Premier League Transfer News

ဂျေဆူးစ်နေရာ အစားထိုးခေါ်ယူရမယ့် တိုက်စစ်မှူးကို ရွေးချယ်ပေးလိုက်တဲ့ ရေးပါလာ

အာဆင်နယ်အသင်းရဲ့ ၂၀၀၃-၀၄ ရှုံးပွဲမရှိ ရွှေဖလားကို ရယူခဲ့တဲ့ Invincible အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂန္ထဝင်ကွင်းလယ်လူဟောင်း ရေးပါလာက အသင်းရဲ့ အဓိကတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် လွဲချော်ရတော့မယ့်အချိန်မှာ ဈေးကွက်ဖွင့်တာနဲ့ အစားထိုးပြီး ခေါ်ယူသင့်တဲ့သူကို ရွေးချယ်ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ တိုက်စစ်မှာ အဓိက နေရာက ပါဝင်ကစားနေပြီး အရန်ခုံက အက်ဒီ နကီးတီးယားတစ်ယောက် ဘယ်လိုကြိုးစားကြိုးစား ခြေဖဝါးက မြေမှုန့်အဆင့်တောင် မရှိခဲ့ချိန်မှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူ့ကို ယုံစားနေလို့တော့ အပိုပဲဖြစ်ပြီး အသင်းကြီးအဆင့်မှာ ဘာမှ ဖြစ်မလာသေးဘဲ ကစားကွက်ထဲ မဝင်ဆန့်တဲ့ သာမန် ကစားဟန်နဲ့ ချဲလ်ဆီး Reject တိုက်စစ်မှူးက အားကိုးလောက်စရာလည်း ရှိမနေတာပါ။

ရေးပါလာကတော့ အာဆင်နယ်တို့အနေနဲ့ မဖြစ်မနေ ခေါ်ယူရမယ့် တိုက်စစ်မှူးအဖြစ် ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနီကိုပဲ ရှုမြင်ထားပြီး ချန်ပီယံရှစ်ကနေ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့သလို ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာလည်း ပျားတွေအတွက် ၄၇ ပွဲမှာ ၂၂ ဂိုး သွင်းယူပြီး ၇ ဂိုး ဖန်တီးပေးထားနိုင်တဲ့ အရေးပါမှုကို ခေါ်ယူအသုံးချစေချင်နေတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး တိုက်စစ်မှူးဟာ လန်ဒန်ပျားနီတွေအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၆ ပွဲကစား ၁၁ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူဖြစ်ပေမယ့် နောက်ပိုင်းကြားရတဲ့ သတင်းတွေအရတော့ လောင်းကစားမှုတွေနဲ့ အရှုပ်အရှင်းတွေ ရှိနေခဲ့လို့ နည်းပြ ဂါရက်သ် ဆောက်ဂိတ်ရဲ့ ကာတာ ကမ္ဘာ့ဖလားလူစာရင်းနဲ့တော့ လွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ဒူးဒဏ်ရာ ခွဲစိတ်ထားခဲ့တဲ့ ဂျေဆူးစ်အနေနဲ့ အသင်းရဲ့ ပွဲစဉ်တွေကို သုံးလလောက် လွဲချော်မှာဖြစ်ပြီး သူမပါဘဲ နကီးတီးယားနဲ့ ဆက်ကစားမယ်ဆိုရင်တော့ ဇယားထိပ်ဆုံးကနေ ငါးခြောက်တန်းကို ရောက်သွားနိုင်မှာ အသေအချာပဲဖြစ်နေလို့ နည်းပြ အာတီတာနဲ့အတူ အားကစားဒါရိုက်တာသစ် ပူပူနွေးနွေး အီဒူး ဂက်စ်ပါတို့အနေနဲ့ ပိုင်ရှင် ခရိုယန်ကီတွေရှိရာ အမေရိကန်ကိုပါ လိုက်သွားပြီး လူသစ်ခေါ်ဖို့ ဆွေးနွေးခဲ့တာပါ။

ရေးပါလာကတော့ “လူတွေအနေနဲ့ ဇန်နဝါရီမှာ ဘယ်သူ့ကို ခေါ်ယူနိုင်မလဲဆိုတာ မသေချာတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို လာမေးရင်တော့ အိုင်ဗန် တိုနီလို့ပဲ တစ်ခွန်းတည်း ပြောချလိုက်မှာပါ။ သူက ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အီယန်ရိုက်လို ကစားသမားမျိုးဖြစ်ပြီး ကစားပုံနဲ့ ဂိုးသွင်းပုံတွေက တူညီနေပါတယ်”လို့ ထောက်ခံချက်ပေးသွားခဲ့ပါတယ်။

ညာသန်တိုက်စစ်မှူး တိုနီဟာ အာဆင်နယ်တို့ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး တည်ကန်ဘောတွေကိုလည်း အသုံးချနိုင်သူဖြစ်သလို ပင်နယ်တီနဲ့ ဖရီးကစ်တွေမှာ ထူးချွန်သူဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ သူ့အတွက်တော့ ယူရို ၄၅ သန်းလောက် ကျသင့်လိမ့်မယ်လို့ Transfermarkt က ခန့်မှန်းထားပါတယ်။

