International World Cup

အောင်ပွဲခံတာကို ဝေဖန်တဲ့ ရွိုင် ကီးန်ကို ပြန်သမခဲ့တဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းနည်းပြ တီတီက တနင်္လာနေ့ညက တောင်ကိုရီးယားကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ ကစားသမားတွေ အလွန်အကျူးအောင်ပွဲခံခဲ့တာကို ကာကွယ်ခဲ့ပြီး မလေးမစားပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပုံစံကောင်း ရရှိနေတဲ့ ဘရာဇီးလ်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ တောင်ကိုရီးယားကို ပထမပိုင်းမှာပဲ ၄ ဂိုးအထိ ဂိုးပြတ် အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာ၊ နေမာ၊ ရစ်ချာလီဆန်နဲ့ ပါကယ်တာတို့က ၄-၁ နဲ့ နိုင်ပွဲမှာ ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ တစ်ဂိုးချင်းစီတိုင်းကို ကကွက်တွေနဲ့ အောင်ပွဲခံခဲ့ကြပြီး ရစ်ချာလီဆန်ဆိုရင် အရန်ခုံတန်းကို ပြေးလွှားသွားပြီး အသက် ၆၁ နှစ်အရွယ်နည်းပြ တီတီနဲ့အတူ ၎င်းရဲ့ လူသိများတဲ့ခိုအကကို ကခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို ပျော်ရွှင်ဖွယ် အောင်ပွဲခံမှုကို လူတိုင်းက နှစ်သက်ခဲ့ခြင်းမရှိဘဲ အဲဒီထဲမှာ ITV ဘောလုံးဝေဖန်သူ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်လည်း အပါအဝင်ဖြစ်ခဲ့ပြီး ဘရာဇီးလ်ရဲ့ အောင်ပွဲခံဟန်ဟာ တောင်ကိုရီးယားကို မလေးမစားပြုမူတာဖြစ်သလို Strictly Come Dancing ပြိုင်ပွဲကို ကြည့်နေရတာနဲ့ ပိုတူတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားတွေသာ ကကွက်တွေ သင်ပေးခဲ့ရင် ကိုယ်တိုင် ဝင်ကမယ်လို့ ကတိပေးခဲ့တဲ့ ဘရာဇီးလ်နည်းပြ တီတီက ကစားသမားတွေကို မကဖို့ ပြောဆိုသွားမှာမဟုတ်ဘဲ အဲဒါက ၎င်းရဲ့ လူငယ်ကစားသမားတွေအတွက် ကိုယ့်ကိုကိုယ် လွတ်လပ်စွာ ထုတ်ဖော်ဖို့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းကို ဂရုစိုက်ရပါတယ်။ ဒါက မလေးမစားပြုမူတာလို့ပြောမယ့် စိတ်ကောင်းမရှိတဲ့သူတွေကလည်း ရှိနေပါတယ်။ သွင်းဂိုးအတွက် ပျော်ရွှင်မှု၊ အသင်းအတွက် ပျော်ရွှင်မှုနဲ့ စွမ်းဆောင်ရည်အတွက် ပျော်ရွှင်မှုထက်ပိုတဲ့ တခြားအဓိပ္ပာယ်မျိုး မရှိပါဘူး။ ပြိုင်ဘက်တွေကိုရော ကျွန်တော် အများကြီး လေးစားရတဲ့ ပေါ်လို ဘန်တိုအပေါ်မှာပါ မလေးမစားပြုမူခဲ့တာမျိုးမရှိခဲ့ပါဘူး။ ကျွန်တော်တို့က ကစားသမားတွေရဲ့ အကျင့်စရိုက်နဲ့ အသားကျအောင် ကြိုးပမ်းနေတာပါ။ သူတို့တွေက အရမ်းငယ်ရွယ်သေးပြီး သူတို့ရဲ့ ဘာသာစကားအတိုင်း နည်းနည်း အသားကျအောင် ကျွန်တော် ကြိုးစားနေတာပါ။ သူတို့ရဲ့ဘာသာစကားက ကခုန်ခြင်းပါ”လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့် လူးကပ်စ် ပါကယ်တာကလည်း တောင်ကိုရီးယားကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တောင်ကိုရီးယားကို မလေးစားပြုလုပ်ခဲ့တယ်ဆိုပြီး မပျော်မရွှင်ဖြစ်ခဲ့တဲ့ ရွိုင် ကီးန်ရဲ့စွပ်စွဲမှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ဘရာဇီးလ်က ဆက်လက်ပြီး သွင်းဂိုးတွေကို အောင်ပွဲခံသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကခုန်ခြင်းက ဂိုးသွင်းယူပြီးနောက် ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့အရာပါ။ ကျွန်တော်တို့ အဲဒါကို ဘယ်သူ့ကိုမှ မလေးမစားလုပ်ဖို့အတွက် လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေရှေ့မှာ မကပါဘူး။ ကျွန်တော်တို့အားလုံး အောင်ပွဲခံဖို့အတူတူစုစည်းကြတယ်။ သူတို့တွေ အဲဒါကို မကြိုက်ရင်လည်း ဘာမှ ပြောစရာများများစားစားမရှိပါဘူး။ ကျွန်တော်တို့ ဂိုးတွေ ဆက်သွင်းယူသွားမှာဖြစ်ပြီး ဆက်လည်း ကသွားမှာပါ။ ဒီအစုအဖွဲ့က ဂိုးသွင်းယူရတာ၊ နိုင်ပွဲတွေနဲ့ သွင်းဂိုးတွေ ရရှိတာကို ပျော်ရွှင်တဲ့အဖွဲ့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းနည္းျပ တီတီက တနလၤာေန႔ညက ေတာင္ကိုရီးယားကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၎ရဲ႕ ကစားသမားေတြ အလြန္အက်ဴးေအာင္ပြဲခံခဲ့တာကို ကာကြယ္ခဲ့ၿပီး မေလးမစားျပဳလုပ္ခဲ့တာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ပုံစံေကာင္း ရရွိေနတဲ့ ဘရာဇီးလ္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတာင္ကိုရီးယားကို ပထမပိုင္းမွာပဲ ၄ ဂိုးအထိ ဂိုးျပတ္ အႏိုင္ယူထားႏိုင္ခဲ့တာျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ေနမာ၊ ရစ္ခ်ာလီဆန္နဲ႔ ပါကယ္တာတို႔က ၄-၁ နဲ႔ ႏိုင္ပြဲမွာ ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းရဲ႕ တစ္ဂိုးခ်င္းစီတိုင္းကို ကကြက္ေတြနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး ရစ္ခ်ာလီဆန္ဆိုရင္ အရန္ခုံတန္းကို ေျပးလႊားသြားၿပီး အသက္ ၆၁ ႏွစ္အ႐ြယ္နည္းျပ တီတီနဲ႔အတူ ၎ရဲ႕ လူသိမ်ားတဲ့ခိုအကကို ကခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီလို ေပ်ာ္႐ႊင္ဖြယ္ ေအာင္ပြဲခံမႈကို လူတိုင္းက ႏွစ္သက္ခဲ့ျခင္းမရွိဘဲ အဲဒီထဲမွာ ITV ေဘာလုံးေဝဖန္သူ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္လည္း အပါအဝင္ျဖစ္ခဲ့ၿပီး ဘရာဇီးလ္ရဲ႕ ေအာင္ပြဲခံဟန္ဟာ ေတာင္ကိုရီးယားကို