International World Cup

မက်ဆီပါတဲ့အသင်းနဲ့တွေ့ရင် အေးဆေးနေရမယ်မထင်နဲ့လို့ သတိပေးခံခဲ့ရတဲ့ နယ်သာလန်

ဆဲလ်တစ်ကြယ်ပွင့်ဟောင်း ခရစ္စ ဆပ်တန်က နယ်သာလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်မှာ မက်ဆီရဲ့ အာဂျင်တီးနားကို အနိုင်ရရှိသွားလိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

ဆပ်တန်က သောကြာနေ့မှာ နယ်သာလန်အသင်းဟာ အာဂျင်တီးနားအသင်းကို ၂-၁ နဲ့ အနိုင်ရရှိသွားမယ်လို့ ယုံကြည်နေတာဖြစ်ပြီး တောင်အမေရိကအသင်းဟာ သြစတြေးလျကို ၁၆ သင်းရှုံးထွက်မှာ ၂-၁ နဲ့ အနိုင်ရရှိပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ လူးဝစ္စ ဗန်ဟားလ်ရဲ့နယ်သာလန်အသင်းကလည်း ယူအက်စ်အေကို ရှုံးထွက်အဆင့်မှာ ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။

BBC အတွက် အထူးကော်လံထဲမှာ ဆပ်တန်က လီယွန်နယ် မက်ဆီနဲ့ ဗန်ဟားလ်ရဲ့အသင်းတို့အတွက် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ဟာ ဘယ်လို ပြီးဆုံးသွားမလဲဆိုတာကို အားလုံးကို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

“ဒီအဆင့်မှာ ဘယ်သူပဲနိုင်နိုင် အဲဒါက အနည်းဆုံးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးဂန္တဝင်တစ်ဦးရဲ့ အဆုံးသတ်ပဲ ဖြစ်ဖို့များပါတယ်။ နယ်သာလန်နည်းပြ ဗန်ဟားလ်ကလည်း နည်းပြဘဝ နောက်ဆုံးအလုပ်ကို လုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အာဂျင်တီးနားဂန္တဝင် မက်ဆီကလည်း နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ကစားပေးနေတာ ကျိန်းသေသလောက်နီးပါးပါ”

ဆပ်တန်က ပြီးတဲ့နောက်မှာတော့ နည်းဗျူဟာ ခွဲခြမ်းစိတ်ဖြာမှုဘက်ကို ဦးတည်သွားခဲ့ပြီး အသင်း ၂ သင်းရဲ့ ကစားဟန်အကြောင်းကို ပြောကြားခဲ့ပါတယ်။ “ဗန်ဟားလ်က ဒတ်ချ်တွေ ကစားနေကျ သမားရိုးကျ ၄-၃-၃ ကစားကွက်ကို ကွဲပြားခြားနားတဲ့အရာတွေဖြစ်အောင် လုပ်နေပါတယ်။ ဒါပေမယ့်လည်း သူတို့တွေက အရင်တုန်းက အရမ်းကောင်းခဲ့တဲ့ သူတို့အသင်းရဲ့ ကစားပုံလို စောင့်ကြည့်ရလောက်အောင် လှပတဲ့ပုံစံမျိုး မကစားနိုင်တောင် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ အာဂျင်တီးနားကတော့ ဒီအဆင့်ကို ပိုပြီးတော့ ယုံကြည်ချက်ရှိတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပြီး မက်ဆီဆီကနေ အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေရဲ့ အကူအညီလည်း ရခဲ့ပါတယ်”

“ဒါပေမယ့်လည်း သူတို့တွေမှာ သူတို့ပြသနာကလည်း ရှိနေတဲ့အသင်းပါ။ ခင်ဗျား သူတို့ကို သေချာပေါက် အငိုက်မိအောင်လုပ်နိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါတယ်။ နယ်သာလန်တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီပိုင်းနဲ့ ဂက်ခ်ပိုတို့က အခွင့်အရေးကောင်းအချို့ ရနိုင်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ဒီမတိုင်ခင် နယ်သာလန်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျွန်တော့်ရဲ့ ထူးခြားတဲ့ရွေးချယ်မှုလို့ ပြောခဲ့ဖူးလား။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ သူတို့တွေက အလှဆုံး ဘောလုံးကစားပုံကို မကစားနိုင်ပေမယ့် သူတို့အလုပ်ကိုတော့ သူတို့ လုပ်နိုင်တယ်။ ကျွန်တော် ဒီပွဲမှာလည်း သူတို့ဘက်ကနေ ရပ်တည်သွားမှာပါ”

“အာဂျင်တီးနားပရိသတ်တွေက ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပါပဲ။ သူတို့တွေက အကျယ်လောင်ဆုံးဆိုတာ ကျိန်းသေပါတယ်။ မက်ဆီပါတဲ့အသင်းနဲ့ တွေ့တဲ့ ဘယ်အသင်းမှ အေးအေးဆေးဆေးနေရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ မကြာခင် အိမ်ပြန်ရနိုင်ပါတယ်။ ၂-၁ နဲ့ နယ်သာလန်အနိုင်ရသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆဲလ္တစ္ၾကယ္ပြင့္ေဟာင္း ခရစၥ ဆပ္တန္က နယ္သာလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္မွာ မက္ဆီရဲ႕ အာဂ်င္တီးနားကို အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့ပါတယ္။

