International World Cup

အာတီတာ အရမ်းနှစ်သက်တဲ့ ပစ်မှတ်အတွက် ဈေးပြောပြလိုက်တဲ့ ရိုမာနို

အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်တောင်ပံကြယ်ပွင့် လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ဆိုရင် ရူးသွပ်လောက်ဖွယ် ပမာဏ ကမ်းလှမ်းဖို့လိုအပ်လိမ့်မယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး ၂၀၂၀ ခုနှစ်ကမှ မန်ချက်စတာစီးတီးကနေ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂါဘရီယဲလ် ဂျေဆူးစ် ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူနေရတဲ့အတွက် ၃ လအထိ လွဲချော်နိုင်ဖွယ်ရှိနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ဈေးကွက်ထဲကို ဝင်ရောက်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဂုရု ဖက်ဘရီဇီယို ရိုမာနိုက ဆာနေးကို ခေါ်ယူဖို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ရာမှာ ဒီအပြောင်းအရွှေ့က ဘယ်လိုပုံစံမျိုး ဖြစ်နိုင်လဲဆိုတာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကောလာဟလအချို့ ရှိနေခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ကြား ဆာနေးအတွက် ဒီနေ့အထိ ပြောဆိုခဲ့တာမျိုးမရှိပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်း ရူးသွပ်လောက်စရာ ကမ်းလှမ်းမှုမျိုးမှ ရောက်မလာရင် ဇန်နဝါရီမှာ ဆာနေးကို ရောင်းဖို့ မမြင်ပါဘူး။ သူတို့ရဲ့အစီအစဉ်က သူနဲ့အတူ ဆက်ရှိနေဖို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖက်ဘရီဇီယို ရိုမာနိုက ဒီမှတ်ချက်မပေးမီ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကလည်း ဆာနေးကို အပြောင်းအရွှေ့ပြုလုပ်ဖို့က ဘယ်လိုအသင်းမျိုးအတွက်မဆို ခက်ခဲမှာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပြီး အဲဒီအချိန်တုန်းက လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လို အသင်းတွေနဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ မန်ချက်စတာစီးတီးနဲ့ ပတ်သက်ဆက်နွယ်မှုကြောင့် အာဆင်နယ်အသင်းဟာ ဆာနေးနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ဖို့များပြီး စပိန်လူမျိုးနည်းပြနဲ့ ဂျာမန်တောင်ပံကစားသမားတို့ဟာ အစ်တီဟတ်မှာ အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးတွေ ဖြစ်ပါတယ်။

အာတီတာဟာ မန်ချက်စတာစီးတီးမှာ သိကျွမ်းခဲ့ဖူးတဲ့ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဇင်ချန်ကိုတို့ကို ယခုနွေရာသီမှာ ခေါ်ယူခဲ့တာကြောင့် ဂန်းနားတို့ နောက်ထပ်တစ်ကြိမ် အရေးတကြီး လူခေါ်ဖို့ လိုအပ်နေချိန်မှာ စီးတီးကြယ်ပွင့်ဟောင်းဖြစ်တဲ့ ဆာနေးနဲ့ သတင်းတွေထွက်ပေါ်လာတာက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ေတာင္ပံၾကယ္ပြင့္ လီ႐ြိဳင္း ဆာေနးကို ေခၚယူဖို႔ဆိုရင္ ႐ူးသြပ္ေလာက္ဖြယ္ ပမာဏ ကမ္းလွမ္းဖို႔လိုအပ္လိမ့္မယ္လို႔ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးသူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ကမွ မန္ခ်က္စတာစီးတီးကေန ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူေနရတဲ့အတြက္ ၃ လအထိ လြဲေခ်ာ္ႏိုင္ဖြယ္ရွိေနတဲ့ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ဖို႔ ေဈးကြက္ထဲကို ဝင္ေရာက္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕ဂု႐ု ဖက္ဘရီဇီယို ႐ိုမာႏိုက ဆာေနးကို ေခၚယူဖို႔ ထြက္ေပၚေနတဲ့ ေကာလာဟလေတြနဲ႔ပတ္သက္ၿပီး ေျဖရွင္းခဲ့ရာမွာ ဒီအေျပာင္းအေ႐ႊ႕က ဘယ္လိုပုံစံမ်ိဳး ျဖစ္ႏိုင္လဲဆိုတာကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေကာလာဟလအခ်ိဳ႕ ရွိေနခဲ့ေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္နဲ႔ အာဆင္နယ္တို႔ၾကား ဆာေနးအတြက္ ဒီေန႔အထိ ေျပာဆိုခဲ့တာမ်ိဳးမရွိပါဘူး။ ဘိုင္ယန္ျမဴးနစ္ကလည္း ႐ူးသြပ္ေလာက္စရာ ကမ္းလွမ္းမႈမ်ိဳးမွ ေရာက္မလာရင္ ဇန္နဝါရီမွာ ဆာေနးကို ေရာင္းဖို႔ မျမင္ပါဘူး။ သူတို႔ရဲ႕အစီအစဥ္က သူနဲ႔အတူ ဆက္ရွိေနဖို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖက္ဘရီဇီယို ႐ိုမာႏိုက ဒီမွတ္ခ်က္မေပးမီ ၿပီးခဲ့တဲ့လအနည္းငယ္တုန္းကလည္း ဆာေနးကို အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔က ဘယ္လိုအသင္းမ်ိဳးအတြက္မဆို ခက္ခဲမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ဖူးတာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔လို အသင္းေတြနဲ႔ သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕ မန္ခ်က္စတာစီးတီးနဲ႔ ပတ္သက္ဆက္ႏြယ္မႈေၾကာင့္ အာဆင္နယ္အသင္းဟာ ဆာေနးနဲ႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ဖို႔မ်ားၿပီး စပိန္လူမ်ိဳးနည္းျပနဲ႔ ဂ်ာမန္ေတာင္ပံကစားသမားတို႔ဟာ အစ္တီဟတ္မွာ အလုပ္အတူတူ တြဲလုပ္ခဲ့ၾကဖူးေတြ ျဖစ္ပါတယ္။

အာတီတာဟာ မန္ခ်က္စတာစီးတီးမွာ သိကြၽမ္းခဲ့ဖူးတဲ့ ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ဇင္ခ်န္ကိုတို႔ကို ယခုေႏြရာသီမွာ ေခၚယူခဲ့တာေၾကာင့္ ဂန္းနားတို႔ ေနာက္ထပ္တစ္ႀကိမ္ အေရးတႀကီး လူေခၚဖို႔ လိုအပ္ေနခ်ိန္မွာ စီးတီးၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ ဆာေနးနဲ႔ သတင္းေတြထြက္ေပၚလာတာက အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.