International World Cup

ရော်နယ်လ်ဒိုနဲ့မက်ဆီတို့အဆင့်ကို ဘယ်သူမှမရောက်နိုင်ဘူးလို့ ပြောလိုက်တဲ့ ဂျေဆူးစ်

ဖီနာဘာချီနည်းပြ ဂျော့ဂျ် ဂျေဆူးစ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ သူမတူတဲ့ ခံယူချက်မျိုးရှိကြပြီး အဲဒါက အားလုံးရဲ့ အရှေ့ကို ရောက်ရှိစေခဲ့တာလို့ ယုံကြည်နေပါတယ်။

ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရတဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကစားသမားဘဝ ဆယ်စုနှစ် ၂ ခုနီးပါးကြာတဲ့အထိ မယုံနိုင်ဖွယ် အောင်မြင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ကွင်းအတွင်းက အောင်မြင်မှုတွေက ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ အငြင်းပွားမှုတွေကို မြင့်တက်စေခဲ့တာဖြစ်ပြီး ကစားသမား ၂ ဦးစလုံးဟာ ၎င်းတို့နဲ့ ရွယ်တူတန်းတူကစားသမားတွေအားလုံးထက် သာလွန်တဲ့အဆင့်အတန်းမှာရှိနေခဲ့ကြတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၃၇ နှစ်၊ လီယွန်နယ် မက်ဆီက ၃၅ နှစ် ရှိနေပြီဖြစ်တာကြောင့် ကစားသမားဘဝ နေဝင်ချိန်ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ပေါ်တူဂီနဲ့ အာဂျင်တီးနားဂန္တဝင် ၂ ဦးဟာ သက်ဆိုင်ရာအသင်းတွေကို ရှေ့တန်းကနေ ဦးဆောင်နေဆဲဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ ကစားသမားတွေဖြစ်ပြီး ဖီနာဘာချီအသင်းနည်းပြ ဂျော့ဂျ် ဂျေဆူးစ်က ဒီကစားသမား ၂ ဦးစလုံးဟာ သူတို့ရဲ့ စိတ်ပျော်ရွှင်မှုထက် ဘောလုံးကို အမြဲတမ်း ရှေ့တန်းတင်ခဲ့တဲ့အတွက် သူမတူအောင် ထူးခြားတဲ့အဆင့်အတန်းတစ်ခုအထိ ရောက်ရှိခဲ့ကြတာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

“ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က အရင်တုန်းကနဲ့ မတူညီတော့ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ထိပ်တန်းအဆင့်နားနီးနီးရှိနေတဲ့ ကစားသမားတွေတောင် သူတို့ ၂ ယောက်နဲ့ တော်တော်ကြီး အလှမ်းကွာဝေးနေပါသေးတယ်။ ရော်နယ်လ်ဒိုက ၃၇ နှစ်ရှိပါတယ်။ ငွေရေးကြေးရေးအရဆိုရင် သူ ဘောလုံးကန်နေစရာကို မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးက သူ့ကို အရာအားလုံး ပေးခဲ့ပြီးသားမို့လို့ပါ။ ဒါပေမယ့်လည်း သူ့ရဲ့ အစောပိုင်းနေ့တွေတုန်းကအတိုင်းပဲ ပြင်းထန်တဲ့ ရူးသွပ်မှု၊ အောင်မြင်ချင်တဲ့ဆန္ဒတွေနဲ့အတူ ကစားနေတုန်းပါပဲ။ ထိပ်တန်းအဆင့်အထိ ရောက်ရှိနိုင်တဲ့ တခြားကစားသမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ဘယ်တော့မှ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့အဆင့်အထိ ရောက်မှာမဟုတ်ပါဘူး”

“ဘာလို့လဲဆိုတော့ သူတို့မှာ ဘောလုံးကစားရလို့ စိတ်ပျော်ရွှင်ရတာရဲ့အပြင် တခြား စိတ်ပျော်ရွှင်စရာတွေ ရှိနေလို့ပါ။ သူတို့ ၂ ယောက်ကျတော့ အမြဲတမ်း တကိုယ်ရည်စိတ်ပျော်ရွှင်မှုထက် ဘောလုံးကိုပဲ ရှေ့တန်းတင်ကြတယ်။ ရော်နယ်လ်ဒိုနဲ့ မက်ဆီအတွက် ဘောလုံးက စိတ်အားထက်သန်မှုနဲ့ စိတ်ပျော်ရွှင်မှုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီနာဘာခ်ီနည္းျပ ေဂ်ာ့ဂ်္ ေဂ်ဆူးစ္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ သူမတူတဲ့ ခံယူခ်က္မ်ိဳးရွိၾကၿပီး အဲဒါက အားလုံးရဲ႕ အေရွ႕ကို ေရာက္ရွိေစခဲ့တာလို႔ ယုံၾကည္ေနပါတယ္။

ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးလို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရတဲ့ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ ကစားသမားဘဝ ဆယ္စုႏွစ္ ၂ ခုနီးပါးၾကာတဲ့အထိ မယုံႏိုင္ဖြယ္ ေအာင္ျမင္မႈေတြကို ရရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ကြင္းအတြင္းက ေအာင္ျမင္မႈေတြက ဘယ္သူက ပိုမိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတဲ့ အျငင္းပြားမႈေတြကို ျမင့္တက္ေစခဲ့တာျဖစ္ၿပီး ကစားသမား ၂ ဦးစလုံးဟာ ၎တို႔နဲ႔ ႐ြယ္တူတန္းတူကစားသမားေတြအားလုံးထက္ သာလြန္တဲ့အဆင့္အတန္းမွာရွိေနခဲ့ၾကတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၃၇ ႏွစ္၊ လီယြန္နယ္ မက္ဆီက ၃၅ ႏွစ္ ရွိေနၿပီျဖစ္တာေၾကာင့္ ကစားသမားဘဝ ေနဝင္ခ်ိန္ေရာက္ရွိေနၿပီျဖစ္ေပမယ့္လည္း ေပၚတူဂီနဲ႔ အာဂ်င္တီးနားဂႏၲဝင္ ၂ ဦးဟာ သက္ဆိုင္ရာအသင္းေတြကို ေရွ႕တန္းကေန ဦးေဆာင္ေနဆဲျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ လက္ရွိ က်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အားလုံးရဲ႕ အာ႐ုံစိုက္ျခင္းကို ခံေနရတဲ့ ကစားသမားေတြျဖစ္ၿပီး ဖီနာဘာခ်ီအသင္းနည္းျပ ေဂ်ာ့ဂ်္ ေဂ်ဆူးစ္က ဒီကစားသမား ၂ ဦးစလုံးဟာ သူတို႔ရဲ႕ စိတ္ေပ်ာ္႐ႊင္မႈထက္ ေဘာလုံးကို အၿမဲတမ္း ေရွ႕တန္းတင္ခဲ့တဲ့အတြက္ သူမတူေအာင္ ထူးျခားတဲ့အဆင့္အတန္းတစ္ခုအထိ ေရာက္ရွိခဲ့ၾကတာျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

“ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔က အရင္တုန္းကနဲ႔ မတူညီေတာ့ဘူးဆိုတာ မွန္ပါတယ္။ ဒါေပမယ့္လည္း ကမာၻ႔ထိပ္တန္းအဆင့္နားနီးနီးရွိေနတဲ့ ကစားသမားေတြေတာင္ သူတို႔ ၂ ေယာက္နဲ႔ ေတာ္ေတာ္ႀကီး အလွမ္းကြာေဝးေနပါေသးတယ္။ ေရာ္နယ္လ္ဒိုက ၃၇ ႏွစ္ရွိပါတယ္။ ေငြေရးေၾကးေရးအရဆိုရင္ သူ ေဘာလုံးကန္ေနစရာကို မလိုေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးက သူ႔ကို အရာအားလုံး ေပးခဲ့ၿပီးသားမို႔လို႔ပါ။ ဒါေပမယ့္လည္း သူ႔ရဲ႕ အေစာပိုင္းေန႔ေတြတုန္းကအတိုင္းပဲ ျပင္းထန္တဲ့ ႐ူးသြပ္မႈ၊ ေအာင္ျမင္ခ်င္တဲ့ဆႏၵေတြနဲ႔အတူ ကစားေနတုန္းပါပဲ။ ထိပ္တန္းအဆင့္အထိ ေရာက္ရွိႏိုင္တဲ့ တျခားကစားသမားေတြလည္း ရွိပါတယ္။ ဒါေပမယ့္ သူတို႔က ဘယ္ေတာ့မွ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔အဆင့္အထိ ေရာက္မွာမဟုတ္ပါဘူး”

“ဘာလို႔လဲဆိုေတာ့ သူတို႔မွာ ေဘာလုံးကစားရလို႔ စိတ္ေပ်ာ္႐ႊင္ရတာရဲ႕အျပင္ တျခား စိတ္ေပ်ာ္႐ႊင္စရာေတြ ရွိေနလို႔ပါ။ သူတို႔ ၂ ေယာက္က်ေတာ့ အၿမဲတမ္း တကိုယ္ရည္စိတ္ေပ်ာ္႐ႊင္မႈထက္ ေဘာလုံးကိုပဲ ေရွ႕တန္းတင္ၾကတယ္။ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီအတြက္ ေဘာလုံးက စိတ္အားထက္သန္မႈနဲ႔ စိတ္ေပ်ာ္႐ႊင္မႈပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.