International World Cup

အင်္ဂလန်ဗိုလ်စွဲမယ်လို့ ထောက်ခံခဲ့ပေမယ့် တားဆီးနိုင်တဲ့တစ်သင်းကို ပြောပြခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုတ်တက်ဂန္တဝင် ရီယို ဖာဒီနန်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းက အနိုင်ရဗိုလ်စွဲလိမ့်မယ်လို့ ထောက်ခံခဲ့ပြီး ဘရာဇီးလ်အသင်းတစ်သင်းတည်းကသာ ဆောက်ဂိတ်ရဲ့အသင်းကို ရပ်တန့်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနေခဲ့တာဖြစ်ပြီး အုပ်စု B ၃ ပွဲကနေ ၇ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်မှာလည်း အာဖရိကချန်ပီယံတွေဖြစ်တဲ့ ဆီနီဂါကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ပြီး ဟန်ဒါဆန်၊ ဟာရီ ကိန်းနဲ့ ဆာကာတို့က အင်္ဂလန်ကို ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်စေမယ့် ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ ပြင်သစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပေမယ့်လည်း ဖာဒီနန်က လက်ရှိ ကမ္ဘာ့ချန်ပီယံတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘဲ အင်္ဂလန်ဟာ အမ်ဘာပေကိုသာ ထိန်းနိုင်ရင် နောက်တဆင့်ကို တက်ရောက်သွားနိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ကျွန်တော် အင်္ဂလန်ပွဲမတိုင်ခင် ပြင်သစ်ကစားတာကို ကြည့်ခဲ့ပြီး သူတို့ကို ကျွန်တော့်ရဲ့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းလို့ သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် သူတို့မှာ ပထမအသင်းကစားသမား ၅ ဦးအထိ ပျောက်ဆုံးနေတာကြောင့် အားနည်းတဲ့ ပြင်သစ်အသင်းဖြစ်နေပါတယ်”

“အဲဒီပွဲကို ကျွန်တော် ကြည့်ခဲ့ရလို့ ပြင်သစ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ကြောက်ရွံ့မှုက လုံးဝ မရှိပါဘူး။ ကြောက်စရာဆိုလို့ ခီလီယန် အမ်ဘာပေပဲ ရှိပါတယ်။ မနေ့က သူတို့ ကျွန်တော့်ကို ဘာမှ မပြသခဲ့ပါဘူး။ သူတို့တွေက တစ်ဦးချင်းကောင်းမွန်မှုအပေါ်မှာပဲ အားထားနေရတာပါ။ အင်္ဂလန်သာ အမ်ဘာပေကို ထိန်းသိမ်းနိုင်ရင် ပြင်သစ်နဲ့ပွဲမှာ ဘာပြဿနာမှမရှိတော့ဘူးလို့ မြင်ပါတယ်။ ဒါနဲ့စကားမစပ် အင်္ဂလန်က အာဖရိကချန်ပီယံတွေနဲ့ ကစားခဲ့တာပါ။ အင်္ဂလန်က ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာ ၁၀၀ ရာခိုင်နှုန်းပါပဲ။ အင်္ဂလန်က ကမ္ဘာ့ဖလားရသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

