International World Cup

အမ်ဘာပေကို ရင်ဆိုင်ဖို့ အင်္ဂလန်တို့ ဘယ်လို လူထုတ်ကစားမှာလဲလို့ ရယ်ပွဲဖွဲ့နေကြ

နေးရှင်းလိဂ်မှာ တန်းဆင်းသွားခဲ့လို့ ကမ္ဘာ့ဖလားမှာလည်း စောစောထွက်ပြီး နည်းပြ ဂါရက်သ် ဆောက်ဂိတ် ပြုတ်တာကို မြင်ချင်နေကြတဲ့ စောင့်ကြည့်သူ ပရိသတ်တွေကတော့ အင်္ဂလန်အသင်းအနေနဲ့ လာမယ့် ပြင်သစ်အသင်းနဲ့ တွေ့ဆုံရမယ့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဘယ်လိုမျိုး ခံစစ်ကို ခင်းကျင်းလာမယ်ဆိုတာကို ဆိုရှယ်မီဒီယာတွေပေါ် ရယ်ပွဲဖွဲ့နေခဲ့ကြပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ၄ ပွဲကစားပြီး ၅ ဂိုးသွင်း ၂ ဂိုး ဖန်တီးထားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းကို ပြသထားတဲ့ ခီလီယန် အမ်ဘာပေအနေနဲ့ ပြင်သစ်အသင်းရဲ့ နိုင်ပွဲတွေမှာ အဓိကကျသူဖြစ်ပြီး ဘယ်တောင်ပံကနေ အငြင်းပွားဖွယ်မရှိတဲ့ ထိပ်တန်းပုံစံနဲ့ ဒီအဆင့်အထိ ရောက်ရှိလာခဲ့ချိန်မှာ အင်္ဂလန်တို့အတွက် ကြိုမက်ရမယ့် အိပ်မက်ဆိုးလည်းဖြစ်နေခဲ့တာပါ။

သူ့ကို ရပ်တန့်လို့ မရတဲ့သူအဖြစ် ပရိသတ်တွေက တစ်ခဲနက် ကောင်းချီးပေးနေခဲ့ကြပြီး အင်္ဂလန်တို့အနေနဲ့ အမ်ဘာပေကို မရပ်တန့်နိုင်ရင် အမ်ဘာပေက ရပ်တန့်တာ ခံသွားရလိမ့်မယ်လို့ ဆိုအပြီးမှာ နည်းပြ ဆောက်ဂိတ်အနေနဲ့ သူ့ကို ရင်ဆိုင်ဖို့ ဘယ်လိုလူထုတ်နေမလဲဆိုတာကိုပါ လှောင်ရယ်လာကြတာဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ပြင်သစ်ရဲ့ ဘယ်တောင်ပံကို ရပ်တန့်ဖို့အတွက် အင်္ဂလန်တို့အနေနဲ့ တိုက်စစ်မှာ တစ်ယောက်တည်းထားပြီး ကျန်တဲ့ ကိုးယောက်က ညာခြမ်းခံစစ်မှာ ကစားကြလိမ့်မယ် ဒါမှမဟုတ် ရှိသမျှလူကို ညာခြမ်းကို ပို့ကစားလိမ့်မယ်လို့ လှောင်ပြောင်နေကြသလို ဆောက်ဂိတ် တတ်သမျှ မှတ်သမျှနဲ့ ဉာဏ်မီသလောက်က ဒါပဲ မဟုတ်လားလို့ပါ ဆိုခဲ့ကြတာပါ။

ဒီအချိန်မှာ ဂယ်ရီ နဗီးလ်ကတော့ သူ့ရဲ့ ခါးသီးမှုတွေကို မေ့ထားပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာဟာ အင်္ဂလန်တို့ရဲ့ ခံစစ်မှာ အမ်ဘာပေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်မယ့်သူဖြစ်တယ်လို့ ဆိုထားခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်မြင်သူ နည်းနေခဲ့ပါတယ်။

အင်္ဂလန်တို့အနေနဲ့ အမ်ဘာပေကို အမှန်တကယ် ရပ်တန်ဖို့ ဆိုရင်တော့ ဝေါ်လ်ကာကို ကွင်းလယ်ကနေ ဂျော်ဒန် ဟန်ဒါဆန်က ကူကစားပေးဖို့နဲ့ ညာအတွင်းလူ ဂျွန်စတုန်းစ်နဲ့ ကွင်းလယ်အဖျက် ဒက်ကလန် ရိုက်စ်တို့ကပါ ဧရိယာထဲကနေ စောင့်ကြည့်ပေးဖို့ လိုအပ်နေပြီး တကယ်ပဲ ဘယ်သူက ဘယ်သူ့ကို ရပ်တန့်သွားမလဲဆိုတာကိုတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနက်ပွဲမှာ တွေ့မြင်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနးရွင္းလိဂ္မွာ တန္းဆင္းသြားခဲ့လို႔ ကမာၻ႔ဖလားမွာလည္း ေစာေစာထြက္ၿပီး နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ ျပဳတ္တာကို ျမင္ခ်င္ေနၾကတဲ့ ေစာင့္ၾကည့္သူ ပရိသတ္ေတြကေတာ့ အဂၤလန္အသင္းအေနနဲ႔ လာမယ့္ ျပင္သစ္အသင္းနဲ႔ ေတြ႕ဆုံရမယ့္ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္မွာ ဘယ္လိုမ်ိဳး ခံစစ္ကို ခင္းက်င္းလာမယ္ဆိုတာကို ဆိုရွယ္မီဒီယာေတြေပၚ ရယ္ပြဲဖြဲ႕ေနခဲ့ၾကပါတယ္။