မေလးမစားျပဳမူတာျဖစ္သလို Strictly Come Dancing ၿပိဳင္ပြဲကို ၾကည့္ေနရတာနဲ႔ ပိုတူတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကစားသမားေတြသာ ကကြက္ေတြ သင္ေပးခဲ့ရင္ ကိုယ္တိုင္ ဝင္ကမယ္လို႔ ကတိေပးခဲ့တဲ့ ဘရာဇီးလ္နည္းျပ တီတီက ကစားသမားေတြကို မကဖို႔ ေျပာဆိုသြားမွာမဟုတ္ဘဲ အဲဒါက ၎ရဲ႕ လူငယ္ကစားသမားေတြအတြက္ ကိုယ့္ကိုကိုယ္ လြတ္လပ္စြာ ထုတ္ေဖာ္ဖို႔ အဓိပၸာယ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အရမ္းကို ဂ႐ုစိုက္ရပါတယ္။ ဒါက မေလးမစားျပဳမူတာလို႔ေျပာမယ့္ စိတ္ေကာင္းမရွိတဲ့သူေတြကလည္း ရွိေနပါတယ္။ သြင္းဂိုးအတြက္ ေပ်ာ္႐ႊင္မႈ၊ အသင္းအတြက္ ေပ်ာ္႐ႊင္မႈနဲ႔ စြမ္းေဆာင္ရည္အတြက္ ေပ်ာ္႐ႊင္မႈထက္ပိုတဲ့ တျခားအဓိပၸာယ္မ်ိဳး မရွိပါဘူး။ ၿပိဳင္ဘက္ေတြကိုေရာ ကြၽန္ေတာ္ အမ်ားႀကီး ေလးစားရတဲ့ ေပၚလို ဘန္တိုအေပၚမွာပါ မေလးမစားျပဳမူခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔က ကစားသမားေတြရဲ႕ အက်င့္စ႐ိုက္နဲ႔ အသားက်ေအာင္ ႀကိဳးပမ္းေနတာပါ။ သူတို႔ေတြက အရမ္းငယ္႐ြယ္ေသးၿပီး သူတို႔ရဲ႕ ဘာသာစကားအတိုင္း နည္းနည္း အသားက်ေအာင္ ကြၽန္ေတာ္ ႀကိဳးစားေနတာပါ။ သူတို႔ရဲ႕ဘာသာစကားက ကခုန္ျခင္းပါ”လို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ လူးကပ္စ္ ပါကယ္တာကလည္း ေတာင္ကိုရီးယားကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေတာင္ကိုရီးယားကို မေလးစားျပဳလုပ္ခဲ့တယ္ဆိုၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တဲ့ ႐ြိဳင္ ကီးန္ရဲ႕စြပ္စြဲမႈကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဘရာဇီးလ္က ဆက္လက္ၿပီး သြင္းဂိုးေတြကို ေအာင္ပြဲခံသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကခုန္ျခင္းက ဂိုးသြင္းယူၿပီးေနာက္ ကြၽန္ေတာ္တို႔ရဲ႕ ေပ်ာ္႐ႊင္မႈကို ကိုယ္စားျပဳတဲ့အရာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို ဘယ္သူ႔ကိုမွ မေလးမစားလုပ္ဖို႔အတြက္ လုပ္ေနတာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ဘက္ေတြေရွ႕မွာ မကပါဘူး။ ကြၽန္ေတာ္တို႔အားလုံး ေအာင္ပြဲခံဖို႔အတူတူစုစည္းၾကတယ္။ သူတို႔ေတြ အဲဒါကို မႀကိဳက္ရင္လည္း ဘာမွ ေျပာစရာမ်ားမ်ားစားစားမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဂိုးေတြ ဆက္သြင္းယူသြားမွာျဖစ္ၿပီး ဆက္လည္း ကသြားမွာပါ။ ဒီအစုအဖြဲ႕က ဂိုးသြင္းယူရတာ၊ ႏိုင္ပြဲေတြနဲ႔ သြင္းဂိုးေတြ ရရွိတာကို ေပ်ာ္႐ႊင္တဲ့အဖြဲ႕ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.