Premier League

ရာသီဝက် ကြိုတင်ပြင်ဆင်မှုမှာတင် လွဲချော်ပြီး ကဒစ်ဇ်ကို ရှုံးလို့ ပေါက်ကွဲနေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ရာသီဝက် ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ကဒစ်ဇ်နဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့မှုအတွက် အသင်းရဲ့ ခံစစ်ကစားပုံက လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယပွဲထွက်ကစားသမားတွေအများအပြားပါဝင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်မှာ လာလီဂါအောက်သင်းဖြစ်တဲ့ ကဒစ်ဇ်ကို ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အထူးသဖြင့် အဖွင့်ပွဲကစားချိန် ၁၅ မိနစ်အတွင်းမှာ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး ဆိုးရွားတဲ့သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး မာတင် ဒူဗရက်ကာ၊ ဝမ်-ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ ဘရန်ဒန် ဝီလီယံစ်တို့ဟာ ပုံမှန်ခြေစွမ်းမှာမရှိနေခဲ့တဲ့ပုံပေါ်ခဲ့ပါတယ်။

ဒီကစားသမားတွေဟာ ဒီရာသီမှာ ပွဲကစားချိန်ကင်းမဲ့နေမှုကြောင့် ခြေစွမ်းပိုင်း ထက်မြက်မှုမရှိတာကို နားလည်ပေးလို့ ရနိုင်ပြီး တန်ဟက်လက်အောက်မှာ ၄ မိနစ်သာ ကစားရသေးတဲ့ အပယ်ခံ ညာနောက်ခံလူ ဝမ်-ဘစ်ဆာကာရဲ့ခြေစွမ်းဟာ အလွန်ဆိုးရွားနေဆဲဖြစ်ပါတယ်။

“ကျွန်တော်တို့ နိုးနိုးကြားကြားမရှိခဲ့တာ တော်တော်လေးရှင်းပါတယ်။ ကျွန်တော်တို့ ပထမပိုင်း ၁၅ မိနစ်မှာ အိပ်ပျော်နေခဲ့ကြတယ်။ သူတို့တွေက အကူးအပြောင်းမှာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒုတိယဂိုးမှာ ကျွန်တော်တို့ နိုးနိုးကြားကြားမရှိခဲ့ဘူး”

“ဆိုးဆိုးရွားရွား အနားယူနေတဲ့ ခံစစ်ပါ။ အထူးသဖြင့် ကွင်းလယ်မှာ ကျွန်တော်တို့ ထိန်းချုပ်လို့မရဘဲ လွှတ်ပေးခဲ့ရတယ်။ အဲဒါက မဖြစ်နိုင်ပါဘူး။ လက်ခံလို့မရနိုင်ပါဘူး။ ပထမဂိုးလည်း တည်ကန်ဘောတွေ၊ ညံ့ဖျင်းတဲ့ စုဖွဲ့မှုနဲ့ စည်းကမ်းပိုင်း ခင်ဗျား ဂိုးခွင့်ပြုခဲ့ရတယ်။ အဲဒါအပြီးမှာ ကျွန်တော်တို့ ပွဲထဲကိုပြန်လာနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာ ချေပဂိုးမသွင်းနိုင်ခဲ့ဘူး”

“ပထမ ၁၅ မိနစ်က ဖြစ်လို့မရနိုင်ဘဲ အဲဒါက မဖြစ်သင့်ပါဘူး။ အဲဒါက ကျွန်တော်တို့ အဆင့်အတန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ မနက်ဖြန်ကျ စကားပြောသွားမှာပါ။ မျဉ်းတကြောင်းဆွဲပြီး ရှေ့ဆက်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါက အနာဂတ်မှာ ဖြစ်လို့မရနိုင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ရာသီဝက္ ေျခစမ္းပြဲအျဖစ္ ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ည ကဒစ္ဇ္နဲ႔ ပြဲမွာ ရႈံးနိမ့္ခဲ့မႈအတြက္ အသင္းရဲ႕ ခံစစ္ကစားပုံက လက္မခံႏိုင္စရာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒုတိယပြဲထြက္ကစားသမားေတြအမ်ားအျပားပါဝင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စပိန္မွာ လာလီဂါေအာက္သင္းျဖစ္တဲ့ ကဒစ္ဇ္ကို ၄-၂ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အထူးသျဖင့္ အဖြင့္ပြဲကစားခ်ိန္ ၁၅ မိနစ္အတြင္းမွာ ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းခဲ့ၿပီး ဆိုး႐ြားတဲ့သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး မာတင္ ဒူဗရက္ကာ၊ ဝမ္-ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ ဘရန္ဒန္ ဝီလီယံစ္တို႔ဟာ ပုံမွန္ေျခစြမ္းမွာမရွိေနခဲ့တဲ့ပုံေပၚခဲ့ပါတယ္။

ဒီကစားသမားေတြဟာ ဒီရာသီမွာ ပြဲကစားခ်ိန္ကင္းမဲ့ေနမႈေၾကာင့္ ေျခစြမ္းပိုင္း ထက္ျမက္မႈမရွိတာကို နားလည္ေပးလို႔ ရႏိုင္ၿပီး တန္ဟက္လက္ေအာက္မွာ ၄ မိနစ္သာ ကစားရေသးတဲ့ အပယ္ခံ ညာေနာက္ခံလူ ဝမ္-ဘစ္ဆာကာရဲ႕ေျခစြမ္းဟာ အလြန္ဆိုး႐ြားေနဆဲျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ႏိုးႏိုးၾကားၾကားမရွိခဲ့တာ ေတာ္ေတာ္ေလးရွင္းပါတယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္း ၁၅ မိနစ္မွာ အိပ္ေပ်ာ္ေနခဲ့ၾကတယ္။ သူတို႔ေတြက အကူးအေျပာင္းမွာ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့တယ္။ ဒုတိယဂိုးမွာ ကြၽန္ေတာ္တို႔ ႏိုးႏိုးၾကားၾကားမရွိခဲ့ဘူး”

“ဆိုးဆိုး႐ြား႐ြား အနားယူေနတဲ့ ခံစစ္ပါ။ အထူးသျဖင့္ ကြင္းလယ္မွာ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္လို႔မရဘဲ လႊတ္ေပးခဲ့ရတယ္။ အဲဒါက မျဖစ္ႏိုင္ပါဘူး။ လက္ခံလို႔မရႏိုင္ပါဘူး။ ပထမဂိုးလည္း တည္ကန္ေဘာေတြ၊ ညံ့ဖ်င္းတဲ့ စုဖြဲ႕မႈနဲ႔ စည္းကမ္းပိုင္း ခင္ဗ်ား ဂိုးခြင့္ျပဳခဲ့ရတယ္။ အဲဒါအၿပီးမွာ ကြၽန္ေတာ္တို႔ ပြဲထဲကိုျပန္လာႏိုင္ခဲ့ေပမယ့္လည္း ပထမပိုင္း မၿပီးခင္မွာ ေခ်ပဂိုးမသြင္းႏိုင္ခဲ့ဘူး”

“ပထမ ၁၅ မိနစ္က ျဖစ္လို႔မရႏိုင္ဘဲ အဲဒါက မျဖစ္သင့္ပါဘူး။ အဲဒါက ကြၽန္ေတာ္တို႔ အဆင့္အတန္းမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ မနက္ျဖန္က် စကားေျပာသြားမွာပါ။ မ်ဥ္းတေၾကာင္းဆြဲၿပီး ေရွ႕ဆက္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ ဒါက အနာဂတ္မွာ ျဖစ္လို႔မရႏိုင္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.