International World Cup

အဂွေရိုရဲ့ Twitch Live ကို ပူးပေါင်းခဲ့တဲ့ မက်ဆီကြောင့် ကြည်နူးခဲ့ကြတဲ့ ပရိသတ်များ

လီယွန်နယ် မက်ဆီဟာ နယ်သာလန်နဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ဆာဂျီယို အဂွေရိုရဲ့ Twitch တိုက်ရိုက်ထုတ်လွှင့်မှုကို ပူးပေါင်းခဲ့ပြီး လက်ရွေးစင်အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ အာဂျင်တီးနားဂန္တဝင် ၂ ဦးကြားက အရာအားလုံးက ကြည်နူးစရာအတိဖြစ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဘလွန်ဒေါ ၇ ဆုရှင်ဟာ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဆာဂျီယို အဂွေရိုမပါဝင်ဘဲ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဦးဆောင်နေရတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် မန်စီးတီးဂန္တဝင်ဟာ ပြီးခဲ့တဲ့နှစ်မှာ နှလုံးရောဂါကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပြီး လပေါင်းများစွာအကြာမှာ အဂွေရိုက အာဂျင်တီးနားအသင်းကို အားပေးဖို့ ကာတာကို ထွက်ခွာခဲ့ပေမယ့်လည်း လက်ရွေးစင်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီနဲ့ ဒီမာရီယာတို့ဆီ သွားရောက်မလည်ပတ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညမှာ လူးဝစ္စ ဗန်ဟားလ်ရဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမတိုင်ခင် မက်ဆီနဲ့ အသင်းဖော်တွေဟာ Twitch မှာ အသင်းဖော်ဟောင်း ဆာဂျီယို အဂွေရိုနဲ့အတူတူ စကားပြောဖို့အတွက် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အခန်းဖော်ဟောင်းတွေဟာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အချိန်တော်တော်ကြာ စကားပြောခဲ့ကြပြီး အဂွေရိုက “မင်းတို့ကောင်တွေ ဘယ်ရောက်နေတာလဲ”လို့ မေးမြန်းခဲ့ရာမှာ မက်ဆီက “ငါတို့ရဲ့ အခန်းထဲမှာလေ”လို့ တုံ့ပြန်ခဲ့ချိန်မှာတော့ မန်စီးတီးဂန္တဝင်ဟာ စိတ်ထိခိုက်သွားတဲ့ဟန်နဲ့ “ငါတို့ရဲ့အခန်းထဲလား”လု့ိ ပြန်ပြောခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးတဲ့နောက်မှာတော့ ရယ်မောစရာတွေ တောက်လျှောက် ပြောခဲ့ကြပြီး ရိုဒရီဂို ဒီပေါလ်၊ ပါပူ ဂိုးမက်ဇ်နဲ့ လီအန်ဒရို ပါရီဒက်စ်တို့လည်း စကားဝိုင်းမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီတို့အဖွဲ့ဟာ ဆံပင်ညှပ်ထားတဲ့ ပါပူ ဂိုးမက်ဇ်ကို ဒေးဗစ် ဘက်ဟမ်းနဲ့ နှိုင်းယှဉ်ခဲ့ကြပြီး မက်ဆီက “ပါပူက အရမ်းကို ရည်မှန်းချက် မြင့်မြင့်ထားတယ်။ သူက သူ့ကိုယ်သူ ဘက်ခမ်းနဲ့ နှိုင်းယှဉ်ချင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

