International World Cup

ပီလီရဲ့ဟောကိန်းက မှန်တယ်ဆိုတာ ပြသနေတဲ့ ကမ္ဘာ့ဖလားက ရော်နယ်လ်ဒိုနဲ့မက်ဆီတို့ရဲ့ခြေစွမ်း

ဘရာဇီးလ်ဂန္တဝင် ပီလီဟာ တစ်ခါတုန်းက အလွန်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက အကောင်းဆုံးကစားသမားကို ရွေးချယ်မှုကို ပြုလုပ်ပေးခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ခေတ်သစ်ဘောလုံးလောကမှာ အထူးချွန်ဆုံး ကစားသမား ၂ ဦးဖြစ်ပြီး ဒီကစားသမား ၂ ဦးထဲက ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ အငြင်းအခုံတွေက အမြဲတမ်းရှိနေခဲ့တာ ဖြစ်ပါတယ်။ အချို့ကလည်း အာဂျင်တီးနားကြယ်ပွင့်က အကောင်းဆုံးလို့ ယုံကြည်ကြပေမယ့်လည်း အချို့ကလည်း ပေါ်တူဂီတိုက်စစ်မှူးထက် ပိုပြီး သာလွန်တဲ့ ကစားသမားမရှိတော့ဘူးလို့ ယူဆထားကြတာဖြစ်ပါတယ်။

ပီလီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ပြောကြားခြင်းခံခဲ့ရတဲ့အချိန်မှာ ၎င်းရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ယိုဟန် ခရိုက်ဖ်၊ ဇီဒန်း၊ မာရာဒိုနာ၊ ဇီကိုတို့လိုမျိုး တခြား တသက်တာအကောင်းဆုံးကစားသမားတွေလည်း ရှိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျားအတွက် ကမ္ဘာပေါ်မှာ ရွေးချယ်စရာက ၂ ခုပဲ ရှိတော့တာ ဝမ်းနည်းစရာပါ။ ယိုဟန် ခရိုက်ဖ်၊ ဒီယေဂို မာရာဒိုနာ၊ ပီလီ၊ ဇီကို၊ ဂျူနီယာ စတဲ့ ကစားသမားတွေရှိခဲ့ပေမယ့် အခု ကမ္ဘာပေါ်မှာ ကစားသမား ၂ ယောက်ပဲ ရှိတော့တယ်။ ပြီးတော့ နေမာ ဟုတ်တယ်မလား။ ကျွန်တော်တို့ ဘရာဇီးလ်သားတွေက အမြဲတမ်းအကောင်းဆုံးထဲမှာ ရှိနေပါတယ်”

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီးက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပိုမိုကောင်းမွန်တဲ့ ဂိုးသွင်းသူဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပေမယ့်လည်း ပြီးပြည့်စုံမှုအပိုင်းမှာတော့ လီယွန်နယ် မက်ဆီက ပေါ်တူဂီကြယ်ပွင့်ထက် ခြေတလှမ်းသာနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ကျွန်တော်ကတော့ လီယွန်နယ် မက်ဆီဘက်ကပဲ နေရပါလိမ့်မယ်။ ဂိုးသွင်းယူတာက အရေးပါပါတယ်။ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားမှာ ကြိုတင်ပြင်ဆင်ဖို့ ဘယ်သူမှမရှိဘူးဆိုရင်တော့ ဘောလုံးက မလုံလောက်ပါဘူး။ ကျွန်တော့်ရဲ့အသင်းအတွက်ဆိုရင် ကျွန်တော် မက်ဆီကို ပိုကြိုက်တယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရမ်းကောင်းတဲ့ ဂိုးသွင်းသူပါ။ ရော်နယ်လ်ဒိုက ဂိုးတွေ သွင်းယူနိုင်ခဲ့ချိန်မှာ မက်ဆီက ဂိုးတွေဖန်တီးပေးနိုင်ပြီး တိုက်ရိုက်ထိုးဖောက်ကစားပုံအပြင် ဂိုးတွေလည်း သွင်းယူနိုင်ခဲ့တာ ခင်ဗျား မြင်နိုင်ပါတယ်”

