International World Cup

ပြင်သစ်နဲ့ အင်္ဂလန်တို့ပွဲစဉ်က အနိုင်ရရှိမယ့်သူကို ရွေးချယ်ပေးခဲ့တဲ့ အကြားအမြင်စွမ်းအားရှင် သိုးလေး

အကြားအမြင်စွမ်းအားရှင် သိုးလေးက ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းကို အားပေးထောက်ခံခဲ့တဲ့အတွက် အင်္ဂလန်အသင်းဟာ ပြင်သစ်ကို ရှုံးနိမ့်တော့မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံတွေနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီနီဂေါကို ၃-၀ နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် အင်္ဂလန်က ပရိသတ်သန်းပေါင်းများစွာက ၎င်းတို့အသင်းကို ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ အားပေးထောက်ခံနေကြတာဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ အင်္ဂလန်အသင်းဟာ အကြားအမြင်စွမ်းအားရှင် သိုးလေး အယ်လ်ဖီရဲ့ အားပေးထောက်ခံမှုကြောင့် ကျိန်စာသင့်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး အယ်လ်ဖီဟာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ကစားနေတဲ့ နိုင်ငံအများအပြားကို အားပေးထောက်ခံကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ အယ်လ်ဖီက ပြိုင်ပွဲတလျှောက်မှာ အနိုင်ရမယ်လို့ ခံစားရတဲ့ နိုင်ငံအသင်းကို ရွေးချယ်ပေးခဲ့တာဖြစ်ပြီး ကစားနေတဲ့ နိုင်ငံအသင်းအလံတွေ တပ်ထားတဲ့နေရာက စားသောက်စရာတွေကို ရွေးချယ်စားသောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ်ဖီက ဂါးရတ် ဆောက်ဂိတ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်တဲ့ အင်္ဂလန်အသင်းအလံတပ်ထားတဲ့ စားစရာကို ရွေးချယ်ခဲ့တာဖြစ်ပြီး အောက်စ်ဖို့ဒ်ရှိုင်းယားက Fairy Tale မွေးမြူရေးခြံမှာ နေထိုင်တဲ့ သိုးလေးဟာ ဗြိတိန်ရဲ့ အကောင်းဆုံး အကြားအမြင်စိတ်စွမ်းအားရှင်လို့ ချီးကျူးခြင်းခံခဲ့ရပေမယ့်လည်း လက်ရှိအချိန်အထိတော့ သူ့ရဲ့ ဟောကိန်းတွေဟာ ပြောင်းပြန် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း အယ်လ်ဖီရဲ့ စစချင်း ဟောကိန်းက မှားယွင်းခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ အီရန်တို့ ပွဲစဉ်မတိုင်ခင် အကြားအမြင်စိတ်စွမ်းအားရှင် သိုးလေးက ကားလို့စ် ကွီးရော့ဇ်ရဲ့အသင်းက ဆောက်ဂိတ်ရဲ့အသင်းကို အနိုင်ယူသွားလိမ့်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဖီအတွက် ကံမကောင်းစွာနဲ့ပဲ အင်္ဂလန်အသင်းဟာ အီရန်ကို ဆာကာရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘယ်လင်ဟမ်၊ ရက်ရှ်ဖို့ဒ်၊ စတားလင်း၊ ဂရီးလစ်ရှ်တို့ရဲ့ ဂိုးတွေကြောင့် ၆-၂ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အယ်လ်ဖီက ဝေးလ်စ်အသင်းဟာ ယူအက်စ်အေကို အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့်လည်း လုံးလုံး မမှားခဲ့သလို မှန်လည်း မမှန်ကန်ခဲ့တာဖြစ်ပြီး ရောဘတ် ပေ့ဂျ်ရဲ့အသင်းဟာ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အယ်လ်ဖီရဲ့ ဟောကိန်းတွေနဲ့ ရလဒ်တွေက ဆက်ပြီး ဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ ဆောက်ဂိတ်ရဲ့ အသင်းအတွက် အလွန်ရှည်လျားတဲ့ ညနေခင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အၾကားအျမင္စြမ္းအားရွင္ သိုးေလးက ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အသင္းကို အားေပးေထာက္ခံခဲ့တဲ့အတြက္ အဂၤလန္အသင္းဟာ ျပင္သစ္ကို ရႈံးနိမ့္ေတာ့မွာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

