International World Cup

လည်မလိုနဲ့ တစ်ပတ်မပြည့်ခဲ့တဲ့ စပိန်ကို လှောင်ခဲ့တဲ့ ဂျာမန်မီဒီယာများ

ဂျာမနီမီဒီယာတွေဟာ အင်္ဂါနေ့ညက ၁၆ သင်းရှုံးထွက်အဆင့်မှာ မော်ရိုကိုကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ စပိန်အသင်းကို ရက်ရက်စက်စက် လှောင်ပြောင်ခဲ့ကြပါတယ်။

စပိန်အသင်းဟာ မော်ရိုကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဆာရာဘီယာ၊ ကားလို့စ် ဆိုလာနဲ့ ဘူးစ်ကတ်တို့ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ခုက ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး လူးဝစ္စ အန်နရီကေးရဲ့အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂျပန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စု E ရဲ့ ဒုတိယအဖြစ် ရှုံးထွက်တက်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဟူဂို ဆန်းချက်ဇ်က စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းအဆင့်မှာ ဘရာဇီးလ်ကို ရှောင်လွှဲချင်တာကြောင့် တမင်သက်သက် အရှုံးခံလိုက်တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

လက်ရှိမှာတော့ စပိန်အသင်းရဲ့ မော်ရိုကို ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ဂျာမန်မီဒီယာတွေဟာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဟောင်းတွေရဲ့ ကျရှုံးမှုကို meme လုပ်ပြီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ဂျာမန်သတင်းဌာန Ran က စပိန်ရဲ့ ဂျပန်၊ မော်ရိုကို ရလဒ်နဲ့အတူ “စပိန်က မော်ရိုကို ကို လိုချင်ခဲ့တယ်။ စပိန်က မော်ရိုကို ကို ရခဲ့တယ်။ စပိန်ကို မော်ရိုကို ကပဲ ဖြုတ်ပစ်ခဲ့တယ်။ ဂျာမနီအသင်း လက်စားချေနိုင်ခဲ့ပြီ”ဆိုတဲ့စာသားကို ရေးပြီး တင်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ ဂျပန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဂျာမနီအသင်းဟာ ဂိုးကွာခြားချက်နဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပြီး ဂျာမန်တွေဟာ မဖြစ်မနေ အနိုင်ကစားရမယ့် ကော်စတာရီကာနဲ့ပွဲကို ၄-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း အပြာရောင်ဆာမူရိုင်းတွေရဲ့ မထင်မှတ်ထားတဲ့နိုင်ပွဲကြောင့် ထိုးနှက်ချက် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်ရော ဂျပန်အသင်းပါ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပြီး စပိန်အသင်းဟာ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်မှာတစ်ကြိမ်၊ ၂၀၁၈ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်တုန်းကတစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ရှုံးနိမ့်ခဲ့ဖူးတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီမီဒီယာေတြဟာ အဂၤါေန႔ညက ၁၆ သင္းရႈံးထြက္အဆင့္မွာ ေမာ္႐ိုကိုကို ရႈံးနိမ့္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ စပိန္အသင္းကို ရက္ရက္စက္စက္ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

စပိန္အသင္းဟာ ေမာ္႐ိုကိုအသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဆာရာဘီယာ၊ ကားလို႔စ္ ဆိုလာနဲ႔ ဘူးစ္ကတ္တို႔ဟာ ပင္နယ္တီ အဆုံးအျဖတ္မွာ လြဲေခ်ာ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ စပိန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ ၄ ခုက ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ၿပီျဖစ္ၿပီး လူးဝစၥ အန္နရီေကးရဲ႕အသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဂ်ပန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အုပ္စု E ရဲ႕ ဒုတိယအျဖစ္ ရႈံးထြက္တက္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးေဟာင္း ဟူဂို ဆန္းခ်က္ဇ္က စပိန္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းအဆင့္မွာ ဘရာဇီးလ္ကို ေရွာင္လႊဲခ်င္တာေၾကာင့္ တမင္သက္သက္ အရႈံးခံလိုက္တာျဖစ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

လက္ရွိမွာေတာ့ စပိန္အသင္းရဲ႕ ေမာ္႐ိုကို ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း ဂ်ာမန္မီဒီယာေတြဟာ ၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံေဟာင္းေတြရဲ႕ က်ရႈံးမႈကို meme လုပ္ၿပီး ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ၿပီး ဂ်ာမန္သတင္းဌာန Ran က စပိန္ရဲ႕ ဂ်ပန္၊ ေမာ္႐ိုကို ရလဒ္နဲ႔အတူ “စပိန္က ေမာ္႐ိုကို ကို လိုခ်င္ခဲ့တယ္။ စပိန္က ေမာ္႐ိုကို ကို ရခဲ့တယ္။ စပိန္ကို ေမာ္႐ိုကို ကပဲ ျဖဳတ္ပစ္ခဲ့တယ္။ ဂ်ာမနီအသင္း လက္စားေခ်ႏိုင္ခဲ့ၿပီ”ဆိုတဲ့စာသားကို ေရးၿပီး တင္ခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းဟာ ဂ်ပန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဂ်ာမနီအသင္းဟာ ဂိုးကြာျခားခ်က္နဲ႔ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတာျဖစ္ၿပီး ဂ်ာမန္ေတြဟာ မျဖစ္မေန အႏိုင္ကစားရမယ့္ ေကာ္စတာရီကာနဲ႔ပြဲကို ၄-၂ နဲ႔ အႏိုင္ရခဲ့ေပမယ့္လည္း အျပာေရာင္ဆာမူ႐ိုင္းေတြရဲ႕ မထင္မွတ္ထားတဲ့ႏိုင္ပြဲေၾကာင့္ ထိုးႏွက္ခ်က္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္ေရာ ဂ်ပန္အသင္းပါ ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရၿပီျဖစ္ၿပီး စပိန္အသင္းဟာ ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္မွာတစ္ႀကိမ္၊ ၂၀၁၈ ကမာၻ႔ဖလား ၁၆ သင္းရႈံးထြက္တုန္းကတစ္ႀကိမ္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ ရႈံးနိမ့္ခဲ့ဖူးတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.