အဂွေရိုက “ပါပူ မင်းဘာလို့ ဝေါ်လ်တာ ဆမ်မြူရယ်(အာဂျင်တီးနားဂန္တဝင်)ရဲ့ပုံစံကို လိုက်ပြီး အတုမခိုးတာလဲ”လို့ ပြန်လည် ပြောဆိုခဲ့ပြီး အဲဒီ စကားစမြည်ပြောဆိုမှုအတွင်းမှာ ပါပူဟာ ဆန်ပါအိုလီရဲ့ ဆံပင်စတိုင်ဖြစ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဂွေရိုနဲ့ လီယွန်နယ် မက်ဆီတို့အဖွဲ့ရဲ့ စကားပြောဆိုမှုဟာ ပျော်ရွှင်စရာတွေ ပြည့်နှက်နေခဲ့ပေမယ့်လည်း ဖုန်းချခါနီးမှာ မက်ဆီက အဂွေရိုကို ၎င်းတို့အနေနဲ့ ကာတာမှာ လက်ရွေးစင်အသင်းဖော်အကြောင်း စဉ်းစားနေဆဲဖြစ်တယ်ဆိုတာကို သိစေချင်ခဲ့တာဖြစ်ပါတယ်။

“ငါတို့ကို ဖုန်းခေါ်တဲ့အတွက် ကျေးဇူးပဲ။ ငါတို့ မင်းကို ချစ်တယ်။ မင်း ငါတို့နဲ့အတူ ဒီမှာမရှိပေမယ့် ငါတို့တွေ မင်းကို နေ့တိုင်း သတိရပါတယ်။ မင်းနဲ့ ဂျီအို(လို ဆယ်ဆို)ကိုပေါ့။ ငါတို့တွေကို ကြည့်ရှုနေတဲ့ လူတွေအားလုံးကိုလည်း နှုတ်ဆက်ချင်ပါတယ်။ တာ့တာ”လို့ မက်ဆီက ပြောကြားခဲ့တာဖြစ်ပြီး အဂွေရိုက “ကံကောင်းပါစေ သောကြာနေ့ကစားမယ့် ကောင်လေးတွေ။ ဘာတွေပဲ ဖြစ်ဖြစ် မင်းက အံ့ဖွယ်သူရဲပဲ။ မင်းကို ချစ်တယ်”လို့ ပြန်လည် ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ နယ္သာလန္နဲ႔ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲမတိုင္ခင္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ Twitch တိုက္႐ိုက္ထုတ္လႊင့္မႈကို ပူးေပါင္းခဲ့ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတဲ့ အာဂ်င္တီးနားဂႏၲဝင္ ၂ ဦးၾကားက အရာအားလုံးက ၾကည္ႏူးစရာအတိျဖစ္ခဲ့တာျဖစ္ပါတယ္။

