International World Cup

ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ဖို့ အတားအဆီးဖြစ်နေတဲ့အရာကို ဝန်ခံခဲ့တဲ့ ပီအက်စ်ဂျီဥက္ကဌ

ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်-ခါလီဖီက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေနဲ့ နေမာတို့ ရှိနေတာက အပြောင်းအရွှေ့လုပ်ဖို့ လက်တွေ့မကျဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးအပြီးမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီး Marca ရဲ့ မကြာသေးမီက ဖော်ပြချက်အရ ဆော်ဒီ အာရေဗျကလပ် အယ်လ်-နက်ဆာကို ဇန်နဝါရီမှာ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျမှာ တစ်ရာသီကို ဒေါ်လာသန်း ၂၀၀ အထိ ရရှိမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က အဲဒီ ပြောဆိုမှုတွေအားလုံးကို ငြင်းပယ်ခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်းကို လေးစားမှုပြသတဲ့အနေနဲ့ နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းကို ထုတ်ဖော်ပြောဆိုဖို့ နှုတ်ဆိတ်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သင့်တော်တဲ့အသင်းကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့်လည်း အသင်းဥက္ကဌ နက်ဆာ အယ်လ်-ခါလီဖီက အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအတွက် ပြင်သစ်မှာ နေရာမရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပြီး မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ တိုက်စစ်အတွဲက မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်းရဲ့ အပြောင်းအရွှေ့ကို ဘယ်လို အခက်တွေ့စေလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမား ၃ ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကြောင့် အဲဒီအပြောင်းအရွှေ့က အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် သူ အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ သူက ထူးခြားဆန်းကြယ်ပြီး အံ့အားသင့်စရာကစားသမားဖြစ်နေဆဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သက်ဆိုင်ရာ နိုင်ငံအသင်းအတွက် အသီးသီး ခြေစွမ်းပြသနေတဲ့ ကစားသမားတွေဖြစ်ပြီး အမ်ဘာပေက သွင်းဂိုး ၅ ဂိုးနဲ့ ကမ္ဘာ့ဖလားထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

မက်ဆီကလည်း အာဂျင်တီးနားအသင်းအတွက် အလွန်ထက်မြက်နေပုံပေါ်ပြီး ၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် နေမာကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်ရဲ့ အုပ်စုပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီးနောက် တောင်ကိုရီးယားကို အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပေးပြီး အကောင်းဆုံးပုံစံမှာ ရှိနေကြောင်း သက်သေပြသထားတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ အရေးကြီးတဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးမပါဝင်တဲ့ ပေါ်တူဂီက ဆွစ်ဇာလန်ကို ၆-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိအချိန်အထိ ပင်နယ်တီကနေ သွင်းယူထားတဲ့ သွင်းဂိုး ၁ ဂိုးတည်းသာ ရရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္-ခါလီဖီက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္မယ့္ အလားအလာနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့ရာမွာ လီယြန္နယ္ မက္ဆီ၊ အမ္ဘာေပနဲ႔ ေနမာတို႔ ရွိေနတာက အေျပာင္းအေ႐ႊ႕လုပ္ဖို႔ လက္ေတြ႕မက်ဘူးလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴးအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး Marca ရဲ႕ မၾကာေသးမီက ေဖာ္ျပခ်က္အရ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္-နက္ဆာကို ဇန္နဝါရီမွာ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်မွာ တစ္ရာသီကို ေဒၚလာသန္း ၂၀၀ အထိ ရရွိမွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က အဲဒီ ေျပာဆိုမႈေတြအားလုံးကို ျငင္းပယ္ခဲ့ေပမယ့္လည္း ေပၚတူဂီအသင္းကို ေလးစားမႈျပသတဲ့အေနနဲ႔ ေနာက္ထပ္ေျပာင္းေ႐ႊ႕မယ့္အသင္းကို ထုတ္ေဖာ္ေျပာဆိုဖို႔ ႏႈတ္ဆိတ္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ သင့္ေတာ္တဲ့အသင္းကို ေျပာင္းေ႐ႊ႕မွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးကို ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနခဲ့ေပမယ့္လည္း အသင္းဥကၠဌ နက္ဆာ အယ္လ္-ခါလီဖီက အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ ျပင္သစ္မွာ ေနရာမရွိေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့တာျဖစ္ၿပီး မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ တိုက္စစ္အတြဲက မန္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းရဲ႕ အေျပာင္းအေ႐ႊ႕ကို ဘယ္လို အခက္ေတြ႕ေစလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔မွာရွိေနတဲ့ ကစားသမား ၃ ဦးျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ေၾကာင့္ အဲဒီအေျပာင္းအေ႐ႊ႕က အရမ္းကို ခက္ခဲပါတယ္။ ဒါေပမယ့္ သူ အေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္။ သူက ထူးျခားဆန္းၾကယ္ၿပီး အံ့အားသင့္စရာကစားသမားျဖစ္ေနဆဲပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ ၃ ဦးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သက္ဆိုင္ရာ ႏိုင္ငံအသင္းအတြက္ အသီးသီး ေျခစြမ္းျပသေနတဲ့ ကစားသမားေတြျဖစ္ၿပီး အမ္ဘာေပက သြင္းဂိုး ၅ ဂိုးနဲ႔ ကမာၻ႔ဖလားထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ထိပ္ဆုံးကေန ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

မက္ဆီကလည္း အာဂ်င္တီးနားအသင္းအတြက္ အလြန္ထက္ျမက္ေနပုံေပၚၿပီး ၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ ေနမာကေတာ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဘရာဇီးလ္ရဲ႕ အုပ္စုပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားကို အျပတ္အသတ္ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူေပးၿပီး အေကာင္းဆုံးပုံစံမွာ ရွိေနေၾကာင္း သက္ေသျပသထားတာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းရဲ႕ အေရးႀကီးတဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးမပါဝင္တဲ့ ေပၚတူဂီက ဆြစ္ဇာလန္ကို ၆-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လက္ရွိအခ်ိန္အထိ ပင္နယ္တီကေန သြင္းယူထားတဲ့ သြင္းဂိုး ၁ ဂိုးတည္းသာ ရရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.