၂၀၂၂ ကာတာ ကမာၻ႔ဖလားမွာ ၄ ပြဲကစားၿပီး ၅ ဂိုးသြင္း ၂ ဂိုး ဖန္တီးထားခဲ့ၿပီး အေကာင္းဆုံး ေျခစြမ္းကို ျပသထားတဲ့ ခီလီယန္ အမ္ဘာေပအေနနဲ႔ ျပင္သစ္အသင္းရဲ႕ ႏိုင္ပြဲေတြမွာ အဓိကက်သူျဖစ္ၿပီး ဘယ္ေတာင္ပံကေန အျငင္းပြားဖြယ္မရွိတဲ့ ထိပ္တန္းပုံစံနဲ႔ ဒီအဆင့္အထိ ေရာက္ရွိလာခဲ့ခ်ိန္မွာ အဂၤလန္တို႔အတြက္ ႀကိဳမက္ရမယ့္ အိပ္မက္ဆိုးလည္းျဖစ္ေနခဲ့တာပါ။

သူ႔ကို ရပ္တန႔္လို႔ မရတဲ့သူအျဖစ္ ပရိသတ္ေတြက တစ္ခဲနက္ ေကာင္းခ်ီးေပးေနခဲ့ၾကၿပီး အဂၤလန္တို႔အေနနဲ႔ အမ္ဘာေပကို မရပ္တန႔္ႏိုင္ရင္ အမ္ဘာေပက ရပ္တန႔္တာ ခံသြားရလိမ့္မယ္လို႔ ဆိုအၿပီးမွာ နည္းျပ ေဆာက္ဂိတ္အေနနဲ႔ သူ႔ကို ရင္ဆိုင္ဖို႔ ဘယ္လိုလူထုတ္ေနမလဲဆိုတာကိုပါ ေလွာင္ရယ္လာၾကတာျဖစ္ပါတယ္။

အမ္ဘာေပနဲ႔ ျပင္သစ္ရဲ႕ ဘယ္ေတာင္ပံကို ရပ္တန႔္ဖို႔အတြက္ အဂၤလန္တို႔အေနနဲ႔ တိုက္စစ္မွာ တစ္ေယာက္တည္းထားၿပီး က်န္တဲ့ ကိုးေယာက္က ညာျခမ္းခံစစ္မွာ ကစားၾကလိမ့္မယ္ ဒါမွမဟုတ္ ရွိသမွ်လူကို ညာျခမ္းကို ပို႔ကစားလိမ့္မယ္လို႔ ေလွာင္ေျပာင္ေနၾကသလို ေဆာက္ဂိတ္ တတ္သမွ် မွတ္သမွ်နဲ႔ ဉာဏ္မီသေလာက္က ဒါပဲ မဟုတ္လားလို႔ပါ ဆိုခဲ့ၾကတာပါ။

ဒီအခ်ိန္မွာ ဂယ္ရီ နဗီးလ္ကေတာ့ သူ႔ရဲ႕ ခါးသီးမႈေတြကို ေမ့ထားၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာဟာ အဂၤလန္တို႔ရဲ႕ ခံစစ္မွာ အမ္ဘာေပကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ေဆာင္ေပးႏိုင္မယ့္သူျဖစ္တယ္လို႔ ဆိုထားခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ဒီလို ျဖစ္လာလိမ့္မယ္လို႔ ထင္ျမင္သူ နည္းေနခဲ့ပါတယ္။

အဂၤလန္တို႔အေနနဲ႔ အမ္ဘာေပကို အမွန္တကယ္ ရပ္တန္ဖို႔ ဆိုရင္ေတာ့ ေဝၚလ္ကာကို ကြင္းလယ္ကေန ေဂ်ာ္ဒန္ ဟန္ဒါဆန္က ကူကစားေပးဖို႔နဲ႔ ညာအတြင္းလူ ဂြၽန္စတုန္းစ္နဲ႔ ကြင္းလယ္အဖ်က္ ဒက္ကလန္ ႐ိုက္စ္တို႔ကပါ ဧရိယာထဲကေန ေစာင့္ၾကည့္ေပးဖို႔ လိုအပ္ေနၿပီး တကယ္ပဲ ဘယ္သူက ဘယ္သူ႔ကို ရပ္တန႔္သြားမလဲဆိုတာကိုေတာ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔ ညနက္ပြဲမွာ ေတြ႕ျမင္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.