၂၀၀၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဘလြန္ေဒါ ၇ ဆုရွင္ဟာ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ ဆာဂ်ီယို အေဂြ႐ိုမပါဝင္ဘဲ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဦးေဆာင္ေနရတာ ျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ မန္စီးတီးဂႏၲဝင္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ႏွလုံးေရာဂါေၾကာင့္ ကစားသမားဘဝကေန အနားယူခဲ့ရတာျဖစ္ၿပီး လေပါင္းမ်ားစြာအၾကာမွာ အေဂြ႐ိုက အာဂ်င္တီးနားအသင္းကို အားေပးဖို႔ ကာတာကို ထြက္ခြာခဲ့ေပမယ့္လည္း လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ မက္ဆီနဲ႔ ဒီမာရီယာတို႔ဆီ သြားေရာက္မလည္ပတ္ခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔ညမွာ လူးဝစၥ ဗန္ဟားလ္ရဲ႕အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမတိုင္ခင္ မက္ဆီနဲ႔ အသင္းေဖာ္ေတြဟာ Twitch မွာ အသင္းေဖာ္ေဟာင္း ဆာဂ်ီယို အေဂြ႐ိုနဲ႔အတူတူ စကားေျပာဖို႔အတြက္ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။ အခန္းေဖာ္ေဟာင္းေတြဟာ တိုက္႐ိုက္ထုတ္လႊင့္မႈမွာ အခ်ိန္ေတာ္ေတာ္ၾကာ စကားေျပာခဲ့ၾကၿပီး အေဂြ႐ိုက “မင္းတို႔ေကာင္ေတြ ဘယ္ေရာက္ေနတာလဲ”လို႔ ေမးျမန္းခဲ့ရာမွာ မက္ဆီက “ငါတို႔ရဲ႕ အခန္းထဲမွာေလ”လို႔ တုံ႔ျပန္ခဲ့ခ်ိန္မွာေတာ့ မန္စီးတီးဂႏၲဝင္ဟာ စိတ္ထိခိုက္သြားတဲ့ဟန္နဲ႔ “ငါတို႔ရဲ႕အခန္းထဲလား”လု႔ိ ျပန္ေျပာခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ရယ္ေမာစရာေတြ ေတာက္ေလွ်ာက္ ေျပာခဲ့ၾကၿပီး ႐ိုဒရီဂို ဒီေပါလ္၊ ပါပူ ဂိုးမက္ဇ္နဲ႔ လီအန္ဒ႐ို ပါရီဒက္စ္တို႔လည္း စကားဝိုင္းမွာ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ လီယြန္နယ္မက္ဆီတို႔အဖြဲ႕ဟာ ဆံပင္ညႇပ္ထားတဲ့ ပါပူ ဂိုးမက္ဇ္ကို ေဒးဗစ္ ဘက္ဟမ္းနဲ႔ ႏႈိင္းယွဥ္ခဲ့ၾကၿပီး မက္ဆီက “ပါပူက အရမ္းကို ရည္မွန္းခ်က္ ျမင့္ျမင့္ထားတယ္။ သူက သူ႔ကိုယ္သူ ဘက္ခမ္းနဲ႔ ႏႈိင္းယွဥ္ခ်င္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အေဂြ႐ိုက “ပါပူ မင္းဘာလို႔ ေဝၚလ္တာ ဆမ္ျမဴရယ္(အာဂ်င္တီးနားဂႏၲဝင္)ရဲ႕ပုံစံကို လိုက္ၿပီး အတုမခိုးတာလဲ”လို႔ ျပန္လည္ ေျပာဆိုခဲ့ၿပီး အဲဒီ စကားစျမည္ေျပာဆိုမႈအတြင္းမွာ ပါပူဟာ ဆန္ပါအိုလီရဲ႕ ဆံပင္စတိုင္ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အေဂြ႐ိုနဲ႔ လီယြန္နယ္ မက္ဆီတို႔အဖြဲ႕ရဲ႕ စကားေျပာဆိုမႈဟာ ေပ်ာ္႐ႊင္စရာေတြ ျပည့္ႏွက္ေနခဲ့ေပမယ့္လည္း ဖုန္းခ်ခါနီးမွာ မက္ဆီက အေဂြ႐ိုကို ၎တို႔အေနနဲ႔ ကာတာမွာ လက္ေ႐ြးစင္အသင္းေဖာ္အေၾကာင္း စဥ္းစားေနဆဲျဖစ္တယ္ဆိုတာကို သိေစခ်င္ခဲ့တာျဖစ္ပါတယ္။

“ငါတို႔ကို ဖုန္းေခၚတဲ့အတြက္ ေက်းဇူးပဲ။ ငါတို႔ မင္းကို ခ်စ္တယ္။ မင္း ငါတို႔နဲ႔အတူ ဒီမွာမရွိေပမယ့္ ငါတို႔ေတြ မင္းကို ေန႔တိုင္း သတိရပါတယ္။ မင္းနဲ႔ ဂ်ီအို(လို ဆယ္ဆို)ကိုေပါ့။ ငါတို႔ေတြကို ၾကည့္ရႈေနတဲ့ လူေတြအားလုံးကိုလည္း ႏႈတ္ဆက္ခ်င္ပါတယ္။ တာ့တာ”လို႔ မက္ဆီက ေျပာၾကားခဲ့တာျဖစ္ၿပီး အေဂြ႐ိုက “ကံေကာင္းပါေစ ေသာၾကာေန႔ကစားမယ့္ ေကာင္ေလးေတြ။ ဘာေတြပဲ ျဖစ္ျဖစ္ မင္းက အံ့ဖြယ္သူရဲပဲ။ မင္းကို ခ်စ္တယ္”လို႔ ျပန္လည္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.