ဖာဒီနန်က ပြီးတဲ့နောက်မှာ ကမ္ဘာ့ဖလား ၅ ကြိမ်ချန်ပီယံ ဘရာဇီးလ်အကြောင်း ပြောကြားခဲ့ပြီး တောင်အမေရိကအသင်းဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို ကွဲကြေစေမယ့် ကစားသမားတွေ ရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အင်္ဂလန်နဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့အသင်းဆိုလို့ ဘရာဇီးလ်အသင်းပဲ ရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့မှာ အဲဒီလို လုပ်နိုင်ဖို့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဗီဇရှိပါတယ် သူတို့တွေမှာ မာကျောတဲ့ ဥရောပကစားသမားတွေ ရှိပါတယ်။ တခြားအသင်းတွေထဲမှာ နေရာတိုင်းမှာ အားနည်းချက်တွေ မြင်တွေ့ခဲ့ပြီး အင်္ဂလန်က တခြားအသင်းတွေကို ရုပ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးနိုင်တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုတ္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းက အႏိုင္ရဗိုလ္စြဲလိမ့္မယ္လို႔ ေထာက္ခံခဲ့ၿပီး ဘရာဇီးလ္အသင္းတစ္သင္းတည္းကသာ ေဆာက္ဂိတ္ရဲ႕အသင္းကို ရပ္တန႔္ႏိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသေနခဲ့တာျဖစ္ၿပီး အုပ္စု B ၃ ပြဲကေန ၇ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၁၆ သင္းရႈံးထြက္အဆင့္မွာလည္း အာဖရိကခ်န္ပီယံေတြျဖစ္တဲ့ ဆီနီဂါကို ၃-၀ နဲ႔ အျပတ္အသတ္ အႏိုင္ယူႏိုင္ခဲ့ၿပီး ဟန္ဒါဆန္၊ ဟာရီ ကိန္းနဲ႔ ဆာကာတို႔က အဂၤလန္ကို ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္ေစမယ့္ ဂိုးေတြသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဂၤလန္အသင္းဟာ ျပင္သစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ေပမယ့္လည္း ဖာဒီနန္က လက္ရွိ ကမာၻ႔ခ်န္ပီယံေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈမရွိဘဲ အဂၤလန္ဟာ အမ္ဘာေပကိုသာ ထိန္းႏိုင္ရင္ ေနာက္တဆင့္ကို တက္ေရာက္သြားႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဂၤလန္ပြဲမတိုင္ခင္ ျပင္သစ္ကစားတာကို ၾကည့္ခဲ့ၿပီး သူတို႔ကို ကြၽန္ေတာ့္ရဲ႕ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းလို႔ သတ္မွတ္ခဲ့တယ္။ ဒါေပမယ့္ သူတို႔မွာ ပထမအသင္းကစားသမား ၅ ဦးအထိ ေပ်ာက္ဆုံးေနတာေၾကာင့္ အားနည္းတဲ့ ျပင္သစ္အသင္းျဖစ္ေနပါတယ္”

“အဲဒီပြဲကို ကြၽန္ေတာ္ ၾကည့္ခဲ့ရလို႔ ျပင္သစ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ေၾကာက္႐ြံ႕မႈက လုံးဝ မရွိပါဘူး။ ေၾကာက္စရာဆိုလို႔ ခီလီယန္ အမ္ဘာေပပဲ ရွိပါတယ္။ မေန႔က သူတို႔ ကြၽန္ေတာ့္ကို ဘာမွ မျပသခဲ့ပါဘူး။ သူတို႔ေတြက တစ္ဦးခ်င္းေကာင္းမြန္မႈအေပၚမွာပဲ အားထားေနရတာပါ။ အဂၤလန္သာ အမ္ဘာေပကို ထိန္းသိမ္းႏိုင္ရင္ ျပင္သစ္နဲ႔ပြဲမွာ ဘာျပႆနာမွမရွိေတာ့ဘူးလို႔ ျမင္ပါတယ္။ ဒါနဲ႔စကားမစပ္ အဂၤလန္က အာဖရိကခ်န္ပီယံေတြနဲ႔ ကစားခဲ့တာပါ။ အဂၤလန္က ပိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာ ၁၀၀ ရာခိုင္ႏႈန္းပါပဲ။ အဂၤလန္က ကမာၻ႔ဖလားရသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

ဖာဒီနန္က ၿပီးတဲ့ေနာက္မွာ ကမာၻ႔ဖလား ၅ ႀကိမ္ခ်န္ပီယံ ဘရာဇီးလ္အေၾကာင္း ေျပာၾကားခဲ့ၿပီး ေတာင္အေမရိကအသင္းဟာ အဂၤလန္ရဲ႕ ကမာၻ႔ဖလားအိပ္မက္ကို ကြဲေၾကေစမယ့္ ကစားသမားေတြ ရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဂၤလန္နဲ႔ ထိပ္တိုက္ရင္ဆိုင္ႏိုင္တဲ့အသင္းဆိုလို႔ ဘရာဇီးလ္အသင္းပဲ ရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔မွာ အဲဒီလို လုပ္ႏိုင္ဖို႔ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ဗီဇရွိပါတယ္ သူတို႔ေတြမွာ မာေက်ာတဲ့ ဥေရာပကစားသမားေတြ ရွိပါတယ္။ တျခားအသင္းေတြထဲမွာ ေနရာတိုင္းမွာ အားနည္းခ်က္ေတြ ျမင္ေတြ႕ခဲ့ၿပီး အဂၤလန္က တျခားအသင္းေတြကို ႐ုပ္ပိုင္းဆိုင္ရာအရ လႊမ္းမိုးႏိုင္တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.