အဂၤလန္အသင္းဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ လက္ရွိကမာၻ႔ဖလားခ်န္ပီယံေတြနဲ႔ ကြာတားဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ၁၆ သင္းရႈံးထြက္အဆင့္မွာ ဆီနီေဂါကို ၃-၀ နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ကမာၻ႔ဖလား ၂ ႀကိမ္ဆက္တိုက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ အဂၤလန္က ပရိသတ္သန္းေပါင္းမ်ားစြာက ၎တို႔အသင္းကို ကမာၻ႔ဖလားမွာ ေအာင္ျမင္မႈရရွိလိမ့္မယ္လို႔ အားေပးေထာက္ခံေနၾကတာျဖစ္ပါတယ္။

ကံဆိုးစြာနဲ႔ပဲ အဂၤလန္အသင္းဟာ အၾကားအျမင္စြမ္းအားရွင္ သိုးေလး အယ္လ္ဖီရဲ႕ အားေပးေထာက္ခံမႈေၾကာင့္ က်ိန္စာသင့္ႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး အယ္လ္ဖီဟာ ကမာၻ႔ဖလားမွာ ယွဥ္ၿပိဳင္ကစားေနတဲ့ ႏိုင္ငံအမ်ားအျပားကို အားေပးေထာက္ခံေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။ အယ္လ္ဖီက ၿပိဳင္ပြဲတေလွ်ာက္မွာ အႏိုင္ရမယ္လို႔ ခံစားရတဲ့ ႏိုင္ငံအသင္းကို ေ႐ြးခ်ယ္ေပးခဲ့တာျဖစ္ၿပီး ကစားေနတဲ့ ႏိုင္ငံအသင္းအလံေတြ တပ္ထားတဲ့ေနရာက စားေသာက္စရာေတြကို ေ႐ြးခ်ယ္စားေသာက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အယ္လ္ဖီက ဂါးရတ္ ေဆာက္ဂိတ္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာႏိုင္တဲ့ အဂၤလန္အသင္းအလံတပ္ထားတဲ့ စားစရာကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ေအာက္စ္ဖို႔ဒ္ရႈိင္းယားက Fairy Tale ေမြးျမဴေရးၿခံမွာ ေနထိုင္တဲ့ သိုးေလးဟာ ၿဗိတိန္ရဲ႕ အေကာင္းဆုံး အၾကားအျမင္စိတ္စြမ္းအားရွင္လို႔ ခ်ီးက်ဴးျခင္းခံခဲ့ရေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕ ေဟာကိန္းေတြဟာ ေျပာင္းျပန္ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

အမွန္တကယ္လည္း အယ္လ္ဖီရဲ႕ စစခ်င္း ေဟာကိန္းက မွားယြင္းခဲ့တာျဖစ္ၿပီး အဂၤလန္နဲ႔ အီရန္တို႔ ပြဲစဥ္မတိုင္ခင္ အၾကားအျမင္စိတ္စြမ္းအားရွင္ သိုးေလးက ကားလို႔စ္ ကြီးေရာ့ဇ္ရဲ႕အသင္းက ေဆာက္ဂိတ္ရဲ႕အသင္းကို အႏိုင္ယူသြားလိမ့္မယ္လို႔ ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ဖီအတြက္ ကံမေကာင္းစြာနဲ႔ပဲ အဂၤလန္အသင္းဟာ အီရန္ကို ဆာကာရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဘယ္လင္ဟမ္၊ ရက္ရွ္ဖို႔ဒ္၊ စတားလင္း၊ ဂရီးလစ္ရွ္တို႔ရဲ႕ ဂိုးေတြေၾကာင့္ ၆-၂ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ အဲဒီေန႔မွာပဲ အယ္လ္ဖီက ေဝးလ္စ္အသင္းဟာ ယူအက္စ္ေအကို အုပ္စုအဖြင့္ပြဲစဥ္မွာ အႏိုင္ရရွိသြားလိမ့္မယ္လို႔ ယုံၾကည္ခဲ့ေပမယ့္လည္း လုံးလုံး မမွားခဲ့သလို မွန္လည္း မမွန္ကန္ခဲ့တာျဖစ္ၿပီး ေရာဘတ္ ေပ့ဂ်္ရဲ႕အသင္းဟာ သေရရလဒ္ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အယ္လ္ဖီရဲ႕ ေဟာကိန္းေတြနဲ႔ ရလဒ္ေတြက ဆက္ၿပီး ဆန႔္က်င္ဘက္ ျဖစ္ေနမယ္ဆိုရင္ေတာ့ ေဆာက္ဂိတ္ရဲ႕ အသင္းအတြက္ အလြန္ရွည္လ်ားတဲ့ ညေနခင္းတစ္ခု ျဖစ္လာႏိုင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.