တိုနီကို ခေါ်ယူမယ်ဆိုရင်တော့ အက်ဖ်အေဘက်က စွဲချက်တင်ထားတဲ့ လောင်းကစားကိစ္စကို အရင်ဆုံး အဖြူအမည်း သဲကွဲဖို့ လုပ်ရမှာဖြစ်ပြီး ဒီဘက်က ဒဏ်ငွေ သို့မဟုတ် သတိပေးမှုလောက်နဲ့ ရှင်းလင်းပြီး ပွဲပယ်မခံရနိုင်ဘူးဆိုရင်တော့ အာဆင်နယ်တို့ ရှေ့ဆက်နိုင်မှာဖြစ်သလို ဂျေဆူးစ် မရှိရင် ဘယ်လိုလုပ်မလဲဆိုပြီး အဝါကတ် ၄ ခုကနေ ၅ ခုမြောက် ထိတော့မှာမျိုးကို အမြဲတမ်း စိတ်ပူနေရမှုကိုလည်း အပြီးတိုင် ဖြေရှင်းနိုင်မှာပါ။

အာဆင်နယ်တို့အနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်အတွက် ငွေပမာဏများများ အသုံးပြုလိမ့်မယ်လို့ သတင်းသန့်သန့်လည်း ကြားရပြီး တကယ်လို့သာ ငွေသုံးပြီး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ကစားခွင့်တွေကို ပိုင်ဆိုင်နိုင်ခဲ့ရင် ဘဏ္ဏာရေးကန့်သတ်ချက်ကိုလည်း ရှောင်လွှဲနိုင်မှာဖြစ်လို့ ခရိုယန်ကီတွေနဲ့ တာဝန်ရှိသူတွေက လောင်းကြေးထပ်သွားဖို့ ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ၂၀၀၃-၀၄ ရႈံးပြဲမရွိ ေ႐ႊဖလားကို ရယူခဲ့တဲ့ Invincible အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဂႏၴဝင္ကြင္းလယ္လူေဟာင္း ေရးပါလာက အသင္းရဲ႕ အဓိကတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ရဲ႕ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈေၾကာင့္ လြဲေခ်ာ္ရေတာ့မယ့္အခ်ိန္မွာ ေဈးကြက္ဖြင့္တာနဲ႔ အစားထိုးၿပီး ေခၚယူသင့္တဲ့သူကို ေ႐ြးခ်ယ္ေျပာၾကားလိုက္ပါတယ္။

အသင္းရဲ႕ တိုက္စစ္မွာ အဓိက ေနရာက ပါဝင္ကစားေနၿပီး အရန္ခုံက အက္ဒီ နကီးတီးယားတစ္ေယာက္ ဘယ္လိုႀကိဳးစားႀကိဳးစား ေျခဖဝါးက ေျမမႈန႔္အဆင့္ေတာင္ မရွိခဲ့ခ်ိန္မွာ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူ႔ကို ယုံစားေနလို႔ေတာ့ အပိုပဲျဖစ္ၿပီး အသင္းႀကီးအဆင့္မွာ ဘာမွ ျဖစ္မလာေသးဘဲ ကစားကြက္ထဲ မဝင္ဆန႔္တဲ့ သာမန္ ကစားဟန္နဲ႔ ခ်ဲလ္ဆီး Reject တိုက္စစ္မႉးက အားကိုးေလာက္စရာလည္း ရွိမေနတာပါ။

