International World Cup

ပူစီ ဝင်ရှုပ်ခဲ့တဲ့ ဗီနီးရှပ်စ်နဲ့ ဘရာဇီးလ်တို့ရဲ့ ကာတာက သတင်းစာရှင်းလင်းပွဲ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား သတင်းစာရှင်းလင်းပွဲတစ်ခုဖြစ်တဲ့ တောင်ပံတိုက်စစ်မှူး ဗီနီးရှပ်စ် ဂျူနီယာရဲ့ အလှည့်ကျခဲ့တဲ့ အခမ်းအနားမှာ ကာတာနိုင်ငံဘက်က ဘယ်လို ရောက်ရှိနေမှန်းမသိတဲ့ ပူစီလေးတစ်ကောင်ကြောင့် ရပ်တန့်သွားခဲ့ရပြီး အားလုံးအတွက်တော့ ရယ်ရွှင်မြူးတူးစရာဖြစ်ခဲ့ရပါတယ်။

ဒီပွဲကို ဗီနီးရှပ်စ်နဲ့ ဘရာဇီးလ်အသင်းရဲ့ သတင်းစာရှင်းလင်းပွဲ တာဝန်ခံ အရာရှိတို့နှစ်ဦး တက်ရောက်ခဲ့ကြတာဖြစ်ပြီး မီဒီယာတွေက မေးမြန်းတဲ့ မေးခွန်းတွေကို ရီးရဲလ်မက်ဒရစ်တောင်ပံသမားက ဖြေကြားနေတုန်းမှာပဲ စားပွဲပေါ်ကို ဘယ်က ရောက်လာမှန်း မသိတဲ့ ကြောင်ကလေးတစ်ကောင်က ခုန်တက်လာခဲ့တာပါ။

ဗီနီးရှပ်စ်ကတော့ ဒီအဖြစ်အတွက် ရယ်မောနေခဲ့ချိန်မှာ ဘရာဇီးလ် တာဝန်ခံ အရာရှိကတော့ ကြောင်လေးကို ချော့ဖမ်းခဲ့ပြီး ကြမ်းပြင်ပေါ်ကို လွှတ်ချသွားခဲ့တာကို လက်လွတ်မခံဘဲ ရိုက်ကူးခဲ့တဲ့ ဗီဒီယို Footage မှာ မြင်ရမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကတော့ ရှေ့ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။


ကြောင်ကလေးကတော့ ဗီနီးရှပ်စ်ရဲ့ မကန့်ကွက်ဘဲ ရယ်မောနေတဲ့ အပြုအမူကြောင့် သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခွင့်ရပြီထင်ပြီး ဝမ်းသာနေခဲ့ပေမယ့် သူ့ကို ချော့မော့ပွတ်သပ်ပြီးမှ ကြမ်းပေါ် ချသွားခဲ့တဲ့ မာယာများတဲ့ ဘရာဇီးလ်တာဝန်ခံရဲ့ အပြုအမူကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ဗီဒီယိုကို စောင့်ကြည့်သူတွေကတော့ သုံးသပ်ခဲ့ကြတာပါ။

ဘရာဇီးလ်အသင်းရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ရှံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လက်ရှိမှာ ဒဏ်ရာအနာတရလည်း ကင်းစင်လျက်ရှိပြီး ခရိုအေးရှားနဲ့ သောကြာနေ့ညမှာ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲထွက်ပါဝင်ဖို့ ရှိနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ က်င္းပခဲ့တဲ့ ဘရာဇီးလက္ေ႐ြးစင္အသင္းရဲ႕ ကမာၻ႔ဖလား သတင္းစာရွင္းလင္းပြဲတစ္ခုျဖစ္တဲ့ ေတာင္ပံတိုက္စစ္မႉး ဗီနီးရွပ္စ္ ဂ်ဴနီယာရဲ႕ အလွည့္က်ခဲ့တဲ့ အခမ္းအနားမွာ ကာတာႏိုင္ငံဘက္က ဘယ္လို ေရာက္ရွိေနမွန္းမသိတဲ့ ပူစီေလးတစ္ေကာင္ေၾကာင့္ ရပ္တန႔္သြားခဲ့ရၿပီး အားလုံးအတြက္ေတာ့ ရယ္႐ႊင္ျမဴးတူးစရာျဖစ္ခဲ့ရပါတယ္။

ဒီပြဲကို ဗီနီးရွပ္စ္နဲ႔ ဘရာဇီးလ္အသင္းရဲ႕ သတင္းစာရွင္းလင္းပြဲ တာဝန္ခံ အရာရွိတို႔ႏွစ္ဦး တက္ေရာက္ခဲ့ၾကတာျဖစ္ၿပီး မီဒီယာေတြက ေမးျမန္းတဲ့ ေမးခြန္းေတြကို ရီးရဲလ္မက္ဒရစ္ေတာင္ပံသမားက ေျဖၾကားေနတုန္းမွာပဲ စားပြဲေပၚကို ဘယ္က ေရာက္လာမွန္း မသိတဲ့ ေၾကာင္ကေလးတစ္ေကာင္က ခုန္တက္လာခဲ့တာပါ။

ဗီနီးရွပ္စ္ကေတာ့ ဒီအျဖစ္အတြက္ ရယ္ေမာေနခဲ့ခ်ိန္မွာ ဘရာဇီးလ္ တာဝန္ခံ အရာရွိကေတာ့ ေၾကာင္ေလးကို ေခ်ာ့ဖမ္းခဲ့ၿပီး ၾကမ္းျပင္ေပၚကို လႊတ္ခ်သြားခဲ့တာကို လက္လြတ္မခံဘဲ ႐ိုက္ကူးခဲ့တဲ့ ဗီဒီယို Footage မွာ ျမင္ရမွာျဖစ္ၿပီး သတင္းစာရွင္းလင္းပြဲကေတာ့ ေရွ႕ဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။


ေၾကာင္ကေလးကေတာ့ ဗီနီးရွပ္စ္ရဲ႕ မကန႔္ကြက္ဘဲ ရယ္ေမာေနတဲ့ အျပဳအမူေၾကာင့္ သတင္းစာရွင္းလင္းပြဲမွာ ပါဝင္ခြင့္ရၿပီထင္ၿပီး ဝမ္းသာေနခဲ့ေပမယ့္ သူ႔ကို ေခ်ာ့ေမာ့ပြတ္သပ္ၿပီးမွ ၾကမ္းေပၚ ခ်သြားခဲ့တဲ့ မာယာမ်ားတဲ့ ဘရာဇီးလ္တာဝန္ခံရဲ႕ အျပဳအမူေၾကာင့္ စိတ္ပ်က္ခဲ့ရတယ္လို႔ ဗီဒီယိုကို ေစာင့္ၾကည့္သူေတြကေတာ့ သုံးသပ္ခဲ့ၾကတာပါ။

ဘရာဇီးလ္အသင္းရဲ႕ ေနာက္ဆုံးပြဲျဖစ္တဲ့ ေတာင္ကိုရီးယားနဲ႔ ရွံးထြက္ ၁၆ သင္းအဆင့္ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ လက္ရွိမွာ ဒဏ္ရာအနာတရလည္း ကင္းစင္လ်က္ရွိၿပီး ခ႐ိုေအးရွားနဲ႔ ေသာၾကာေန႔ညမွာ ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း ပြဲထြက္ပါဝင္ဖို႔ ရွိေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.