇီးလ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုး ရနိုင်ဖို့ ကြိုးစားသွားခဲ့သလို ခရိုအေးရှားတို့ကတော့ ချေပဂိုး ပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် ခံစစ်ကိုလည်း မမေ့မလျော့ ကစားခဲ့ပြီး ဒီနောက်မှာတော့ ဂိုးပြန်ရနိုင်ဖို့ နောက်ခံလူ ဆိုဆာနဲ့ ကွင်းလယ်က ဘရိုဇိုဗစ်ခ်ျတို့အစား တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဘူဒီမီယာနဲ့ အော်ရှစ်ခ်ျတို့ကို ထပ်မံထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၁၁၇ မိနစ်မှာတော့ ခရိုအေးရှားတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကောင်တာပြန်ဝင်လာခဲ့တဲ့ အော်ရှစ်ခ်ျရဲ့ အနိမ့်ဘော ချိုးပေးမှုကို ဧရိယာထဲမှာ အသင့်နေရာယူထားခဲ့တဲ့ ပက်ကိုဗစ်ခ်ျက ဘရာဇီးလ်ခံစစ်က မားကင်ညို့စ်နဲ့ သီယာဂို ဆေးလ်ဗားတို့ ဝင်မဖျက်ခင် ဘယ်ခြေနဲ့ အပိုင်ကန်သွင်းပြီး သူတို့အသင်းရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီ သရေကျနေခဲ့ကြတာကြောင့် ပင်နယ်တီကန်သွင်းဖို့ ဖြစ်လာခဲ့ပြီး ခရိုအေးရှားတို့ဘက်က စတင်ကန်သွင်းမှုကို ဗလာရှစ်ခ်ျက ဂိုးသမား အယ်လစ်ဆန်ကို လှည့်စားပြီး အလယ်တည့်တည့်ကို ကန်သွင်းသွားခဲ့ချိန်မှာ ဘရာဇီးလ်တို့ဘက်ကတော့ ရိုဒရီဂိုရဲ့ ကန်ချက်ကို လီဗာကိုဗစ်ခ်ျက ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒုတိယအကြိမ် ကန်သွင်းမှုကိုတော့ ခရိုအေးရှားကွင်းလယ်လူ မေယာက အလယ်တည့်တည့်ကိုပဲ ထပ်ကန်ပြီး အယ်လစ်ဆန်ကို လှည့်စားခဲ့သလို ဘရာဇီးလ်ဘက်ကတော့ ကာစီမီရိုက ဘယ်ဘက်တိုင်ခြေကို အပြင်းကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး တတိယအကြိမ်တွေမှာတော့ ခရိုအေးရှားရဲ့ မိုဒရစ်ခ်ျနဲ့ ဘရာဇီးလ်ရဲ့ ပက်ဒရိုတို့နှစ်ဦးစလုံး ဝင်ခဲ့ကြတာဖြစ်ပါတယ်။

စတုတ္ထမြောက် ပင်နယ်တီကိုတော့ ခရိုအေးရှားရဲ့ အော်ရှစ်ခ်ျက ဘယ်ဘက်တိုင်ခြေကို တိတိကျကျ ကန်သွင်းပြီး ဦးဆောင်မှုကို တိုးမြင့်ခဲ့ချိန်မှာ ဘရာဇီးလ်ဘက်က မားကင်ညို့စ်ရဲ့ ကန်ချက်ကတော့ ဘယ်ဘက်တိုင်ခြေနဲ့ထိပြီး ထွက်ခဲ့တာကြောင့် နောက်ဆုံးကန်သွင်းဖို့ တန်းစီထားတဲ့ နေမာတောင် မကန်လိုက်ရဘဲ လေးဂိုး-နှစ်ဂိုးနဲ့ ပွဲပြတ်သွားခဲ့တာပါ။


အဆုံးသတ်မှာတော့ ပင်နယ်တီကန်တဲ့ အစီအစဉ် လွဲမှားခဲ့တဲ့ တိုက်တီရဲ့ ဘရာဇီးလ်တို့ ငိုပွဲဆင်ခဲ့ပြီး ခရိုအေးရှားတို့ကတော့ ဆီမီးဖိုင်နယ်အဆင့်ဆီ မိုဒရစ်ခ်ျရဲ့ ဆက်လက်ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲနောက်ဆုံးနှစ်ကြိမ်ဆက်တိုက် တက်လှမ်းသွားနိုင်ခဲ့သလို နယ်သာလန်နဲ့ အာဂျင်တီးနားတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရဖို့ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.