ေရးပါလာကေတာ့ အာဆင္နယ္တို႔အေနနဲ႔ မျဖစ္မေန ေခၚယူရမယ့္ တိုက္စစ္မႉးအျဖစ္ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ တိုက္စစ္မႉး အိုင္ဗန္ တိုနီကိုပဲ ရႈျမင္ထားၿပီး ခ်န္ပီယံရွစ္ကေန တန္းတက္ေအာင္ စြမ္းေဆာင္ေပးခဲ့သလို ပရီးမီးယားလိဂ္ကို ေရာက္လာခ်ိန္မွာလည္း ပ်ားေတြအတြက္ ၄၇ ပြဲမွာ ၂၂ ဂိုး သြင္းယူၿပီး ၇ ဂိုး ဖန္တီးေပးထားႏိုင္တဲ့ အေရးပါမႈကို ေခၚယူအသုံးခ်ေစခ်င္ေနတာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ အဂၤလိပ္လူမ်ိဳး တိုက္စစ္မႉးဟာ လန္ဒန္ပ်ားနီေတြအတြက္ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ၁၆ ပြဲကစား ၁၁ ဂိုးသြင္း၊ ၃ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့သူျဖစ္ေပမယ့္ ေနာက္ပိုင္းၾကားရတဲ့ သတင္းေတြအရေတာ့ ေလာင္းကစားမႈေတြနဲ႔ အရႈပ္အရွင္းေတြ ရွိေနခဲ့လို႔ နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ရဲ႕ ကာတာ ကမာၻ႔ဖလားလူစာရင္းနဲ႔ေတာ့ လြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ဒူးဒဏ္ရာ ခြဲစိတ္ထားခဲ့တဲ့ ေဂ်ဆူးစ္အေနနဲ႔ အသင္းရဲ႕ ပြဲစဥ္ေတြကို သုံးလေလာက္ လြဲေခ်ာ္မွာျဖစ္ၿပီး သူမပါဘဲ နကီးတီးယားနဲ႔ ဆက္ကစားမယ္ဆိုရင္ေတာ့ ဇယားထိပ္ဆုံးကေန ငါးေျခာက္တန္းကို ေရာက္သြားႏိုင္မွာ အေသအခ်ာပဲျဖစ္ေနလို႔ နည္းျပ အာတီတာနဲ႔အတူ အားကစားဒါ႐ိုက္တာသစ္ ပူပူေႏြးေႏြး အီဒူး ဂက္စ္ပါတို႔အေနနဲ႔ ပိုင္ရွင္ ခ႐ိုယန္ကီေတြရွိရာ အေမရိကန္ကိုပါ လိုက္သြားၿပီး လူသစ္ေခၚဖို႔ ေဆြးေႏြးခဲ့တာပါ။

ေရးပါလာကေတာ့ “လူေတြအေနနဲ႔ ဇန္နဝါရီမွာ ဘယ္သူ႔ကို ေခၚယူႏိုင္မလဲဆိုတာ မေသခ်ာတဲ့ ျပႆနာေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို လာေမးရင္ေတာ့ အိုင္ဗန္ တိုနီလို႔ပဲ တစ္ခြန္းတည္း ေျပာခ်လိုက္မွာပါ။ သူက ကြၽန္ေတာ္တို႔ ပိုင္ဆိုင္ခဲ့ဖူးတဲ့ အီယန္႐ိုက္လို ကစားသမားမ်ိဳးျဖစ္ၿပီး ကစားပုံနဲ႔ ဂိုးသြင္းပုံေတြက တူညီေနပါတယ္”လို႔ ေထာက္ခံခ်က္ေပးသြားခဲ့ပါတယ္။

ညာသန္တိုက္စစ္မႉး တိုနီဟာ အာဆင္နယ္တို႔ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး တည္ကန္ေဘာေတြကိုလည္း အသုံးခ်ႏိုင္သူျဖစ္သလို ပင္နယ္တီနဲ႔ ဖရီးကစ္ေတြမွာ ထူးခြၽန္သူျဖစ္ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ရွိေနတဲ့ သူ႔အတြက္ေတာ့ ယူ႐ို ၄၅ သန္းေလာက္ က်သင့္လိမ့္မယ္လို႔ Transfermarkt က ခန႔္မွန္းထားပါတယ္။

တိုနီကို ေခၚယူမယ္ဆိုရင္ေတာ့ အက္ဖ္ေအဘက္က စြဲခ်က္တင္ထားတဲ့ ေလာင္းကစားကိစၥကို အရင္ဆုံး အျဖဴအမည္း သဲကြဲဖို႔ လုပ္ရမွာျဖစ္ၿပီး ဒီဘက္က ဒဏ္ေငြ သို႔မဟုတ္ သတိေပးမႈေလာက္နဲ႔ ရွင္းလင္းၿပီး ပြဲပယ္မခံရႏိုင္ဘူးဆိုရင္ေတာ့ အာဆင္နယ္တို႔ ေရွ႕ဆက္ႏိုင္မွာျဖစ္သလို ေဂ်ဆူးစ္ မရွိရင္ ဘယ္လိုလုပ္မလဲဆိုၿပီး အဝါကတ္ ၄ ခုကေန ၅ ခုေျမာက္ ထိေတာ့မွာမ်ိဳးကို အၿမဲတမ္း စိတ္ပူေနရမႈကိုလည္း အၿပီးတိုင္ ေျဖရွင္းႏိုင္မွာပါ။

အာဆင္နယ္တို႔အေနနဲ႔ ဇန္နဝါရီမွာ တိုက္စစ္ပိုင္းနဲ႔ ကြင္းလယ္အတြက္ ေငြပမာဏမ်ားမ်ား အသုံးျပဳလိမ့္မယ္လို႔ သတင္းသန႔္သန႔္လည္း ၾကားရၿပီး တကယ္လို႔သာ ေငြသုံးၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္နဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္ေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ရင္ ဘဏၰာေရးကန႔္သတ္ခ်က္ကိုလည္း ေရွာင္လႊဲႏိုင္မွာျဖစ္လို႔ ခ႐ိုယန္ကီေတြနဲ႔ တာဝန္ရွိသူေတြက ေလာင္းေၾကးထပ္သြားဖို႔ ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.