International World Cup

ပြင်သစ်နဲ့ပွဲမတိုင်ခင် တန်ဟက်ဆီက အံ့အားသင့်ဖွယ်သတင်းစကားရရှိခဲ့တဲ့ မက်ဂွိုင်းယား

အင်္ဂလန်နောက်ခံကစားသမား ဟာရီ မက်ဂွိုင်းယားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ဆီကနေ သတင်းစကားတွေ ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်ရဲ့ ခံစစ်မှာ ကျစ်လစ်တဲ့ စွမ်းဆောင်ရည်ပြသနေခဲ့သူဖြစ်ပြီး မကြာသေးမီက မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ၎င်းကို ကောင်းကောင်း ကစားနိုင်ဖို့နဲ့ ပြိုင်ပွဲတလျှောက် စွမ်းဆောင်ရည်အတွက် ဂုဏ်ပြုတဲ့ သတင်းစကားပေးပို့ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ပြင်သစ်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် The Times နဲ့ တွေ့ဆုံရာမှာ မက်ဂွိုင်းယားက “ကျွန်တော် အသင်းနဲ့အဝေးရောက်နေချိန်မှာ သူတို့(မန်ယူနိုက်တက်)က ကျွန်တော့်ကို အင်္ဂလန်အပေါ်မှာ အပြည့်အဝ အာရုံစိုက်စေချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လောက်ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သူတို့ ပြောထားတဲ့ ကောင်းမွန်တဲ့ စာတိုအများအပြားနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်တဲ့အပေါ် ဂုဏ်ပြုတဲ့သတင်းစကားတွေ ရရှိခဲ့ပါတယ်။ အဲဒါက ကောင်းမွန်ပါတယ်”

ဟာရီ မက်ဂွိုင်းယားက ဆက်လက်ပြီး ၎င်းရဲ့ အသင်းဖော်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်မှာ အာရုံစိုက်နေမှာ သေချာတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပြီး ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်က အင်္ဂလန်နဲ့ နယ်သာလန်တို့ရဲ့ပွဲစဉ်တွေကို စောင့်ကြည့်နေပေမယ့်လည်း အင်္ဂလန်ကို အားပေးမှာမဟုတ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူတို့တွေ ပွဲစဉ်တွေကို စောင့်ကြည့်နေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာတယ်။ ဒါပေမယ့် အဲရစ်ကတော့ လိမ္မော်ရောင်တပ်သားတွေကိုပဲ အားပေးလိမ့်မယ်။ သူတို့ရဲ့ အားပေးထောက်ခံမှုတွေကို ခံစားရတာ ကောင်းမွန်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီနီဂေါအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဟန်ဒါဆန်၊ ဆာကာနဲ့ ဟာရီ ကိန်းတို့က ဆောက်ဂိတ်ရဲ့အသင်းအတွက် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

မက်ဂွိုင်းယားနဲ့ ဂျွန် စတုန်းစ်တို့ဟာ အင်္ဂလန်ရဲ့ ဗဟိုခံစစ်မှာ ကျစ်လစ်တဲ့ ခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့ပြီး ၄ ပွဲမှာ ၃ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် ပြင်သစ်နဲ့ပွဲမှာလည်း အမ်ဘာပေကို ထိန်းနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ေနာက္ခံကစားသမား ဟာရီ မက္ဂြိဳင္းယားဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္း မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္ဆီကေန သတင္းစကားေတြ ရရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း အဂၤလန္ရဲ႕ ခံစစ္မွာ က်စ္လစ္တဲ့ စြမ္းေဆာင္ရည္ျပသေနခဲ့သူျဖစ္ၿပီး မၾကာေသးမီက မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္က ၎ကို ေကာင္းေကာင္း ကစားႏိုင္ဖို႔နဲ႔ ၿပိဳင္ပြဲတေလွ်ာက္ စြမ္းေဆာင္ရည္အတြက္ ဂုဏ္ျပဳတဲ့ သတင္းစကားေပးပို႔ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ေန႔ ျပင္သစ္နဲ႔ ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္ခင္ The Times နဲ႔ ေတြ႕ဆုံရာမွာ မက္ဂြိဳင္းယားက “ကြၽန္ေတာ္ အသင္းနဲ႔အေဝးေရာက္ေနခ်ိန္မွာ သူတို႔(မန္ယူႏိုက္တက္)က ကြၽန္ေတာ့္ကို အဂၤလန္အေပၚမွာ အျပည့္အဝ အာ႐ုံစိုက္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္ေလာက္ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္ခဲ့တယ္ဆိုတာ သူတို႔ ေျပာထားတဲ့ ေကာင္းမြန္တဲ့ စာတိုအမ်ားအျပားနဲ႔ ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္တဲ့အေပၚ ဂုဏ္ျပဳတဲ့သတင္းစကားေတြ ရရွိခဲ့ပါတယ္။ အဲဒါက ေကာင္းမြန္ပါတယ္”

ဟာရီ မက္ဂြိဳင္းယားက ဆက္လက္ၿပီး ၎ရဲ႕ အသင္းေဖာ္ေတြဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအေပၚမွာ အာ႐ုံစိုက္ေနမွာ ေသခ်ာတယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပ တန္ဟက္က အဂၤလန္နဲ႔ နယ္သာလန္တို႔ရဲ႕ပြဲစဥ္ေတြကို ေစာင့္ၾကည့္ေနေပမယ့္လည္း အဂၤလန္ကို အားေပးမွာမဟုတ္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြ ပြဲစဥ္ေတြကို ေစာင့္ၾကည့္ေနလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ ဒါေပမယ့္ အဲရစ္ကေတာ့ လိေမၼာ္ေရာင္တပ္သားေတြကိုပဲ အားေပးလိမ့္မယ္။ သူတို႔ရဲ႕ အားေပးေထာက္ခံမႈေတြကို ခံစားရတာ ေကာင္းမြန္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာ ဆီနီေဂါအသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဟန္ဒါဆန္၊ ဆာကာနဲ႔ ဟာရီ ကိန္းတို႔က ေဆာက္ဂိတ္ရဲ႕အသင္းအတြက္ ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားနဲ႔ ဂြၽန္ စတုန္းစ္တို႔ဟာ အဂၤလန္ရဲ႕ ဗဟိုခံစစ္မွာ က်စ္လစ္တဲ့ ခံစစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ၿပီး ၄ ပြဲမွာ ၃ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာေၾကာင့္ ျပင္သစ္နဲ႔ပြဲမွာလည္း အမ္ဘာေပကို ထိန္းႏိုင္ဖို႔ အေကာင္းဆုံးလုပ္ေဆာင္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.