ဆပ္တန္က ေသာၾကာေန႔မွာ နယ္သာလန္အသင္းဟာ အာဂ်င္တီးနားအသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိသြားမယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး ေတာင္အေမရိကအသင္းဟာ ၾသစေၾတးလ်ကို ၁၆ သင္းရႈံးထြက္မွာ ၂-၁ နဲ႔ အႏိုင္ရရွိၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ လူးဝစၥ ဗန္ဟားလ္ရဲ႕နယ္သာလန္အသင္းကလည္း ယူအက္စ္ေအကို ရႈံးထြက္အဆင့္မွာ ၃-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။

BBC အတြက္ အထူးေကာ္လံထဲမွာ ဆပ္တန္က လီယြန္နယ္ မက္ဆီနဲ႔ ဗန္ဟားလ္ရဲ႕အသင္းတို႔အတြက္ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ဟာ ဘယ္လို ၿပီးဆုံးသြားမလဲဆိုတာကို အားလုံးကို သတိေပးသြားခဲ့တာ ျဖစ္ပါတယ္။

“ဒီအဆင့္မွာ ဘယ္သူပဲႏိုင္ႏိုင္ အဲဒါက အနည္းဆုံးေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဘာလုံးဂႏၲဝင္တစ္ဦးရဲ႕ အဆုံးသတ္ပဲ ျဖစ္ဖို႔မ်ားပါတယ္။ နယ္သာလန္နည္းျပ ဗန္ဟားလ္ကလည္း နည္းျပဘဝ ေနာက္ဆုံးအလုပ္ကို လုပ္ေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အာဂ်င္တီးနားဂႏၲဝင္ မက္ဆီကလည္း ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ပါဝင္ကစားေပးေနတာ က်ိန္းေသသေလာက္နီးပါးပါ”

ဆပ္တန္က ၿပီးတဲ့ေနာက္မွာေတာ့ နည္းဗ်ဴဟာ ခြဲျခမ္းစိတ္ျဖာမႈဘက္ကို ဦးတည္သြားခဲ့ၿပီး အသင္း ၂ သင္းရဲ႕ ကစားဟန္အေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။ “ဗန္ဟားလ္က ဒတ္ခ်္ေတြ ကစားေနက် သမား႐ိုးက် ၄-၃-၃ ကစားကြက္ကို ကြဲျပားျခားနားတဲ့အရာေတြျဖစ္ေအာင္ လုပ္ေနပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြက အရင္တုန္းက အရမ္းေကာင္းခဲ့တဲ့ သူတို႔အသင္းရဲ႕ ကစားပုံလို ေစာင့္ၾကည့္ရေလာက္ေအာင္ လွပတဲ့ပုံစံမ်ိဳး မကစားႏိုင္ေတာင္ အက်ိဳးသက္ေရာက္မႈ ရွိခဲ့ပါတယ္။ အာဂ်င္တီးနားကေတာ့ ဒီအဆင့္ကို ပိုၿပီးေတာ့ ယုံၾကည္ခ်က္ရွိတဲ့ပုံစံမ်ိဳးနဲ႔ ကစားခဲ့ၿပီး မက္ဆီဆီကေန အလြန္ေကာင္းမြန္တဲ့ အခိုက္အတန႔္ေတြရဲ႕ အကူအညီလည္း ရခဲ့ပါတယ္”

“ဒါေပမယ့္လည္း သူတို႔ေတြမွာ သူတို႔ျပသနာကလည္း ရွိေနတဲ့အသင္းပါ။ ခင္ဗ်ား သူတို႔ကို ေသခ်ာေပါက္ အငိုက္မိေအာင္လုပ္ႏိုင္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ပါတယ္။ နယ္သာလန္တိုက္စစ္မႉးေတြျဖစ္တဲ့ ဒီပိုင္းနဲ႔ ဂက္ခ္ပိုတို႔က အခြင့္အေရးေကာင္းအခ်ိဳ႕ ရႏိုင္တယ္လို႔ ကြၽန္ေတာ္ ခံစားရပါတယ္။ ကြၽန္ေတာ္ ဒီမတိုင္ခင္ နယ္သာလန္က ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကြၽန္ေတာ့္ရဲ႕ ထူးျခားတဲ့ေ႐ြးခ်ယ္မႈလို႔ ေျပာခဲ့ဖူးလား။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ သူတို႔ေတြက အလွဆုံး ေဘာလုံးကစားပုံကို မကစားႏိုင္ေပမယ့္ သူတို႔အလုပ္ကိုေတာ့ သူတို႔ လုပ္ႏိုင္တယ္။ ကြၽန္ေတာ္ ဒီပြဲမွာလည္း သူတို႔ဘက္ကေန ရပ္တည္သြားမွာပါ”

“အာဂ်င္တီးနားပရိသတ္ေတြက ဒီကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေကာင္းဆုံးပါပဲ။ သူတို႔ေတြက အက်ယ္ေလာင္ဆုံးဆိုတာ က်ိန္းေသပါတယ္။ မက္ဆီပါတဲ့အသင္းနဲ႔ ေတြ႕တဲ့ ဘယ္အသင္းမွ ေအးေအးေဆးေဆးေနရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ေတြ မၾကာခင္ အိမ္ျပန္ရႏိုင္ပါတယ္။ ၂-၁ နဲ႔ နယ္သာလန္အႏိုင္ရသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.