International World Cup

၂၀၁၈ ကမ္ဘာ့ဖလားက ကိုယ့်စံချိန်ကို ကိုယ်ပြန်ချိုးခဲ့တဲ့ ဘရိုဇိုဗစ်

မာဆယ်လို ဘရိုဇိုဗစ်ဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာ့ဖလားစံချိန်တစ်ခုနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီစံချိန်ကို တနင်္လာနေ့ညမှာ ကိုယ့်ဘာသာ ပြန်ချိုးဖျက်နိုင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ ဂျပန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်ကို အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာဖလားတုန်းကလည်း ခရိုအေးရှားအသင်းဟာ မိနစ် ၉၀ အတွင်း ဘယ်လို ရှုံးထွက်အဆင့်ပွဲစဉ်မျိုးမှာမှ အနိုင်မကစားနိုင်ခဲ့ဘဲ အချိန်ပို ဆက်ကစားဖို့ လိုအပ်ခဲ့ပြီး ပင်နယ်တီကနေတဆင့် နောက်တဆင့်တက်ခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ ပင်နယ်တီကန်သွင်းတာ အရမ်းကောင်းမွန်ခဲ့တာတော့မဟုတ်ဘဲ ဂျပန်အသင်းက ပင်နယ်တီ ကန်သွင်းရာမှာ ညံ့ဖျင်းခဲ့တာဖြစ်ပြီး ၄ ကြိမ် ကန်သွင်းရာမှာ ၃ ကြိမ်အထိ ကာကွယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဘက်ကလည်း ပင်နယ်တီဝင်အောင် ကန်သွင်းယူဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ပင်နယ်တီ ကန်သွင်းသူတွေထဲမှာ အင်တာမီလန်ကွင်းလယ်ကြယ်ပွင့် ဘရိုဇိုဗစ်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၄ နှစ်က ရုရှားမှာ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းနိုင်ခဲ့မှုမှာ အဓိကကျခဲ့သူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် ဒါလစ်ရဲ့အသင်းအတွက် အလွန်အရေးပါခဲ့ပြန်တာဖြစ်ပါတယ်။ ဘရိုဇိုဗစ်ဟာ အဲဒါကို ဂျပန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရေးထိုးခဲ့ပြီးသား ကမ္ဘာ့ဖလားစံချိန်ကို ကိုယ်တိုင် ရိုက်ချိုးပြပြီး သက်သေပြသခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ခွဲက ရုရှားမှာ ဘရိုဇိုဗစ်ဟာ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁၆.၃ ကီလိုမီတာအထိ ပြေးလွှားခဲ့ပြီး Statman Dave ရဲ့ ပြောကြားချက်အရ တနင်္လာနေ့မှာ အဲဒီအကွာအဝေးထက်တောင် ပိုမို ပြေးလွှားခဲ့တယ်လို့ သိရပါတယ်။ ခရိုအေးရှား ကွင်းလယ်ကြယ်ပွင့်ဟာ မိနစ် ၁၂၀ အတွင်း ၁၆.၇ ကီလိုမီတာအထိ ကာဗာလုပ်ပေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းက ဘယ်လိုကစားသမားမျိုးထက်မဆို ပိုမို များပြားတဲ့ ပမာဏဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ပွဲစဉ်ရော တနင်္လာနေ့ည ဂျပန်အသင်းနဲ့ပွဲစဉ်မှာပါ အချိန်ပိုအထိ ဆက်ကစားခဲ့ရတာလည်း ဘရိုဇိုဗစ်ကို အဲဒီစံချိန်ရရှိအောင် အကူအညီ ဖြစ်စေခဲ့တာဖြစ်ပေမယ့်လည်း အခြားပွဲစဉ်တွေလည်း အချိန်ပိုထိ ဆက်ကစားခဲ့ရပေမယ့်လည်း ခရိုအေးရှားကြယ်ပွင့်လောက် အကွာအဝေးအထိ ဘယ်ကစားသမားမှ ပြေးလွှားနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မာဆယ္လို