“ရော်နယ်လ်ဒိုက အရမ်းကောင်းတဲ့ ဂိုးသွင်းသူဖြစ်ပေမယ့်လည်း ပြီးပြည့်စုံတဲ့ ကစားသမားဆိုရင်တော့ လီယွန်နယ် မက်ဆီက အကောင်းဆုံးဆိုတာ သံသယဖြစ်စရာမရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်နေပြီး အာဂျင်တီးနားဟာ သောကြာနေ့မှာ နယ်သာလန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကလည်း နောက်ထပ် တစ်ရက်အကြာမှာ မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကြယ်ပွင့်က သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ချိန်မှာ ပင်နယ်တီကနေသာ သွင်းဂိုး ၁ ဂိုး သွင်းယူထားနိုင်သေးတာကြောင့် ပီလီရဲ့ ဟောကိန်းက မှန်ကန်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္ ပီလီဟာ တစ္ခါတုန္းက အလြန္ခက္ခဲတဲ့အလုပ္တစ္ခုျဖစ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ထဲက အေကာင္းဆုံးကစားသမားကို ေ႐ြးခ်ယ္မႈကို ျပဳလုပ္ေပးခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ေခတ္သစ္ေဘာလုံးေလာကမွာ အထူးခြၽန္ဆုံး ကစားသမား ၂ ဦးျဖစ္ၿပီး ဒီကစားသမား ၂ ဦးထဲက ဘယ္သူက အေကာင္းဆုံးလဲဆိုတဲ့ အျငင္းအခုံေတြက အၿမဲတမ္းရွိေနခဲ့တာ ျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း အာဂ်င္တီးနားၾကယ္ပြင့္က အေကာင္းဆုံးလို႔ ယုံၾကည္ၾကေပမယ့္လည္း အခ်ိဳ႕ကလည္း ေပၚတူဂီတိုက္စစ္မႉးထက္ ပိုၿပီး သာလြန္တဲ့ ကစားသမားမရွိေတာ့ဘူးလို႔ ယူဆထားၾကတာျဖစ္ပါတယ္။

ပီလီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထဲက တစ္ေယာက္ကို ေ႐ြးခ်ယ္ဖို႔ ေျပာၾကားျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ၎ရဲ႕ စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ယိုဟန္ ခ႐ိုက္ဖ္၊ ဇီဒန္း၊ မာရာဒိုနာ၊ ဇီကိုတို႔လိုမ်ိဳး တျခား တသက္တာအေကာင္းဆုံးကစားသမားေတြလည္း ရွိတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ခင္ဗ်ားအတြက္ ကမာၻေပၚမွာ ေ႐ြးခ်ယ္စရာက ၂ ခုပဲ ရွိေတာ့တာ ဝမ္းနည္းစရာပါ။ ယိုဟန္ ခ႐ိုက္ဖ္၊ ဒီေယဂို မာရာဒိုနာ၊ ပီလီ၊ ဇီကို၊ ဂ်ဴနီယာ စတဲ့ ကစားသမားေတြရွိခဲ့ေပမယ့္ အခု ကမာၻေပၚမွာ ကစားသမား ၂ ေယာက္ပဲ ရွိေတာ့တယ္။ ၿပီးေတာ့ ေနမာ ဟုတ္တယ္မလား။ ကြၽန္ေတာ္တို႔ ဘရာဇီးလ္သားေတြက အၿမဲတမ္းအေကာင္းဆုံးထဲမွာ ရွိေနပါတယ္”

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးႀကီးက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပိုမိုေကာင္းမြန္တဲ့ ဂိုးသြင္းသူျဖစ္တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ေပမယ့္လည္း ၿပီးျပည့္စုံမႈအပိုင္းမွာေတာ့ လီယြန္နယ္ မက္ဆီက ေပၚတူဂီၾကယ္ပြင့္ထက္ ေျခတလွမ္းသာေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ကြၽန္ေတာ္ကေတာ့ လီယြန္နယ္ မက္ဆီဘက္ကပဲ ေနရပါလိမ့္မယ္။ ဂိုးသြင္းယူတာက အေရးပါပါတယ္။ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္ ခင္ဗ်ားမွာ ႀကိဳတင္ျပင္ဆင္ဖို႔ ဘယ္သူမွမရွိဘူးဆိုရင္ေတာ့ ေဘာလုံးက မလုံေလာက္ပါဘူး။ ကြၽန္ေတာ့္ရဲ႕အသင္းအတြက္ဆိုရင္ ကြၽန္ေတာ္ မက္ဆီကို ပိုႀကိဳက္တယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အရမ္းေကာင္းတဲ့ ဂိုးသြင္းသူပါ။ ေရာ္နယ္လ္ဒိုက ဂိုးေတြ သြင္းယူႏိုင္ခဲ့ခ်ိန္မွာ မက္ဆီက ဂိုးေတြဖန္တီးေပးႏိုင္ၿပီး တိုက္႐ိုက္ထိုးေဖာက္ကစားပုံအျပင္ ဂိုးေတြလည္း သြင္းယူႏိုင္ခဲ့တာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္”

“ေရာ္နယ္လ္ဒိုက အရမ္းေကာင္းတဲ့ ဂိုးသြင္းသူျဖစ္ေပမယ့္လည္း ၿပီးျပည့္စုံတဲ့ ကစားသမားဆိုရင္ေတာ့ လီယြန္နယ္ မက္ဆီက အေကာင္းဆုံးဆိုတာ သံသယျဖစ္စရာမရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ ၂ ဦးစလုံးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ေနၿပီး အာဂ်င္တီးနားဟာ ေသာၾကာေန႔မွာ နယ္သာလန္နဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းကလည္း ေနာက္ထပ္ တစ္ရက္အၾကာမွာ ေမာ္႐ိုကိုနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားၾကယ္ပြင့္က သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခ်ိန္မွာ ပင္နယ္တီကေနသာ သြင္းဂိုး ၁ ဂိုး သြင္းယူထားႏိုင္ေသးတာေၾကာင့္ ပီလီရဲ႕ ေဟာကိန္းက မွန္ကန္ေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.