International World Cup

မက်ဆီ ကမ္ဘာ့ဖလားမရလည်း အမွေအနှစ်တွေ ချန်ရစ်ခဲ့ပြီးသားလို့ ပြောခဲ့တဲ့ ဂယ်ဒီအိုရာ

လီယွန်နယ် မက်ဆီအနေနဲ့ ၎င်းရဲ့ အမွေအနှစ်တွေကို အခိုင်အမာ ကျန်ရစ်စေဖို့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ မလိုအပ်ဘူးလို့ အယ်လ်ဂျီးရီးယားကွင်းလယ်ကစားသမားဟောင်း အက်ဒ်လင်း ဂယ်ဒီအိုရာက ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီဟာ တောက်ပတဲ့ ကလပ်အသင်း ကစားသမားဘဝတလျှောက် လိဂ်ဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ကစာသးမားဖြစ်ပြီး အာဂျင်တီးနားနဲ့အတူ နိုင်ငံတကာအဆင့် အောင်မြင်မှုက မက်ဆီကို ရှောင်ဖယ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၃ ကြိမ်စလုံးမှာ ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ဖို့အတွက် အလွန်နီးစပ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ ဂျာမနီအသင်းအတွက် အချိန်ပိုမှာ မာရီယို ဂတ်ဇဲလ်က အနိုင်ဂိုးသွင်းယူသွားခဲ့တာကြောင့် အာဂျင်တီးနားအသင်း အသည်းကွဲခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံတကာ ထိပ်တန်းဆုဖလားကြီးနဲ့အတူ အိမ်ပြန်လာနိုင်ခဲ့ခြင်းမရှိဘူးဆိုရင် ၎င်းရဲ့ အမွေအနှစ်တွေက ထိခိုက်နိုင်တယ်လို့ ပီလီ၊ မာရာဒိုနာတို့လို ဂန္တဝင်ကစားသမားတွေနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိ ယှဉ်ပြိုင်ကစားနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီအတွက်လည်း နောက်ဆုံး အခွင့်အရေးအဖြစ် ရှိနေတာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ယနေ့ညမှာ နယ်သာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂယ်ဒီအိုရာက တကယ်လို့ အာဂျင်တီးနားအသင်းဟာ ကာတာမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တောင်မှ မက်ဆီရဲ့ အမွေအနှစ်တွေက ပျောက်ပျက်သွားမှာမဟုတ်ဘူလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဆုဖလားဗီရိုထဲက ကလပ်အသင်းနဲ့ နိုင်ငံအသင်း ဆုဖလားအရေအတွက် ကွာဟနေမှုက အာဂျင်တီးနားကြယ်ပွင့်ကို အမှတ်ရနေမယ့် ပုံစံမှာ အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ ခံစားရလားလို့ မေးမြန်းခဲ့ရာမှာ အယ်လ်ဂျီးရီးယားကွင်းလယ်ကစားသမားဟောင်းက “လုံးဝ မခံစားရပါဘူး။ ကျွန်တော်တို့ ဒီလောက် အချိန်အကြာကြီး ရော်နယ်လ်ဒိုနဲ့အတူ သူကစားတာကို ကြည့်ရှုခံစားခဲ့ပြီးပါပြီ။ ကျွန်တော် ထင်တာကတော့ အာဂျင်တီးနားနဲ့ ဆုဖလားရရှိတာက သူ့ကို အရာအားလုံးရဲ့ ထိပ်ဆုံးကို ရောက်ရှိစေမယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သူ့ကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီမှာ ကစားနေတာကို ကြည့်နေရတာကိုက ထူးခြားတဲ့အရာ ဖြစ်နေပြီးသားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၆ ပွဲ ရှုံးပွဲမရှိ စံချိန်နဲ့အတူ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့်လည်း အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီ အာရေဗျကို ၂-၁ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန် အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီအေနနဲ႔ ၎ရဲ႕ အေမြအႏွစ္ေတြကို အခိုင္အမာ က်န္ရစ္ေစဖို႔ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ မလိုအပ္ဘူးလို႔ အယ္လ္ဂ်ီးရီးယားကြင္းလယ္ကစားသမားေဟာင္း အက္ဒ္လင္း ဂယ္ဒီအိုရာက ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီဟာ ေတာက္ပတဲ့ ကလပ္အသင္း ကစားသမားဘဝတေလွ်ာက္ လိဂ္ဖလား ၈ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ကစာသးမားျဖစ္ၿပီး အာဂ်င္တီးနားနဲ႔အတူ ႏိုင္ငံတကာအဆင့္ ေအာင္ျမင္မႈက မက္ဆီကို ေရွာင္ဖယ္ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားနဲ႔အတူ ၂၀၂၁ ကိုပါအေမရိကဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၃ ႀကိမ္စလုံးမွာ ဒုတိယအျဖစ္နဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