ဘ႐ိုဇိုဗစ္ဟာ ယခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ကမာၻ႔ဖလားစံခ်ိန္တစ္ခုနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အဲဒီစံခ်ိန္ကို တနလၤာေန႔ညမွာ ကိုယ့္ဘာသာ ျပန္ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ဂ်ပန္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲ ၂ ႀကိမ္ကို အနည္းဆုံး ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ကမာၻဖလားတုန္းကလည္း ခ႐ိုေအးရွားအသင္းဟာ မိနစ္ ၉၀ အတြင္း ဘယ္လို ရႈံးထြက္အဆင့္ပြဲစဥ္မ်ိဳးမွာမွ အႏိုင္မကစားႏိုင္ခဲ့ဘဲ အခ်ိန္ပို ဆက္ကစားဖို႔ လိုအပ္ခဲ့ၿပီး ပင္နယ္တီကေနတဆင့္ ေနာက္တဆင့္တက္ခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ပင္နယ္တီကန္သြင္းတာ အရမ္းေကာင္းမြန္ခဲ့တာေတာ့မဟုတ္ဘဲ ဂ်ပန္အသင္းက ပင္နယ္တီ ကန္သြင္းရာမွာ ညံ့ဖ်င္းခဲ့တာျဖစ္ၿပီး ၄ ႀကိမ္ ကန္သြင္းရာမွာ ၃ ႀကိမ္အထိ ကာကြယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ခ႐ိုေအးရွားအသင္းဘက္ကလည္း ပင္နယ္တီဝင္ေအာင္ ကန္သြင္းယူဖို႔ လိုအပ္ခဲ့တာျဖစ္ၿပီး ပင္နယ္တီ ကန္သြင္းသူေတြထဲမွာ အင္တာမီလန္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ိုဇိုဗစ္လည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ ကစားသမားဟာ လြန္ခဲ့တဲ့ ၄ ႏွစ္က ႐ုရွားမွာ ဗိုလ္လုပြဲအဆင့္အထိ တက္လွမ္းႏိုင္ခဲ့မႈမွာ အဓိကက်ခဲ့သူျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဒါလစ္ရဲ႕အသင္းအတြက္ အလြန္အေရးပါခဲ့ျပန္တာျဖစ္ပါတယ္။ ဘ႐ိုဇိုဗစ္ဟာ အဲဒါကို ဂ်ပန္အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေရးထိုးခဲ့ၿပီးသား ကမာၻ႔ဖလားစံခ်ိန္ကို ကိုယ္တိုင္ ႐ိုက္ခ်ိဳးျပၿပီး သက္ေသျပသခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္ခြဲက ႐ုရွားမွာ ဘ႐ိုဇိုဗစ္ဟာ အဂၤလန္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ၁၆.၃ ကီလိုမီတာအထိ ေျပးလႊားခဲ့ၿပီး Statman Dave ရဲ႕ ေျပာၾကားခ်က္အရ တနလၤာေန႔မွာ အဲဒီအကြာအေဝးထက္ေတာင္ ပိုမို ေျပးလႊားခဲ့တယ္လို႔ သိရပါတယ္။ ခ႐ိုေအးရွား ကြင္းလယ္ၾကယ္ပြင့္ဟာ မိနစ္ ၁၂၀ အတြင္း ၁၆.၇ ကီလိုမီတာအထိ ကာဗာလုပ္ေပးခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားသမိုင္းက ဘယ္လိုကစားသမားမ်ိဳးထက္မဆို ပိုမို မ်ားျပားတဲ့ ပမာဏျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္နဲ႔ပြဲစဥ္ေရာ တနလၤာေန႔ည ဂ်ပန္အသင္းနဲ႔ပြဲစဥ္မွာပါ အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာလည္း ဘ႐ိုဇိုဗစ္ကို အဲဒီစံခ်ိန္ရရွိေအာင္ အကူအညီ ျဖစ္ေစခဲ့တာျဖစ္ေပမယ့္လည္း အျခားပြဲစဥ္ေတြလည္း အခ်ိန္ပိုထိ ဆက္ကစားခဲ့ရေပမယ့္လည္း ခ႐ိုေအးရွားၾကယ္ပြင့္ေလာက္ အကြာအေဝးအထိ ဘယ္ကစားသမားမွ ေျပးလႊားႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.