International World Cup

မော်ရိုကို ကို ယုံကြည်လိုက်လို့ သန်းကြွယ်သူဌေးဖြစ်သွားခဲ့တဲ့ ကျောင်းဆရာ

အမေရိကားက ကျောင်းဆရာတစ်ဦးဟာ ရူးသွပ်လောက်စရာ လောင်းကြေးအနိုင်ရရှိခဲ့ပြီးနောက် နေ့ချင်းညချင်း မီလျံနာသူဌေးတစ်ယောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးပွဲလောင်းသူတစ်ဦးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်ဆိုတဲ့ဘက်ကနေ လောင်းကြေးထည့်ခဲ့ပြီနောက် အမေရိကန်ဒေါ်လာ ၁ သန်း အနိုင်ရရှိခဲ့ပါတယ်။

Action Network ရဲ့ ဖော်ပြချက်အရ အသက် ၂၀ ကျော်ပိုင်း နယူးယောက်က ကျောင်းဆရာတစ်တစ်ဦးဟာ မော်ရိုကိုက စပိန်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်မှာ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့်ဘက်ကနေ အမေရိကန်ဒေါ်လာ ၉၀၈၁၈.၁၉ ဒေါ်လာ လောင်းကြေးထပ်ခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးပွဲလောင်းထားတဲ့ ကျောင်းဆရာဟာ မူလတန်းကျောင်းမှာ ကလေးတွေကို ဘော်လီဘောကစားနည်း သင်ကြားပေးတဲ့ ဆရာတစ်ဦးဖြစ်ပြီး မော်ရိုကိုအသင်းက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် လောင်းကြေးငွေ ရရှိလာမှာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေခဲ့တယ်လို့ နားလည်ရပါတယ်။

“ကျွန်တော့်ဖုန်းကို တစ်မိနစ်နေတိုင်း တစ်ခါ စစ်ကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အဲဒီပွဲကိုတော့ မကြည့်ခဲ့ပါဘူး။ ကျွန်တော် ကစားသမားတစ်ယောက်ရဲ့နာမည်တောင် မသိပါဘူး။ ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ သိခဲ့တယ်လို့ ပြောပြီး လိမ်ပြောမှာမဟုတ်ပါဘူး။ အဆုံးမှာတော့ အဲဒါက ကံကောင်းတဲ့ လောင်းကြေးထပ်မှုဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သာမန် စိတ်ဓာတ်ကျတတ်တဲ့ သူတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ဟာကီမီရဲ့ Panenka ကန်ချက်နဲ့အတူ စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်အထိ အမြင့်မားဆုံးတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတ်နိုင်သလောက် ဝေးဝေးသွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး စနေနေ့ညနေမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမရိကားက ေက်ာင္းဆရာတစ္ဦးဟာ ႐ူးသြပ္ေလာက္စရာ ေလာင္းေၾကးအႏိုင္ရရွိခဲ့ၿပီးေနာက္ ေန႔ခ်င္းညခ်င္း မီလ်ံနာသူေဌးတစ္ေယာက္ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

ေဘာလုံးပြဲေလာင္းသူတစ္ဦးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္းက ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ္ဆိုတဲ့ဘက္ကေန ေလာင္းေၾကးထည့္ခဲ့ၿပီေနာက္ အေမရိကန္ေဒၚလာ ၁ သန္း အႏိုင္ရရွိခဲ့ပါတယ္။

Action Network ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၂၀ ေက်ာ္ပိုင္း နယူးေယာက္က ေက်ာင္းဆရာတစ္တစ္ဦးဟာ ေမာ္႐ိုကိုက စပိန္အသင္းကို ၁၆ သင္းရႈံးထြက္အဆင့္မွာ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ့္ဘက္ကေန အေမရိကန္ေဒၚလာ ၉၀၈၁၈.၁၉ ေဒၚလာ ေလာင္းေၾကးထပ္ခဲ့တယ္လို႔ သိရပါတယ္။

ေဘာလုံးပြဲေလာင္းထားတဲ့ ေက်ာင္းဆရာဟာ မူလတန္းေက်ာင္းမွာ ကေလးေတြကို ေဘာ္လီေဘာကစားနည္း သင္ၾကားေပးတဲ့ ဆရာတစ္ဦးျဖစ္ၿပီး ေမာ္႐ိုကိုအသင္းက ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ေလာင္းေၾကးေငြ ရရွိလာမွာကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ဆိုင္းေနခဲ့တယ္လို႔ နားလည္ရပါတယ္။

“ကြၽန္ေတာ့္ဖုန္းကို တစ္မိနစ္ေနတိုင္း တစ္ခါ စစ္ၾကည့္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီပြဲကိုေတာ့ မၾကည့္ခဲ့ပါဘူး။ ကြၽန္ေတာ္ ကစားသမားတစ္ေယာက္ရဲ႕နာမည္ေတာင္ မသိပါဘူး။ ကြၽန္ေတာ္ ဘာလုပ္ခဲ့လဲဆိုတာ သိခဲ့တယ္လို႔ ေျပာၿပီး လိမ္ေျပာမွာမဟုတ္ပါဘူး။ အဆုံးမွာေတာ့ အဲဒါက ကံေကာင္းတဲ့ ေလာင္းေၾကးထပ္မႈျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က သာမန္ စိတ္ဓာတ္က်တတ္တဲ့ သူတစ္ေယာက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ဟာကီမီရဲ႕ Panenka ကန္ခ်က္နဲ႔အတူ စပိန္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္မွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကမာၻ႔ဖလားသမိုင္းမွာ ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္အဆင့္အထိ အျမင့္မားဆုံးတက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတ္ႏိုင္သေလာက္ ေဝးေဝးသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး စေနေန႔ညေနမွာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ေပၚတူဂီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.