မက္ဆီဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ကမာၻ႔ဖလား ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ အလြန္နီးစပ္ခဲ့ေပမယ့္လည္း ဗိုလ္လုပြဲမွာ ဂ်ာမနီအသင္းအတြက္ အခ်ိန္ပိုမွာ မာရီယို ဂတ္ဇဲလ္က အႏိုင္ဂိုးသြင္းယူသြားခဲ့တာေၾကာင့္ အာဂ်င္တီးနားအသင္း အသည္းကြဲခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏိုင္ငံတကာ ထိပ္တန္းဆုဖလားႀကီးနဲ႔အတူ အိမ္ျပန္လာႏိုင္ခဲ့ျခင္းမရွိဘူးဆိုရင္ ၎ရဲ႕ အေမြအႏွစ္ေတြက ထိခိုက္ႏိုင္တယ္လို႔ ပီလီ၊ မာရာဒိုနာတို႔လို ဂႏၲဝင္ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာၾကားျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိ ယွဥ္ၿပိဳင္ကစားေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ လီယြန္နယ္ မက္ဆီအတြက္လည္း ေနာက္ဆုံး အခြင့္အေရးအျဖစ္ ရွိေနတာျဖစ္ၿပီး အာဂ်င္တီးနားအသင္းဟာ ယေန႔ညမွာ နယ္သာလန္အသင္းနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂယ္ဒီအိုရာက တကယ္လို႔ အာဂ်င္တီးနားအသင္းဟာ ကာတာမွာ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ျခင္းမရွိခဲ့ဘူးဆိုရင္ေတာင္မွ မက္ဆီရဲ႕ အေမြအႏွစ္ေတြက ေပ်ာက္ပ်က္သြားမွာမဟုတ္ဘူလို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

မက္ဆီရဲ႕ ဆုဖလားဗီ႐ိုထဲက ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္း ဆုဖလားအေရအတြက္ ကြာဟေနမႈက အာဂ်င္တီးနားၾကယ္ပြင့္ကို အမွတ္ရေနမယ့္ ပုံစံမွာ အက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္လို႔ ခံစားရလားလို႔ ေမးျမန္းခဲ့ရာမွာ အယ္လ္ဂ်ီးရီးယားကြင္းလယ္ကစားသမားေဟာင္းက “လုံးဝ မခံစားရပါဘူး။ ကြၽန္ေတာ္တို႔ ဒီေလာက္ အခ်ိန္အၾကာႀကီး ေရာ္နယ္လ္ဒိုနဲ႔အတူ သူကစားတာကို ၾကည့္ရႈခံစားခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္ ထင္တာကေတာ့ အာဂ်င္တီးနားနဲ႔ ဆုဖလားရရွိတာက သူ႔ကို အရာအားလုံးရဲ႕ ထိပ္ဆုံးကို ေရာက္ရွိေစမယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ သူ႔ကို ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီမွာ ကစားေနတာကို ၾကည့္ေနရတာကိုက ထူးျခားတဲ့အရာ ျဖစ္ေနၿပီးသားပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ၃၆ ပြဲ ရႈံးပြဲမရွိ စံခ်ိန္နဲ႔အတူ လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ေပမယ့္လည္း အုပ္စုအဖြင့္ပြဲစဥ္မွာ ေဆာ္ဒီ အာေရဗ်ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့ၿပီး ရႈံးပြဲမရွိ စံခ်ိန္ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.