Premier League

ပေါင် ၄.၃ သန်းတည်းနဲ့ ရော်နယ်လ်ဒိုရဲ့နေရာမှာ အစားထိုးခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လမှာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့နေရာမှာ ကြယ်ပွင့်ဟောင်း မန်းဖစ် ဒီပိုင်းကို ပေါင် ၄.၃ သန်းတည်းနဲ့ ဇန်နဝါရီလမှာ ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့လမှာ ၂ ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲသွားခဲ့ပြီးနောက် တိုက်စစ်နေရာမှာ ရွေးချယ်စရာ နည်းပါးသွားခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းနည်းပြနဲ့ အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဒဏ်ရာပြဿနာ မကြာခဏရရှိနေတဲ့ မာစီယယ်လ်တို့ ၂ ဦးသာ အထောင်တိုက်စစ်မှူးနေရာမှာ ကစားပေးနိုင်တဲ့အနေအထားမှာရှိနေတာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပီအက်ဗွီတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို စိတ်ဝင်စားနေတယ်လို့ ဆိုပေမယ့်လည်း ၎င်းရဲ့ လက်ရွေးစင်အသင်းဖော် မန်းဖစ် ဒီပိုင်းကပဲ ရော်နယ်လ်ဒိုရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရောက်ရှိလာဖွယ်ရှိတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ မန်းဖစ် ဒီပိုင်းကို ပြန်လည်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပြီး နယ်သာလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးနဲ့ ဂျူဗင်တပ်တို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ နူးကမ့်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ ဒတ်ချ်ကြယ်ပွင့်ကို ပေါင် ၄.၃ သန်းတည်းနဲ့ ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဒတ်ချ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုအရှိဆုံး အသင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် မန်းဖစ် ဒီပိုင်းဟာ ယခုရာသီမှာ ကတ်တလန်ထိပ်သီးအသင်းကြီးအတွက် ၃ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကလည်း လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဘာစီလိုနာက ဒတ်ချ်ကြယ်ပွင့်အတွက် ငွေကြေးတစ်စုံတရာ ပြန်လည် ရရှိချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မန်းဖစ် ဒီပိုင်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားမှာ မန်ချက်စတာယူနိုက်တက်နဲ့ မအောင်မြင်တဲ့ အချိန်ကာလကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ၃၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ပြီဗနာက်မှာ လိဂန်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မန်းဖစ် ဒီပိုင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း ပုံမှန် ဂိုးသွင်းယူပေးနိုင်တဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ယူအက်စ်အေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့လမွာ အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ေနရာမွာ ၾကယ္ပြင့္ေဟာင္း မန္းဖစ္ ဒီပိုင္းကို ေပါင္ ၄.၃ သန္းတည္းနဲ႔ ဇန္နဝါရီလမွာ ျပန္လည္ေခၚယူႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးက ၿပီးခဲ့တဲ့လမွာ ၂ ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းၿပီး လမ္းခြဲသြားခဲ့ၿပီးေနာက္ တိုက္စစ္ေနရာမွာ ေ႐ြးခ်ယ္စရာ နည္းပါးသြားခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အသင္းနည္းျပနဲ႔ အသင္းကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ဒဏ္ရာျပႆနာ မၾကာခဏရရွိေနတဲ့ မာစီယယ္လ္တို႔ ၂ ဦးသာ အေထာင္တိုက္စစ္မႉးေနရာမွာ ကစားေပးႏိုင္တဲ့အေနအထားမွာရွိေနတာျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ဇန္နဝါရီမွာ တိုက္စစ္မႉးသစ္ေခၚယူဖို႔ ေဈးကြက္ထဲမွာ ရွိေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ပီအက္ဗြီတိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုကို စိတ္ဝင္စားေနတယ္လို႔ ဆိုေပမယ့္လည္း ၎ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ မန္းဖစ္ ဒီပိုင္းကပဲ ေရာ္နယ္လ္ဒိုရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ေရာက္ရွိလာဖြယ္ရွိတယ္လို႔ စပိန္က သတင္းေတြအရ သိရပါတယ္။

စပိန္သတင္းဌာန AS ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ မန္းဖစ္ ဒီပိုင္းကို ျပန္လည္ေခၚယူဖို႔အတြက္ စဥ္းစားေနတယ္လို႔ သိရၿပီး နယ္သာလန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ခ်ဲလ္ဆီးနဲ႔ ဂ်ဴဗင္တပ္တို႔ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ႏူးကမ့္မွာပဲ ဆက္ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ လက္ရွိမွာေတာ့ ဒတ္ခ်္ၾကယ္ပြင့္ကို ေပါင္ ၄.၃ သန္းတည္းနဲ႔ ေရာင္းထုတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒတ္ခ်္တိုက္စစ္မႉးကို ေခၚယူဖို႔ စိတ္ဝင္စားမႈအရွိဆုံး အသင္းျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ မန္းဖစ္ ဒီပိုင္းဟာ ယခုရာသီမွာ ကတ္တလန္ထိပ္သီးအသင္းႀကီးအတြက္ ၃ ပြဲသာ ပါဝင္ကစားေပးထားႏိုင္ခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကလည္း လာမယ့္ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ဘာစီလိုနာက ဒတ္ခ်္ၾကယ္ပြင့္အတြက္ ေငြေၾကးတစ္စုံတရာ ျပန္လည္ ရရွိခ်င္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

မန္းဖစ္ ဒီပိုင္းဟာ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္ၾကားမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မေအာင္ျမင္တဲ့ အခ်ိန္ကာလကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး ၃၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း လိုင္ယြန္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီဗနာက္မွာ လိဂန္းရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ ေျခစြမ္းျပန္လည္ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ မန္းဖစ္ ဒီပိုင္းဟာ နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္လည္း ပုံမွန္ ဂိုးသြင္းယူေပးႏိုင္တဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ စေနေန႔က ယူအက္စ္ေအကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.