International World Cup

ဒဏ်ရာရရှိခဲ့လို့ တစ်ညလုံးငိုခဲ့ရတဲ့ ဘရာဇီးလ်ကြယ်ပွင့်

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဒဏ်ရာရှိသွားခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကို လွဲချော်မှာကို ကြောက်ရွံ့ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

နေမာဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ လူစားလဲလှယ်ခြင်းခဲ့ရပြီးနောက် ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ခြေကျင်းဝတ်ဟာ ရောင်ကိုင်းနေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ခဲ့ရလို့ ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကြီးမားတဲ့ဒဏ်ရာရရှိသွားပုံပေါ်ခဲ့တဲ့နောက် ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားခရီးလမ်းဟာ အဆုံးသတ်တော့မယ်လို့ ထင်မြင်ခြင်းခံခဲ့ရပေမယ့်လည်း နေမာက လက်ရှိမှာတော့ အရိုးအကြောအဆစ်အထူးကုဆရာဝန်တွေရဲ့အကူအညီနဲ့ ပြန်လည်သက်သာလာခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တစ်ညလုံး ငိုရင်း အချိန်ကုန်ဆုံးခဲ့ရတယ်။ ဒါပေမယ့် အရာအားလုံးက အလုပ်ဖြစ်ခဲ့ပါတယ်။ လုပ်ခဲ့ရကျိုးနပ်တယ်။ အားထုတ်ခဲ့ရကျိုး နပ်ခဲ့ပါတယ်။ အဲဒီနေ့မနက်(တောင်ကိုရီးယားနဲ့ ကစားမယ့်နေ့မနက်) ၁၁ နာရီအထိ အရိုးအကြောအဆစ်အထူးကုဆရာဝန်တွေနဲ့ နေခဲ့ရပြီး နောက်နေ့တွေမှာ မနက် ၅ နာရီ၊ ၆ နာရီအထိ နေခဲ့ရတယ်”

“ကျွန်တော် ဒဏ်ရာရသွားတဲ့အချိန်မှာ ကိစ္စပေါင်းထောင်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ သံသယစိတ်၊ ကြောက်ရွံ့မှုတွေပေါ့။ ကျွန်တော့်အသင်းဖော်တွေနဲ့ မိသားစုဆီနေ အားပေးထောက်ခံမှုရရှိခဲ့တယ်။ ကျွန်တော် သတင်းစကားကောင်းတွေ၊ ကောင်းမွန်တဲ့ အင်အားတွေ ပေးတာ ခံခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို အများကြီး သက်တောင့်သက်သာရှိစေခဲ့တယ်”

“ကျွန်တော့်အတွက် ဆုတောင်းစကားပေးပို့ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ကျေးဇူးမတင်နိုင်ခဲ့ဘူး။ အခုတော့ ကမန်တော် အသင်းအနိုင်ရဖို့ အရာအားလုံးကို လုပ်သွားတော့မယ်။ ကျွန်တော် ဒီစစ်ဆင်ရေးနဲ့အတူ ဒီမှာရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ တောင်ကိုရီးယားကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်တဲ့ ကောလာဟလတွေအားလုံးကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ဆားဘီးယားနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ဒဏ္ရာရွိသြားခဲ့ၿပီးေနာက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံးကို လြဲေခ်ာ္မွာကို ေၾကာက္႐ြံ႕ခဲ့တဲ့အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ေနမာဟာ ႏိုဝင္ဘာ ၂၅ ရက္ေန႔က ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ၿပီးဆုံးခါနီးမွာ လူစားလဲလွယ္ျခင္းခဲ့ရၿပီးေနာက္ ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ေျခက်င္းဝတ္ဟာ ေရာင္ကိုင္းေနတာကို ဓာတ္ပုံထဲမွာ ျမင္ေတြ႕ခဲ့ရလို႔ ပရိသတ္ေတြ စိုးရိမ္ခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ႀကီးမားတဲ့ဒဏ္ရာရရွိသြားပုံေပၚခဲ့တဲ့ေနာက္ ဘရာဇီးလ္အသင္းနဲ႔ ကမာၻ႔ဖလားခရီးလမ္းဟာ အဆုံးသတ္ေတာ့မယ္လို႔ ထင္ျမင္ျခင္းခံခဲ့ရေပမယ့္လည္း ေနမာက လက္ရွိမွာေတာ့ အ႐ိုးအေၾကာအဆစ္အထူးကုဆရာဝန္ေတြရဲ႕အကူအညီနဲ႔ ျပန္လည္သက္သာလာခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ တစ္ညလုံး ငိုရင္း အခ်ိန္ကုန္ဆုံးခဲ့ရတယ္။ ဒါေပမယ့္ အရာအားလုံးက အလုပ္ျဖစ္ခဲ့ပါတယ္။ လုပ္ခဲ့ရက်ိဳးနပ္တယ္။ အားထုတ္ခဲ့ရက်ိဳး နပ္ခဲ့ပါတယ္။ အဲဒီေန႔မနက္(ေတာင္ကိုရီးယားနဲ႔ ကစားမယ့္ေန႔မနက္) ၁၁ နာရီအထိ အ႐ိုးအေၾကာအဆစ္အထူးကုဆရာဝန္ေတြနဲ႔ ေနခဲ့ရၿပီး ေနာက္ေန႔ေတြမွာ မနက္ ၅ နာရီ၊ ၆ နာရီအထိ ေနခဲ့ရတယ္”

“ကြၽန္ေတာ္ ဒဏ္ရာရသြားတဲ့အခ်ိန္မွာ ကိစၥေပါင္းေထာင္ေပါင္းမ်ားစြာ ျဖစ္ခဲ့တယ္။ သံသယစိတ္၊ ေၾကာက္႐ြံ႕မႈေတြေပါ့။ ကြၽန္ေတာ့္အသင္းေဖာ္ေတြနဲ႔ မိသားစုဆီေန အားေပးေထာက္ခံမႈရရွိခဲ့တယ္။ ကြၽန္ေတာ္ သတင္းစကားေကာင္းေတြ၊ ေကာင္းမြန္တဲ့ အင္အားေတြ ေပးတာ ခံခဲ့ရတယ္။ အဲဒါက ကြၽန္ေတာ့္ကို အမ်ားႀကီး သက္ေတာင့္သက္သာရွိေစခဲ့တယ္”

“ကြၽန္ေတာ့္အတြက္ ဆုေတာင္းစကားေပးပို႔ခဲ့တဲ့သူေတြကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို ေက်းဇူးမတင္ႏိုင္ခဲ့ဘူး။ အခုေတာ့ ကမန္ေတာ္ အသင္းအႏိုင္ရဖို႔ အရာအားလုံးကို လုပ္သြားေတာ့မယ္။ ကြၽန္ေတာ္ ဒီစစ္ဆင္ေရးနဲ႔အတူ ဒီမွာရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနမာဟာ ေတာင္ကိုရီးယားကို ၄-၁ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၿပီး ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ၎ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြအားလုံးကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.